လုပ်ငန်းခွင်လွယ်ကူအောင်မြင်ရေးအွန်လိုင်းအခမဲ့သင်တန်း British Council နှင့် University of Sheffield တို့ ပူးပေါင်းပို့ချမည်

Image Source : https://commons.wikimedia.org

How to Succeed in the Global Workplaceခေါင်းစဥ်ဖြင့် British Council နှင့် University of Sheffieldတို့ပူးပေါင်းစီစဥ်ထားတဲ့ အွန်လိုင်းအခမဲ့သင်တန်းကို လာမယ့်မေလ (၈) ရက်နေ့မှာ စတင်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့ကလုပ်ငန်းခွင် စတင်၀င်ရောက်တော့မယ့် သူတွေအတွက် နည်းလမ်းကောင်းတွေ ပေးလိုတာပဲဖြစ်ပါတယ်။
လုပ်ငန်းခွင်စတင်၀င်ရောက်တော့မယ့် သူတွေအနေနဲ့ လုပ်ငန်းခွင်အစပိုင်းနေ့ရက်တွေမှာ မည်သို့မည်ပုံကြိုးစားလုပ်ဆောင်သင့်တာတွေကို ဆောင်းပါးများ၊ ဗွီဒီယိုများ၊ interactive material များ၊ ဆွေးနွေးဖလှယ်မှုများ၊ လေ့ကျင့်ခန်းများ၊ ညာဏ်စမ်းများနှင့် လက်တွေ့အသုံးချရေးလမ်းညွှန်ချက်များစွာ ပါ၀င်မယ်လို့သိရပါတယ်။ ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် လုပ်ငန်းခွင်စတင်၀င်ရောက်တော့မယ့် သူတွေအနေနဲ့ နည်းလမ်းကောင်းများစွာရရှိနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် အစပိုင်းတွေ့ကြုံရလေ့ရှိတဲ့ အခက်အခဲ့တွေကို အောင်မြင်စွာကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။
ဒီသင်တန်းကို အဂ်လိပ်စာintermediate levelအဆင့်ရှိသူတွေ တက်ရောက်နိုင်မှာဖြစ်ပြီး စမတ်ဖုန်းဖြင့်လည်း လွယ်ကူစွာလေ့လာနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိလိုပါကဒီ global-workplace လင့်ခ်သို့ ၀င်ရောက်လေ့လာပြီး စာရင်းပေးသွင်းနိုင်ပါတယ်။