အစားအသောက်နဲ့ဆေး၀ါးတွေကို စစ်ဆေးပေးမယ့်စမတ်ဖုန်း

Image Source : https://www.flickr.com/photos/

ဒီစမတ်ဖုန်းမှာတော့ အခြားသောဖုန်းတွေထက် ဆန်းသစ်တဲ့ထူးခြားမှုတစ်ခု ပါ၀င်နေပါတယ်။ အဲဒါကတော့ တစ်ကိုယ်ရေကျန်းမာရေးကို တဖက်တလမ်းက အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတဲ့ Sensor တစ်ခုပါ၀င်နေခြင်းပဲဖြစ်ပါတယ်။ အစားအစာနဲ့ ဆေး၀ါးတွေကို Sensor ကစစ်ဆေးပေးနိုင်ခြင်းကြောင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ကိုယ်တိုင်ခွဲခြားနိုင်ပါလိမ့်မယ်။

ဆေး၀ါးတွေကိုအတု၊ အစစ်ခွဲခြားပေးမှာဖြစ်သလို၊ အစားအသောက်တွေမှာပါ၀င်တဲ့ ဓာတ်ပေါင်းတွေကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် အချိုအဆိမ့် အစားအစာတွေမှာပါ၀င်တဲ့ ကယ်လိုရီပမာဏကို တွက်ချက်ပေးမှာဖြစ်လို့ မိမိကျန်းမာရေးနှင့် ကိုက်ညီမှုရှိ၊ မရှိ သိရှိနိုင်ပါလိမ့်မယ်။

အဲဒီစမတ်ဖုန်းကို တရုပ်နိုင်ငံအခြေစိုက် CHANGHONG ကထုတ်လုပ်ထားတာဖြစ်ပြီး Scio Sensor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဒီ Sensor ဟာ တစ်ခါတစ်လေ လွဲမှားမှုရှိနိုင်သော်လည်း ရာခိုင်နှုန်းတော်တော်များများ မှန်ကန်စွာစစ်ဆေးပေးနိုင်မှာဖြစ်သလို၊ စစ်ဆေးသူရဲ့ တစ်စုံတစ်ခုသော လွဲမှားမှုတွေကြောင့်လည်း ရလဒ်တွေမှားယွင်းနိုင်ပါတယ်။

ဒီဖုန်းရဲ့တန်းဖိုးကို ကုမ္ပဏီအကြီးအကဲတွေက သတ်မှတ်ထားပြီးဖြစ်သော်လည်း တရား၀င်မထုတ်ပြန်သေးပေ။ ယခုနှစ်အတွင်း ရောင်းချသွားမှာဖြစ်သလို အမေရိကန်ထက် တရုတ်နိုင်ငံမှာ ဦးစွာဖြန့်ဖြူးသွားမယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းကို မိတ်ဆက်ပေးထားတဲ့ video file လေးကိုတော့ ဒီလင့်ခ် ထဲသို့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။