အက်တမ် (ATOM) မှ ဒစ်ဂျစ်တယ်ပညာရေး အရှိန်မြှင့်တင်ရန်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများအား မတည် လှူဒါန်း
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်း” မဏ္ဍိုင် နှင့် အညီ မကြာသေးမီက လုပ်ဆောင်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းအဖြစ် မော်လမြိုင်မြို့၊ ငန်းတေးရွာ ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ မြန်မာငွေကျပ် သိန်း (၄၅၀) တန်ဖိုးရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများ ပံ့ပိုးလှူဒါန်းခြင်းအားဖြင့် အက်တမ်(ATOM) သည် နည်းပညာရယူခွင့် အခက်အခဲများရှိနေသည့် လူမှုအသိုင်းဝိုင်းများကို ပံ့ပိုးပေး၍ ဒစ်ဂျစ်တယ် အသုံးပြုခွင့် ကွာဟမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် မျိုးဆက်သစ်များ၏ အနာဂတ်များ ပိုမိုလင်းလက် တောက်ပစေရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများအား ဖြည့်ဆည်းပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
Image: ATOM
မရှိမဖြစ် လိုအပ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ပစ္စည်းများဖြစ်သော Laptop (၁၀) စုံ နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဗို့အားထိန်းစက် (၁) လုံး၊ ဒစ်ဂျစ်တယ် Printer (၁) စုံ၊ အင်ဗာတာအမျိုးအစား ၁.၅ မြင်းကောင်ရေအား လေအေးပေးစက် (၁) လုံး၊ တစ်နှစ်စာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သော Broadband (၂) ခုနှင့် ပရိုဂျက်တာ (၁) ခုတို့အားတပ်ဆင်ပေး၍ ကျောင်းသားဦးရေ (၈၄၀) ကျော်အတွက် သင်ကြားရေးဆိုင်ရာ အထောက်အကူပြု ရပ်ဝန်းတစ်ခုကို ဖန်တီးပေးထားပါသည်။
“စာသင်ကျောင်းတွေမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာသုံးပစ္စည်းများပါဝင်တဲ့ စာသင်ခန်း တွေ ဖြစ်ပေါ်လာအောင် ကူညီပေးတာက ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျွန်တော်တို့ စဉ်ဆက်မပြတ် ပြုလုပ်နေတဲ့ ပညာရေးအဆင့်မြှင့်တင် ပံ့ပိုးပေးခြင်း ကတိကဝတ်တွေကို ထင်ဟပ်စေပါတယ်။ ဒီလိုမျိုး အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ဒစ်ဂျစ်တယ် သင်ကြားရေး အထောက် အကူပြုပစ္စည်းများနဲ့ ခေတ်မီနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ များကို ထောက်ပံ့ပေးခြင်းတွေကတစ်ဆင့် ဒစ်ဂျစ်တယ်ပညာရေးအရည်အသွေးကို တစ်ဖက်တစ်လမ်းကနေ ပါဝင်မြှင့်တင်ပေးနိုင်တဲ့ အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီအရင်းအမြစ်တွေက သူတို့ရဲ့ ဒစ်ဂျစ်တယ် သင်ကြားရေးခရီးလမ်းအတွက် အများကြီး အကျိုးရှိစေမှာဖြစ်ပြီး ပိုမိုကောင်းမွန်တောက်ပတဲ့ အနာဂတ်တွေကို တည်ဆောက်နိုင်အောင်လည်း ကူညီ ထောက်ပံ့ပေးနိုင်မှာပါ” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah မှ ပြောကြားခဲ့ ပါသည်။
Image: ATOM
ခေတ်မီကွန်ပျူတာစနစ်များနှင့် ဒစ်ဂျစ်တယ် အထောက်အကူပြုပစ္စည်းများ ရရှိအသုံးပြုနိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများသည် လက်တွေ့သင်ကြားခြင်းများမှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ်မြောက်မှု၊ ပြဿနာများဖြေရှင်းနိုင်မှု နှင့် ဝေဖန်တွေးခေါ်နိုင်မှု စွမ်းရည်များပါ ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်ပါသည်။ ထိုစွမ်းရည်များမှတစ်ဆင့် လိုက်လျောညီထွေလုပ်ဆောင်တတ်လာခြင်း၊ ဖန်တီးနိုင်စွမ်းကောင်းလာခြင်း နှင့် ပူးပေါင်းချိတ်ဆက် စဉ်းစားတတ်လာခြင်းစသည့် အလေ့အကျင့်ကောင်းများကို ရရှိစေမှာဖြစ်ပါသည်။ မော်လမြိုင်မြို့ရှိ ငန်းတေး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် အခြေခံသင်ကြားရေးကျောင်း တစ်ခု ဖြစ်ပြီး ဆရာ၊ ဆရာမ (၃၅) ဦး မှ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၈၄၀) ကျော်အား သင်ကြားပြသပေးနေခြင်း ဖြစ်ပါသည်။ ယခုလှူဒါန်းမှုသည် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများထံ သာတူညီမျှရှိသော ဒစ်ဂျစ်တယ်ပညာရေးကို ပေးအပ်ရန်ဆိုသည့် အက်တမ်(ATOM) ၏ မျှော်မှန်းချက်ကိုလည်း အကောင်အထည် ဖော်ခြင်း ဖြစ်ပါသည်။
“ကျွန်တော်တို့အနေနဲ့ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အမြဲတမ်း ရှာဖွေနေပြီး ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်း မဏ္ဍိုင်ကြီး (၃) ခုကတစ်ဆင့် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ကူးပြောင်းခြင်း” ဆိုတဲ့ လူမှုအကျိုးပြုလုပ်ငန်း အောက်မှာ အရည်အသွေးပြည့်မီတဲ့ ဒစ်ဂျစ်တယ် ပညာရေးကို အသုံးပြုဖို့ လိုအပ်ချက်ရှိနေတဲ့ အခြေခံပညာအထက်တန်း ကျောင်းတစ်ကျောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒီလှူဒါန်းမှုကို အကောင်အထည်ဖော်ခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူ မိသလို လူမှုအသိုင်းအဝိုင်းကို ဦးစားပေးတဲ့ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး ရပ်ရွာလူထုအတွက် ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖန်တီးပေးသွားမှာပါ” ဟု အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် ဦးသိန်းဟုတ် မှ ပြောကြားခဲ့ပါသည်။
Image: ATOM
အက်တမ်(ATOM) မှ ဝန်ထမ်း (၂၀) ခန့်သည် ကျောင်းတွင် ပစ္စည်းကိရိယာတပ်ဆင်မှုများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး ပစ္စည်းများ အပြင် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၂၀၀) စာအတွက် တစ်ဦးလျှင် စာအုပ် (၆) အုပ်၊ ဘောပင် (၂) ချောင်း နှင့် မုန့်များကို လည်း လှူဒါန်းခဲ့ပါသည်။
“ပညာရေးကောင်းမွန်သော်လည်း မိဘများမှာ စီးပွားရေးအရ အနည်းငယ်ချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိသည့် အထက (ခွဲ) ငန်းတေးကျောင်းအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ပိုင်းဆိုင်ရာ လိုအပ်ချက်များစွာ ရှိနေပါတယ်။ အခုလိုမျိုး ကျောင်းသား၊ ကျောင်းသူများ အတွက် အမှန်တကယ် အရေးပါပြီး လိုအပ်နေတဲ့ Laptop ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို လှူဒါန်းပေးတဲ့အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်းနဲ့ ATOM Myanmar ကုမ္ပဏီကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ATOM Myanmar ကုမ္ပဏီအနေဖြင့်လည်း ယခုထက်မက ပိုမိုအောင်မြင်ကြီးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု အထက (ခွဲ) ငန်းတေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်ဝင်းရီ မှ ပြောကြားခဲ့သည်။
Image: ATOM
အက်တမ်(ATOM) အနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ကနဦးလှူဒါန်းခဲ့ပြီးနောက် ယခုမော်လမြိုင်တွင် ပထမဆုံးအကြိမ် အဖြစ် လှူဒါန်းခြင်း ဖြစ်ပါသည်။ နောင်တွင်လည်း နိုင်ငံတစ်ဝန်း ပိုမိုထိရောက်ကျယ်ပြန့်စွာ လှူဒါန်းပေးအပ် သွားနိုင်ရန် ရည်ရွယ်ထားပါသည်။
အက်တမ်(ATOM) မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မော်လမြိုင်မြို့များတွင် သတင်းအချက် အလက် နှင့် ဆက်သွယ်ရေးနည်းပညာသုံး ပစ္စည်းများအတွက် စုစုပေါင်း မြန်မာငွေကျပ် သိန်း (၁,၄၉၀) ကျော် လှူဒါန်းထားရှိပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ (၈,၀၀၀) ကျော်အတွက် အထောက်အကူ ဖြစ်စေခဲ့ပါသည်။ အက်တမ်(ATOM) အနေဖြင့် အရည်အသွေးပြည့်မီသော ပညာရေး နှင့် သင်ကြားမှု အခွင့်အလမ်းကောင်း များ တိုးမြှင့်ဖော်ဆောင်ပြီး မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံ များ ရရှိခံစားနိုင်စေရန် ဟူသော အဓိက ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။