ပရိုဂရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့ သင်ကြားပေးနေတဲ့ ပရိုဂရမ်မင်းသင်တန်းကျောင်းများ

Image Source: https://visualhunt.com

မြန်မာပြည်ကလူငယ်အများစုဟာ သင်တန်းနဲကျောင်းတွေတက်ရတာကို နှစ်သက်ကြတာတွေ့ရပါတယ်။ အဲလိုသင်တန်းတွေ၊ကျောင်းတွေမတက်ဘဲ အိမ်မှာနေရင်း Onlineနဲ့စာအုပ်တွေကနေ ရှာဖွေလေ့လာမယ်ဆိုပြန်တော့လည်း လိုအပ်တဲ့စာအုပ်အမျိုးအစားတွေ မစုံလင်တာ၊ Internet Infrastructure မလုံလောက်တာတွေကြောင့် အမှန်တကယ်လက်တွေ့လုပ်ဆောင်တတ်မှုမဟုတ်ဘဲ လေ့လာမှတ်သားရုံနဲ့ အရည်အချင်းပြည့်မီကြောင်း သတ်မှတ်ပြီး မွေးထုတ်ပေးလိုက်တဲ့ သင်တန်းကျောင်းတွေချည်းပဲ ဖြစ်လို့နေပါတယ်။

လေ့လာမှတ်သားရုံသာဆိုပါက အချိန်ပေးနိုင်ရင် မည်သူမဆို လွယ်ကူနေပါလိမ့်မယ်။ အင်တာနက်မှာရှာဖွေပြီး လက်တွေကျကျ ကြိုးစားလုပ်ကိုင်ပြီး ပြီးမြောက်အောင်မြင်မယ်ဆိုပါက တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အရည်အချင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုတွေကတော့ နည်းနေကြပါသေးတယ်။

ကျောင်းသားတစ်ဦးရဲ့ပညာအရည်အချင်းကို အသိအမှတ်ပြုထားတဲ့ Private ကျောင်းဆင်းလက်မှတ်တွေကတော့ အလွန်အရေးပါနေပါတယ်။ System Development ကုမ္ပဏီဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ တက္ကသိုလ်တွေကနေဘွဲ့တွေရပြီး ဘယ် Programming ကျောင်းကိုတက်ရောက်ဖူးခဲ့တယ်ဆိုတဲ့ နောက်ကြောင်းရာဇ၀င်ရှိသူအများကြီ: လိုအပ်ပါတယ်။ ဒါကြောင့်ထူးချွန်တဲ့ ပရိုဂရမ်မာကောင်းတစ်ယောက်ဖြစ် လိုသူတွေ ရွေးချယ်နိုင်ဖို့  နာမည်ကြီး Programming သင်တန်းကျောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

AB Programming Training Center

ပထမဆုံးအနေနဲ့  AB Programming Training Center အကြောင်းပြောပြချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ IT ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aiuto Benli ကနေ လာရောက်ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသည်နှင့် လုပ်ငန်းခွင်၀င်ရောက်နိုင်ရေးကိုပါ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး (၃) လအတွင်း အလုပ်မရရှိခဲ့ပါက သင်တန်းကြေးများပြန်လည် ပေးချေသွားမယ်လို့ အာမခံထားပါတယ်။ Web Programming အပိုင်းကို အမှန်တကယ်တတ်ကျွမ်းနိုင်ရေးအတွက် အဆင့်မြင့်သင်ရိုးများဖြင့် စနစ်တကျ သင်ကြားပေးလျက်ရှိပါတယ်။ အထူး Service တစ်ခုကတော့ PHP Expert Package တစ်ခုကို မသင်ယူလိုသူများအတွက် Course တစ်ခုချင်းခွဲပြီး သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားပြီး မနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ ဆရာများရဲ့ အနီးကပ်ကြီးကြပ်သင်ကြားပေးမှုများကြောင့် Web Developer တစ်ဦးအနေနဲ့ ရပ်တည်ချင်တဲ့လူငယ်တွေအတွက်  http://www.facebook.com/alutobenlitraining သို့မဟုတ် https://training.aluto-benli.com သို့ ၀င်ရောက်ကြည့်ရှုလေ့လာဖို့ ညွှန်းပေးလိုက်ပါတယ်။

Fairway School of Technology

ဖော်ပြပေးချင်တဲ့ နောက်ထပ်သင်တန်းကျောင်းတစ်ခုကတော့ Fairway School of Technology ပဲဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းကလည်း နာမည်ကြီး Programming သင်တန်းကျောင်းတစ်ခုပါပဲ။ (၃)လတစ်ကြိမ် တန်းခွဲသစ်များ ဖွင့်လှစ်သင်းကြားပေးလျက်ရှိပါတယ်။ Course တွေကတော့

  1. SOFTWARE ENGINEERING Fundemental Course
  2. PROFESSIONAL GRAPHIC & WEB Design Course
  3. PROFESSIONAL WEB DEVELOPER Course
  4. ROCKSEAR DEVELOPER Course
  5. PROFESSIONAL ANDRIOD DEVELOPER Course
  6. WORDPRESS EXPERT Course

စတာတွေပဲဖြစ်ပါတယ်။

Myanmar Links

နောက်တစ်ခုကတော့ Myanmar Links ဆိုတဲ့သင်တန်းကျောင်းပါ။ ဒီသင်တန်းကျောင်းကတော့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ WEB သင်တန်းတွေ Andriod App ရေးသားနည်းသင်တန်းတွေကို အခြေခံကစပြီးအဆင့်မြင့်တဲ့အထိ သင်ကြားပေးနေတာပါ။

Java Developer Class

နောက်ထပ်ပြီး Java Developer Class ဆိုတဲ့ Programming သင်တန်းကျောင်းကိုလည်း မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒီသင်တန်းကျောင်းလည်းပဲ ဂျပန်နိုင်ငံအခြေစိုက် IT ကုမ္ပဏီတစ်ခုရဲ့ လက်အောက်ခံပါပဲ။ Java ပက်သတ်ပြီး ကျွမ်းကျင်တတ်မြောက်ချင်ရင်တော့ ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါတယ်။ ဒီသင်တန်းကျောင်းဟာ ပထမအစပိုင်းမှာတော့ Java SE Course နဲ့ Java Web Course နှစ်မျိုးတည်းကိုပဲ သင်ကြားပေးခဲ့တာဆိုပေမယ့် နောက်ပိုင်းမှာ Java EE Course, Spring Framework, Andriod Development Course တွေကိုပါ တိုးချဲ့သင်ကြားပေးလာခဲ့ပါတယ်။

နောက်ထပ်လည်း နာမည်ကြီးသင်တန်းကျောင်းတွေ အများကြီ:ရှိပါသေးတယ်။ Gusto Higher Education Institue, Myanmar WWW Institute, WHIZZO SYSTEM နဲ့ BEAT Programming Training Center စတဲ့သင်တန်းကျောင်းတွေကလည်း တကယ်ကိုနာမည်ရှိတဲ့ သင်တန်းကျောင်းတွေပဲဖြစ်ပါတယ်။ ခုလောက်ဆိုရင်တော့ ပရိုဂရမ်မာကောင်းတစ်ယောက်ဖြံစ် လိုတဲ့ လူငယ်တွေအနေနဲ့ အကောင်းဆုံးဆိုတဲ့သင်တန်းကျောင်းတွေထဲက မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။