နေအိမ်၊ ရုံးခန်းများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ စုဝေးရာ AyeSay Service (AyeSay Service ၏ Operations Manager ဖြစ်သူ ကိုတင်ထွဋ်ခိုင်နှင့် အင်တာဗျူးဆောင်းပါး)

မိမိတို့ နေထိုင်ရာအိမ်တစ်အိမ်ရဲ့ ပြင်ဆင်မွန်းမံခြင်းအပိုင်းဟာလည်း မကြာခဏ ဆိုသလို ခေါင်းရှုပ်စရာဖြစ်နေတတ်ကြတာ ပါပဲ။ ရေပိုက်ပေါက်တာ၊ မိုးယိုတာ၊ အဲကွန်းပျက်တာ၊ ပစ္စည်းတွေကိုတစ်နေရာက တစ်နေရာသယ်ပို့ချင်တာ စတဲ့ အကြောင်းအရာပေါင်းများစွာတွေက ဖြစ်လေ့ဖြစ်ထရှိနေကျကိစ္စတွေဖြစ်တဲ့အတွက် အလွယ်တကူဖြေရှင်းဖို့ နည်းလမ်း ကောင်းတွေတော့ သိထားမှအဆင်ပြေမှာလည်းဖြစ်ပါတယ်။
ရန်ကုန်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရုံးတွေအနေနဲ့လည်း ရုံးခန်းရွှေ့ပြောင်းတာတွေ၊ အဲကွန်းလိုအပ်ချက်တွေ၊ ရေပိုက်ပြင်ဆင် တာတွေနဲ့ ရေချိုးခန်း၊ အိမ်သာစတဲ့ ပြင်ဆင်မွန်းမံမှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေရတာလည်းထုံးစံပါပဲ။ အဲ့ဒီလို ပြင်ဆင်တဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုရရှိဖို့အတွက် အဆက်အသွယ်ကောင်း တစ်ခုတော့ရှိထားဖို့လည်း လိုအပ်ပြန်ပါတယ်။ Myanmar Tech Press Team အနေနဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့ Service တွေထဲက AyeSay Service ၏ Operations Manager ဖြစ်သူ ကိုတင်ထွဋ်ခိုင်နဲ့ ဆက်သွယ် မေးမြန်းထားမှုကို အင်တာဗျူးဆောင်းပါးအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo…AyeSay Service ၏ Operations Manager ဖြစ်သူ ကိုတင်ထွဋ်ခိုင်

AyeSay Service ကို ၂၀၁၈ လောက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ မိမိရဲ့အိမ်အတွက်ဖြစ်စေ၊ ရုံးခန်းအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးနေသူတွေကို ရှာဖွေတာပဲဖြစ်ဖြစ်၊ Booking လုပ်တာတွေပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ AyeSay Service ကိုစတင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
“AyeSay မှာ အိမ်ရွှေ့ပြောင်းဝန်ဆောင်မှု၊ သန့်ရှင်းရေးဝန်ဆောင်မှု၊ ရေပိုက်ပြုပြင်ခြင်းဝန်ဆောင်မှု၊ လျှပ်စစ်ပြုပြင်ခြင်း ဝန်ဆောင်မှု၊ ပိုးမွှားသန့်ရှင်းရေး ဝန်ဆောင်မှု၊ Aircon ဝန်ဆောင်မှု၊ လက်သမားဝန်ဆောင်မှု၊ ဆေးသုတ်ခြင်း၊ တံခါးပြုပြင်ခြင်းဝန်ဆောင်မှု၊ ပြန်လည်မွမ်းမံခြင်းဝန်ဆောင်မှု ဆိုတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုအသေးစိတ်နဲ့ ဈေးနှုန်းအမျိုးအစားတွေကို AyeSay Service ရဲ့ website https://www.ayesayservices.comမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်” ဟု AyeSay Service ၏ Operations Manager ဖြစ်သူ ကိုတင်ထွဋ်ခိုင် ကပြောပါတယ်။
AyeSay Service ဝန်ဆောင်မှုအသုံးပြုသူတွေဆီကနေ Feedback တွေ Rating တွေတောင်းခံပါသေးတယ်။ ဝန်ဆောင်မှုပေးတဲ့သူတွေရဲ့ Rating တွေကျလာတာနဲ့ အလုပ်လုပ်ကိုင်တာ တိုးတက်လာဖို့အတွက် ပိုပြီးအနီးကပ် စောင့်ကြည့်ပေးခြင်းကိုလည်း လုပ်ဆောင်ပေးတာလည်းဖြစ်ပါတယ်။
“AyeSay Service ဆီက အိမ်အရွေ့အပြောင်းဝန်ဆောင်မှုအတွက် ကားအရွယ်အစားပေါ်မူတည်ပြီး အနည်းဆုံး ၅သောင်းကျပ်က စပါတယ်။ ဝန်ဆောင်မှုအတွက် ရုံးပိတ်ရက်၊ ကြားရက်ပေါ်မူတည်ပြီး ၁၀၅၀၀ ကျပ်၊ ၁၁၅၀၀ ကျပ် ကစတင်ပါတယ်။ ရေပိုက်ပြုပြင်ရေးနဲ့ လျှပ်စစ်မီးပြုပြင်ရေးဝန်ဆောင်မှုတွေကတော့ ၁၅၀၀၀ ကျပ်ကနေစတင်ပြီး အလုပ်လုပ်ရတဲ့ အပိုင်းပေါ် မူတည်ပြီး အကုန်အကျပိုများနိုင်ပါတယ်။ ပိုးမွှားသန့်ရှင်းရေးဝန်ဆောင်မှုကတော့ ဝန်ဆောင်မှုရယူသူက ဘယ်လိုပိုးမွှားမျိုးကို ထိန်းချုပ်ချင်တာလဲ။ ဘယ်လောက် sqft area လဲဆိုတဲ့ပေါ်မူတည်ပါတယ်” ဟု ဝန်ဆောင်မှုဈေးနှုန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး သူက ရှင်းပြပါတယ်။

Photo Source https://www.ayesayservices.com

လက်ရှိအချိန်အထိတော့ Booking တင်လို့ရတဲ့ Facebook, Phone, Email, Viber, WhatsApp နဲ့ Website တွေကနေ Booking ယူတဲ့သူပေါင်း ထောင်နဲ့ချီရှိနေပါပြီလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသုံးပြုသူတွေနဲ့ ဝန်ဆောင်မှုပေးတဲ့သူတွေ အချင်းချင်း အလွယ်တကူနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် Application ပြုလုပ်သွားအုံးမှာလည်းဖြစ်ပါတယ်။ လက်ရှိ AyeSay Service မှာ ဝန်ဆောင်မှုရယူ တဲ့အများဆုံး Booking ကတော့ အိမ်ရွှေ့ပြောင်းဝန်ဆောင်မှုပဲဖြစ်ပါတယ်။
AyeSay ဝန်ဆောင်မှုလုပ်ငန်းဟာ အိမ်အတွက်၊ ရုံးခန်းတွေအတွက် အခက်အခဲပေါင်းများစွာကြားကနေ ယုံကြည်ရတဲ့ ဝန်ဆောင်မှုပေးနိုင်သူတွေ ရလာတဲ့အထိ ကြိုးစားရုန်းကန်လာတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ AyeSay Service ကဝန်ထမ်းတွေကိုလည်း လုပ်ရည်ကိုင်ရည် တိုးတက်လာဖို့၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့အတွက် အမြဲပံ့ပိုးပေးပါတယ်။ အရည်အသွေးကောင်းမွန်စေဖို့အတွက်လည်း ဝန်ဆောင်မှုတိုင်းကို အနီးကပ်ကြီးကြပ်မှုပေးသလို ဝန်ဆောင်မှုတွေ တိုးတက်လာဖို့အတွက် အဓိကအရေးပါတဲ့ အသုံးပြုသူတွေဆီက Feedback ကောက်ခံမှုကိုလည်း ပြုလုပ်ပါတယ်” ဟု သူ ကဆက်လက်ပြောကြားခဲ့ပါတယ်။
ယခု အင်တာဗျူးဆောင်းပါးကို ဖတ်ရှုသူတွေအတွက် AyeSay ဝန်ဆောင်မှုရဲ့ ပထမဆုံးဝန်ဆောင်မှု Booking အတွက် promo code “MPT10” ကိုအသုံးပြုပြီး ၂၀၂၂ ဩဂုတ်လ ၃၁ ရက်နေ့အထိ ၁၀ ရာခိုင်နှုန်း လျှော့ဈေးရယူနိုင်အုံးမှာဖြစ်ပါ တယ်။
AyeSay Service ရဲ့ ဝန်ဆောင်မှုအသေးစိတ်ကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.ayesayservices.com