အာကာသမှကမ္ဘာမြေသို့ အင်တာနက်တိုက်ရိုက်လွှင့်နိုင်ရေး Apple စတင်

Image Source: https://www.universetoday.com

လက်ရှိမှာလူတွေအသုံးပြုနေကြတဲ့ အင်တာနက်လိုင်းတွေဆိုတာ သက်ဆိုင်ရာဒေသအသီးသီးရှိ တာ၀ါ တိုင်ကဲ့သို့ ဆက်သွယ်ရေးဆိုင်ရာ အဆောက်အဦများမှတဆင့် ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။ သို့သော်လည်းအချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လူတွေဟာတီထွင်ဆန်းသစ်မှုတွေကို အမြဲတမ်းကြိုးစားလုပ်ဆောင်နေကြသလို နည်းပညာကုမ္ပီဏီကြီးတစ်ခုဖြစ်တဲ့ Apple ကလည်း သာမန်ထက်တစ်မူထူးခြားပြီး အင်တာနက်ထုတ်လွှင့်ပေးနိုင်ဖို့ စတင်စီစဥ်နေပါပြီ။ ဒါကတော့ အင်တာနက်လိုင်းတွေကို ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ အခြေခံအဆောက်အဦတွေကတစ်ဆင့်မဟုတ်ဘဲ အာကာသထဲကနေပြီး ဂြိုလ်တုကတဆင့် ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်ထုတ်လွင့်ပေးနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဆိုတဲ့အကြောင်းနဲ့ပက်သက်လို့ ဒီလင့်ခ်  ထဲကဖော်ပြချက်တွေကို အောက်မှာဆက်လက်ပြီး ပြန်လည်မျှေ၀ပေးလိုပါတယ်။
Apple က အာကာသကနေ ဂြိုဟ်တုများဖြင့် ကမ္ဘာမြေသို့ အင်တာနက်ထုတ်လွှင့်ပေးဖို့အတွက် ဌာနတစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ Bloomberg က ပြောပါတယ်။ Apple က Google ရဲ့ အရာရှိဟောင်းများဖြစ်တဲ့ အာကာသယာဉ်ဌာနမှ အကြီးအကဲ John Fenwick နဲ့ Satellite Engineering ရဲ့ အကြီးအကဲ Michael Trela တို့ကို ငှားရမ်းလိုက်ပါတယ်။ အဲဒီနှစ်ယောက်ဟာ Apple ရဲ့ အာကာသစီမံကိန်းဌာနကို ဦးဆောင်မယ့် Dropcam ရဲ့ ပူးတွဲတည်ထောင်သူ Greg Duffy ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ Duffy ဦးဆောင်မယ့်ဌာနဟာ ဘယ်လိုစီမံကိန်းကို ဖန်တီးမလဲဆိုတာကို ရှင်းလင်းစွာမသိရသေးပေမယ့် Fenwick နဲ့ Trela တို့ဟာ ဂြိုဟ်တုနယ်ပယ်မှာ ကျွမ်းကျင်တဲ့အတွက် Apple ဟာ အာကာသကနေ ကမ္ဘာမြေသို့ အင်တာနက်ထုတ်လွှင့်ပေးဖို့ ရည်ရွယ်တာဖြစ်နိုင်ပါတယ်။ Fenwick ဟာ 2014 ခုနှစ်မှာ Google ၀ယ်ယူခဲ့တဲ့ ဂြိုဟ်တုကုမ္ပဏီ SkyBox Imaging ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။ Facebook နဲ့ Google တို့ကလည်း တစ်ကမ္ဘာလုံးမှာ အင်တာနက်ထုတ်လွှင့်ပေးမယ့် နည်းပညာများကို တီထွင်နေကြပါတယ်။
Facebook က နေရောင်ခြည်စွမ်းအင်ဖြင့် မောင်းနှင်၍ အင်တာနက်ထုတ်လွှင့်ပေးမယ့် Drone နဲ့ Google က မိုးပျံပူဖောင်းများဖြင့် အင်တာနက်ထုတ်လွှင့်ပေးမယ့် Project Loon ကို ဖန်တီးနေပါတယ်။ Apple က ကမ္ဘာပတ်လမ်းကနေ ဂြိုဟ်တုများဖြင့် အင်တာနက်ထုတ်လွှင့်ပေးတဲ့ Boeing ရဲ့ စီမံကိန်းမှာလည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သတင်းများထွက်နေပါတယ်။ Apple ဟာ စမတ်ဖုန်းနဲ့ Consumer Electronics များအပြင် အလိုအလျောက် မောင်းနှင်တဲ့ ကားများနဲ့ အင်တာနက်ထုတ်လွှင့်ပေးတဲ့ ဂြိုဟ်တုနယ်ပယ်ကိုပါ ၀င်ရောက်လာပြီ ဖြစ်ပါတယ်။