ဝါးနဲ့တည်ဆောက်တဲ့ ဖုန်းတာဝါတိုင်

Image Source : https://www.flickr.com

ဖုန်းတာဝါတိုင်လို့ပြောလိုက်တာနဲ့ သံ(သိုမဟုတ်) အခြားသောသတ္တုတစ်ခုခုနဲ့ တည်ဆောက်တယ်ဆိုတာ လူတိုင်းသိကြပါလိမ့်မယ်။ ခုချိန်ထိကမ္ဘာကြီးမှာ တည်ဆောက်ခဲ့သမျှ ဖုန်းတာဝါတိုင်တွေကလည်း သံ(သို့) သတ္တုတစ်မျိုးမျိုးကိုသာ အသုံးပြုလာခဲ့ကြတာပါ။ ဒါကလည်း ခိုင်ခံ့မှုအပိုင်းမှာ အကောင်းဆုံနဲ့ အသင့်တော်ဆုံးတွေကို ရွေးချယ်ကြတာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ဝါးရဲ့ခိုင်ခံ့မှုနဲ့ အခြားသောအသုံး၀င်တဲ့စွမ်းအင်တွေကို လူတွေရှာတွေ့ခဲ့ကြပါပြီ။

ဖုန်းတာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Edotco ဟာ ဘဂ်လားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ဝါးအသုံးပြုတာဝါတိုင်တွေကို စတင်တည်ဆောက်လိုက်တာဖြစ်ပါတယ်။ အဲဒီတာဝါတိုင်တွေဟာ သက်တမ်းဆယ်နှစ်ထိ အသုံးပြုနိုင်မယ်လို့ဆိုထားပြီး၊ သတ္တုတာဝါတိုင်တွေထက် စွမ်းအင်သုံးစွဲမှု လျော့နည်းသွားမယ်လို့လည်း သိရပါတယ်။ ဒီလိုထူးဆန်းတဲ့ ဝါးတာဝါတိုင် တည်ဆောက်ခြင်းနဲ့ပက်သက်ပြီး ဒီလင့်ခ်ထဲက  သတင်းအပြည့်အစုံကို အောက်မှာဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

တာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Edotco မှ တာဝါတိုင် တည်ဆောက်ရေးလုပ်ငန်းအတွက် ဝါးဖြင့်ဆန်းသစ်တည်ဆောက်လိုက် ကြောင်း သိရသည်။ အဆိုပါ တာဝါတိုင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အခြားစျေးကွက်များအနက် ၀ါးအသုံးပြုများပြားသည့် နိုင်ငံများတွင်လည်း ဆက်လက်လုပ်ဆောင် သွားရန် စီစဉ်ထားပါသည်။ အဆိုပါကုမ္ပဏီသည် ပြည်တွင်းရှိ တာဝါတိုင်များအတွက်လည်း တာဝန်ယူလုပ်ဆောင်ပေးနေပြီး တယ်လီဖုန်းဆက်သွယ်ရေးအတွက် ပုံမှန်သံမဏိဖွဲ့စည်းပုံအစား အခြားရွေးချယ်စရာပစ္စည်းအနေဖြင့် ဝါး၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်အပေါ် အာရုံစူးစိုက်ကာ သုတေသနဆက်လက် ပြုလုပ်လျှက်ရှိကြောင်းသိရသည် ။
လေ့လာမှုများအရ ပြုပြင်ထားခြင်းမရှိသောဝါးသည် ၎င်း၏ကျုံ့ဆန့်နိုင်စွမ်းဖြင့် ဖုန်းတာဝါတိုင်များတည်ဆောက်ရာတွင် ကွန်ကရစ်၏အလေးချိန်ကို ခံနိုင်ရည်ရှိပြီး ပုံမှန်ပြုပြင်ထိန််းသိမ်းမှုအောက်တွင် လေတိုက်နှုန်းတစ်နာရီ 210 ကီလိုမီတာနှုန်းအထိခံနိုင်ရည်ရှိကာ သက်တမ်း 10 နှစ်အထိကြာရှည်ခံနိုင်သည်။ ပုံမှန်စတီးတာဝါတိုင်ဆောက် လုပ်ခြင်းထက် စွမ်းအင်သုံးစွဲမှုပိုမိုလျော့နည်းသော ဝါးတာဝါတိုင်များသည် တည်ဆောက်ချိန် 12 ရက်သာကြာမြင့်ပြီး ၎င်းတွင် တည်နေရာပြ ဧရီယာတိုင်(8)ခုအထိ တပ်ဆင်နိုင်ကြောင်းသိရသည်။
edotco အနေဖြင့် ဝါးဖြင့်ပြုလုပ်သောဖွဲ့စည်းပုံစံများအား 2017 ခုနှစ်အတွင်း ဒါကာရှိနယ်ပယ်အသီးသီးတွင် အတည်ပြုပုံစံငယ်များအဖြစ် အတည်ပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး edotco မှ ဦးစီးလျှက်ရှိသော နယ်ပယ်အသီးသီးနှင့် ဝါးရရှိနိုင်သော အရင်းအမြစ်များမှ အခြားသောဈေးကွက်များသို့ 2018 ခုနှစ်တွင် ယူဆောင်လာရန် မျှော်မှန်းထားပါသည်။