နောက်ဆုံး‌ပေါ် Galaxy A Series စမတ်ဖုန်းအသစ်များအား ဖုန်းအဟောင်းများဖြင့် လဲလှယ်ဝယ်ယူသွားနိုင်မည့် “အ​ဟောင်း​ပေး အသစ်ယူ” အစီအစဥ်ကို မိတ်ဆက်

မြန်မာနိုင်ငံတစ်ဝန်းမှ Samsung ချစ်သူများ ပိုမို အဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် “အ​ဟောင်း​ပေး အသစ်ယူ” Trade-in ဝန်​ဆောင်မှုအစီအစဉ်ကို Samsung Myanmar မှ  စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ Trade-in ဝန်ဆောင်မှု အစီအစဥ်အရ မိမိအသုံးပြုနေသော မည်သည့် ဖုန်းအဟောင်း ကိုမဆို Samsung ထံအပ်နှံကာ  Trade-in discount  များနှင့်အတူ သတ်မှတ်ထားသော Galaxy A Series ဖုန်းအသစ် တစ်လုံးအား ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သောကြောင့် Galaxy A Series စမတ်ဖုန်းချစ်သူများအတွက် သတင်းကောင်းတစ်ရပ်ပင်ဖြစ်သည်။

သုံးစွဲသူများအ​နေဖြင့် မိမိ၏ဖုန်းအဟောင်းများအား Samsung Showroom များနှင့် Samsung ဝန်ထမ်းများရှိသော ဖုန်းအရောင်းဆိုင်များတွင် တန်ဖိုးစုံစမ်းကာ Galaxy A23, Galaxy A33, Galaxy A73 (5G) နှင့် Galaxy A53 (5G) စသည့် သတ်မှတ်ထားသော Galaxy A Series စမတ်ဖုန်းများအား ဖုန်းအ​ဟောင်း၏တန်ဖိုးကိုနုတ်၍ လိုအပ်​သောပမာဏကိုသာဖြည့်တင်းပြီး Trade-in discount များနှင့်အတူ အသစ်တစ်လုံး ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ 

Photo Source https://www.samsung.com/mm/

ထို့အပြင် Galaxy A23 နဲ့ Galaxy A33 စမတ်ဖုန်း အသစ်များအား ဝယ်ယူပါက Trade-in discount (၇၀,၀၀၀) ကျပ် နှင့် Galaxy A73 (5G) နဲ့ Galaxy A53 (5G) စမတ်ဖုန်း အသစ်များအား ဝယ်ယူပါက Trade-in discount (၁၀၀,၀၀၀) ကျပ် တို့ကိုလည်း Samsung Myanmar က အသီးသီး ပြန်လည်ပေးအပ်သွားမည်ဖြစ်သောကြောင့် သုံးစွဲသူများအ​နေနှင့် ​​ငွေကုန်​ကြေးကျသက်သာစွာဖြင့် ခေတ်မီ Galaxy A Series စမတ်ဖုန်းအသစ်တစ်လုံးကို ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

ဤ “အဟောင်းပေး အသစ်ယူ” အစီအစဉ်နှင့်စပ်လျဉ်း၍ “ကျွန်တော်တို့ရဲ့ Samsung ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး Samsung ချစ်သူတွေ အစစအရာရာ အမြဲအဆင်ပြေနေစေဖို့ ကျွန်တော်တို့အနေနဲ့ အမြဲကြိုးပမ်းအားထုတ်နေပါတယ်။ Flagship စမတ်ဖုန်းတွေ၊ အချို့သော Galaxy A Series စမတ်ဖုန်းတွေအတွက် အခုလိုမျိုး Trade-in အစီအစဉ်ကို ယခင်က တောက်လျှောက်စီစဉ်ပေးခဲ့ဖူးပေမဲ့ ဘယ်စမတ်ဖုန်းဟောင်းကိုမဆို အပ်နှံခွင့်ရှိတာကတော့ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ Samsung ချစ်သူတွေအနေနဲ့ Galaxy A23, Galaxy A33, Galaxy A73 (5G), Galaxy A53 (5G) စတဲ့ နောက်ဆုံး‌ပေါ် Galaxy A Series စမတ်ဖုန်းတွေထဲက ကြိုက်နှစ်သက်ရာ အသစ်တစ်လုံးကို Trade-in discount တွေနဲ့အတူ ဈေးနှုန်းသက်သက်သာသာ ဝယ်ယူရရှိနိုင်မှာမို့ ဝမ်းသာစရာပါပဲ။ ဆက်လက်ပြီးတော့လည်း အခုလိုမျိုး သုံးစွဲသူတွေအတွက် ပိုပြီးအကျိုးရှိစေမယ့် အစီအစဉ်များစွာကို ဆက်လက်ဆောင်ရွက်ပေးအပ်သွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of MX Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က မှတ်ချက်ပြုခဲ့သည်။

Photo Source https://www.samsung.com/mm/

Samsung Myanmar ၏ “အ​ဟောင်း​ပေး အသစ်ယူ” အစီအစဥ်အကြောင်း အသေးစိတ်အချက်အလက်များအား https://www.samsung.com/mm/ တွင်လည်းကောင်း၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် လည်းကောင်း၊ ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည့်အပြင် Samsung အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် Call Center 01-2399888 တို့ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်မည်ဖြစ်သည်။

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိပါသည်။