Huawei မှ Mate 50 Series၊ nova Y Series အသစ်ဖြစ်သည့် HUAWEI nova Y61 နှင့် HUAWEI MatePad SE တို့အား မြန်မာနိုင်ငံတွင် မိတ်ဆက်

Huawei Device Business Group (BG) (မြန်မာ)မှ နောက်ဆုံးထွက်ရှိထားသည့် Flagship ထုတ်ကုန်လိုင်းဖြစ်သည့် HUAWEI Mate 50 Series၊ ဈေးသင့်သော စမတ်ဖုန်းစီးရီးအသစ်ဖြစ်သည့် HUAWEI nova Y61 နှင့် ဘက်စုံအသုံးပြုနိုင်သည့် HUAWEI MatePad SE တို့အား အောက်တိုဘာလ (၂၈) ရက်နေ့၌ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

HUAWEI Mate 50 Series အား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသည်။ HUAWEI Mate 50 Series ၏ အလွန်အသေးစိတ်ကျပြီး အချိုးကျလှသည့် အာကာသပတ်လမ်းကြောင်းပုံစံ ဒီဇိုင်းသည် HUAWEI Mate 50 Series အားစမတ်ဖုန်းများအကြား ထင်းလင်းမြင်သာစေသည်။ HUAWEI Mate 50 Pro (Orange) Version အား အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် အခြားဖုန်းများထက် ၁၀ ဆပိုမို ပြုတ်ကျမှုခံနိုင်ရည်ရှိသည်။ ထို့အပြင် HUAWEI Mate Series အသစ်သည် DxO Mark Ranking တွင် အမှတ်အများဆုံးရရှိထားပြီး တရုတ်ပြည်တွင်ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Mate 50 Series တွင် ပွဲဦးထွက် ပါဝင်လာသည့် EMUI 13 ဖြင့် လုပ်ဆောင်ချက်များကို မြင့်တင်ပေးထားပြီး အချောမွေ့ဆုံးစမတ်ဝန်ဆောင်မှုအား ပေးစွမ်းနိုင်သည်။ SuperHub လုပ်ဆောင်ချက်မှာလည်း Applications များနှင့် စက်ပစ္စည်းများအကြား အချက်အလက်များနှင့် ဖိုင်များဝေမျှရာတွင် အခက်အခဲမရှိစေရန်ကူညီပေးသည်။ 

HUAWEI Mate 50 Series ဖုန်းများ၏ အနောက်ဘက်ဒီဇိုင်းအား မှန်နှင့် Vegan Leather ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ မှန်အနောက်ဘက်ကာဗာအား ကျက်သရေရှိစွာ လှပသော Silver (ငွေရောင်) နှင့် Black (အနက်ရောင်) ဟူ၍ အရောင်နှစ်ရောင်ထုတ်လုပ်ထားပြီး Vegan Leather အား နေရောင်ခြည်၏ လိမ္မော်ရောင်စဉ်များအား အခြေခံကာ Orange (လိမ္မော်ရောင်) ထုတ်လုပ်ထားသည်။

HUAWEI “Kunlun Glass” တွင် 10 quadrillion-level nanocrystals များပါဝင်သောကြောင့် ကြံ့ခိုင်ပြီး ခံနိုင်ရည်ရှိသည်။ HUAWEI Mate 50 Series မှာ Switzerland’s SGS မှ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းလည်းဖြစ်သည်။ ထို့ပြင် IP68 အထိထောက်ပံ့ပေးပြီး ရေအောက် ၆ မီတာအထိ ရေစိုခံနိုင်ကာ ဖုန်မှုန့်များကိုလည်းခံနိုင်ရည်ရှိသည်။

Huawei မှ ကိုယ်ပိုင် မိုဘိုင်း imaging brand ဖြစ်သည့် “XMAGE” အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မိတ်ဆက်ခဲ့ပြီး HUAWEI Mate 50 Series ဖုန်းများတွင် နောက်ဆုံးပေါ် ၁၀ ဆ ပိုမိုမြင့်မားသည့် Adjustable physical aperture ပါရှိပြီး၊ Optical System၊ Mechanical Structure၊ Imaging Technology နှင့် Image Processing တို့အား အဆင့်မြင့်တင်ထားသော Ultra-Aperture XMAGE Camera အားထည့်သွင်းထုတ်လုပ်ထားသည်။ Auto mode ဖြင့်ရိုက်သည့်အခါတွင် Aperture Size နှင့် မြင်ကွင်းအား ကိုက်ညီမှုရှိစေရန် Smart Aperture မှ အလိုအလျောက် ထိန်းညှိပေးသည်။ Professional Mode ကိုပြောင်းပါက Depth of field နှင့် Blur Degree ကို မိမိစိတ်ကြိုက် ချိန်ညှိနိုင်မည်ဖြစ်သည်။

Portrait mode မှ အရာဝတ္ထုအား ပိုမိုသိသာထင်ရှားနေစေရန် သဘာဝဆန်စွာဖြင့် အနောက်ဘက်မြင်ကွင်းအား ဝါးပေးပြီး Periscope telephoto camera မှ အဆ ၂၀၀ အထိ ချဲ့ကာရိုက်ကူးပေးနိုင်သည်။ Wide-angle macro camera မှ millimeter-level အထိရိုက်ကူးပေးနိုင်ကာ အမှုန်အမွှားအစက်ကလေးများအထိ အသေးစိတ် ကြည်လင်စွာ ရိုက်ကူးပေးနိုင်သည်။ HUAWEI Mate 50 Series မှ လှုပ်ရှားမှုတိုင်းတွင် တိကျစွာ ရိုက်ကူးနိုင်စေရန် Macro Video shooting နှင့် Macro picture-picture (PiP) အားလည်း အထောက်အပံ့ပေးထားသည်။

HUAWEI nova Y61 အားလည်းမိတ်ဆက်ခဲ့သည်။ HUAWEI nova Y61 ၏စိတ်ဝင်စားစရာ ကောင်းသည့်အချက်များထဲမှတစ်ခုမှာ 50MP AI Triple Camera ဖြစ်ပြီး အနောက်ဘက်ရှိ ကင်မရာ ၃ လုံးမှာ ကြည်လင်ပြတ်သားသည့် ပုံရိပ်များကိုရိုက်ကူးပေးနိုင်သည့် 50MP Main Camera၊ Bokeh ပုံများအား ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်မည့် 2MP Depth Camera နှင့် အနုစိတ်ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည့် 4cm Macro Camera တို့ဖြစ်သည်။ 

HUAWEI nova Y61 တွင် Tripod မလိုဘဲ ညဘက်ရိုက်ချက်များကို အမိအရရိုက်ကူးပေးနိုင်သည့် Super Night Shot အား အထောက်အပံ့ပေးထားပြီး Super Night Shot တွင် highlights များကို ပိုမိုသိသာထင်ရှားစေသည့် Multi-frame noise reduction algorithm ပါဝင်သည့်အတွက် long exposure ရိုက်ချက်များကို 6s shutter အထိရိုက်ကူးစေနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 တွင် Huawei’s scene detection algorithm မှတစ်ဆင့် လှုပ်ရှားမှုများကိုအလိုအလျောက် သိရှိစေသော intelligent AI Snapshot ပါဝင်ပြီး ကင်မရာ၏ အမှားအယွင်းမရှိသော point-and-shoot shutter မှ shutter speed အားထိန်းညှိပေးကာ လှုပ်ရှားနေသည့်အရာများကို အမိအရ ရိုက်ကူပေးနိုင်သည့်အတွက် ထိုကဲ့သို့ ရိုက်ချက်များအတွက် နည်းပညာများအားလေ့လာရသည့်အခက်အခဲများမှ ကူညီပေးနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 ၏ အနောက်ဘက်ကင်မရာတွင် Content creators များအတွက်အထူးအဆင်ပြေစေမည့် Slow Motion feature လည်းပါဝင်သည်။ ထို့အပြင် အရာဝတ္ထုနှင့် ရှုခင်းများအား အလိုအလျောက် သိရှိပြီး အလင်းနှင့်အရောင်အား ပိုမိုကောင်းမွန်စေကာ၊ Portraitပုံ၊ အစားအသောက်ပုံ၊ နေထွက်ချိန်/ နေဝင်ချိန်၊ နှင်းကျချိန်စသည်ဖြင့်အမျိုးမျိုးသော မြင်ကွင်းများအား ပိုမိုကောင်းမွန်သော ရိုက်ချက်များ ဖန်တီးပေးနိုင်သည့် Master AI အားထည့်သွင်းထုတ်လုပ်ထားသည်။

HUAWEI nova Y61 သည် 6.52 လက်မမျက်နှာပြင်၊ HD+ built in ပါရှိပြီး Resolution 1600 x720p အားအထောက်အပံ့ ပေးထားသည်။ ကြည်လင်တောက်ပသည့် မြင်ကွင်းများကိုကြည့်ရှုနိုင်မည့်အပြင် 8x Ultra High-Resolution Touching Control ဖြင့် အကောင်းဆုံးထောက်ပံ့ပေးထားသည်။ နေ့စဉ်အသုံးပြုရန်ကောင်းမွန်သည့် ပါးလျှသောစမတ်ဖုန်းတစ်လုံးဖြစ်ကာ လုံခြုံပြီးအသုံးပြုရ အဆင်ပြေသည့် Fingerprint power buttonလည်းပါရှိသည်။ HUAWEI nova Y61 မှာ ပါးလွှာသော်လည်း ဘေးဘက်ရှိ Power Button မှာ လက်ဗွေရာအား ကောင်းစွာသိရှိပြီး ဖုန်းအားထိရုံနှင့်အလွယ်တကူ ပွင့်နိုင်သည်။ 5000 mAh ဘက်ထရီတပ်ဆင်ပေးထားသည့်အတွက် ၉နာရီခွဲကြာ ဂိမ်းကစားခြင်း၊ ၂၅ နာရီကြာဖုန်းပြောခြင်း၊ ၁၃နာရီခွဲကြာ အင်တာနက်ဝက်ဘ်ဆိုက်များကြည့်ရှုခြင်း နှင့် ၁၃.၃ နာရီကြာ ဗီဒီယိုများကြည့်ရှုခြင်း စသည်တို့ကို အထစ်အငေါ့မရှိ အသုံးပြုနိုင်သည်။ ထို့ပြင် 22.5W HUAWEI SuperCharge မှလည်း အခြားဈေးတန်းတူ ထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 သည် HUAWEI Vision၊ HUWEI Freebuds 3/4/5i တို့နှင့် အလွယ်တကူ တွဲဖက်အသုံးပြုနိုင်ပြီး Distributed file system ပါဝင်သည့်အတွက် PC နှင့်ချိတ်ဆက်ကာ Memory drive အနေဖြင့်အသုံးပြု၍ ဖိုင်များကို အလွယ်တကူ ရွေ့ပြောင်းနိုင်သည်။ Wireless စနစ်ဖြင့် မိုဘိုင်းဖုန်းမှဖိုင်များအား ကွန်ပျူတာတွင် ကြည့်ရှုခြင်း၊ သိမ်းဆည်းခြင်းနှင့် ကူးပြောင်းခြင်းများကို ချော့မွေ့စွာပြုလုပ်နိုင်မည်ဖြစ်သည်။

Simple mode အားဖွင့်ထားခြင်းဖြင့် ပိုမိုကြီးသော စာလုံးအရွယ်အစား၊ ပိုကြီးသော icons များနှင့် ပိုကျယ်သောအသံ တို့ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ အလွယ်တကူလုပ်ဆောင်နိုင်သည့် feature သည် ခေတ်မှီနည်းပညာများအား အမှီလိုက်နေသည့် လူကြီးများအတွက် ကူညီပေးနိုင်မည်ဖြစ်သည်။ Service Widgets အားဖွင့်ထားခြင်းဖြင့်လည်း ဖုန်းတွင် widgets အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ကာ ပိုမိုလွယ်ကူပြီး မြန်ဆန်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ 

HUAWEI MatePad SE တွင် 83% Screen-to-body ratio ရှိသော 10.4 လက်မ HUAWEI FullView display ပါဝင်ပြီး ပိုမိုကျယ်သော မျက်နှာပြင်ကိုအသုံးပြုနိုင်ရန် ကျဉ်းမြောင်းသော 8.5mmရှိ ဘေးဘောင်များပါရှိသည်။ ညီညာတိကျသော ဘေးဘောင် ဒီဇိုင်းကြောင့် မြင်ကွင်းများအား ပိုမိုရုပ်လုံးကြွလှပစေမည်ဖြစ်သည်။ HUAWEI MatePad SE သည် 440g သာ အလေးချိန်ရှိသည့်အတွက် အလွန်ပေါ့ပါးကာ လူကြီးလူငယ်မရွေး သက်တောင့်သက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ပါးလွှာသည့် ကိုယ်ထည်အပြင် အလယ် Frame အား micro-curve design ပြုလုပ်ထားသည့်အတွက် ပိုမိုပါးလွှာပြီး၊ အချိန်ကြာမြင့်စွာအသုံးပြုလျှင်တောင်မှ အလွန်သက်တောင့်သက်သာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

ဒစ်ဂျစ်တယ်ပစ္စည်းများ၏ မျက်နှာပြင်များမှ အပြာရောင်အလင်းတန်းများနှင့် တစ်ဖျပ်ဖျပ်လှုပ်ရှားနေမှုများ  (Flickers) သည် အချိန်ကြာမြင့်စွာအသုံးပြုပါက အမြင်အာရုံအားထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် Huawei မှ မျက်လုံးထိခိုက်မှု သက်သာစေရန်နှင့် ညောင်းညာရောင်ရမ်းမှုများလျော့နည့်စေရန် ခေတ်မှီနည်းပညာများအားစမ်းသပ်မှုများပြုလုပ်ထားပြီး HAUWEI MatePad SE တွင် TÜV Rheinland Low Blue Light Certification နှင့် Flicker Free Certification လည်းရရှိထားပါသည်။

HUAWEI Mate 50 Series တွင် HUAWEI Mate 50 နှင့် Mate 50 Pro ကို RAM 8 GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Silver (ငွေရောင်) တို့အားလည်းကောင်း၊ HUAWEI Mate 50 Pro (Kunlun Glass version) ကို  RAM 8 GB + 512 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Orange (လိမ္မော်ရောင်) Vegan Leather အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလကုန်၌ စတင်ရောင်းချမည်ဖြစ်ကြောင်းသိရှိရသည်။ HUAWEI nova Y61 ကို RAM 6 GB + 64 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Midnight Black (အနက်ရောင်)၊ Sapphire Blue (အပြာရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား အောက်တိုဘာလ (၂၈) ရက်မှစတင်၍ Pre-order မှာယူနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအား Huawei Official Facebook Page တွင် မကြာမှီကြေငြာသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် HUAWEI MatePad SE ကို RAM 4 GB + 128GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Graphite Black (အနက်ရောင်)အား မြန်မာနိုင်ငံတွင်ဒီဇင်ဘာလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်းသိရှိရသည်။