HUAWEI nova Y70 နှင့် HUAWEI nova Y90 တို့အား ပိုမိုသက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

HUAWEI nova Y70 နှင့် 6.7 လက်မ HUAWEI Edgeless FullView Display၊ 40W HUAWEI SuperCharge ပါဝင်သော HUAWEI nova Y90 တို့အား ပိုမိုသက်သာသောဈေးနှုန်းများဖြင့် ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။
Huawei nova Y70 အား ယခင် ၅၅၉,၀၀၀ ကျပ်မှာ ယခု ၄၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Huawei nova Y90 အား ယခင် ၆၉၉,၀၀၀ ကျပ်မှ ယခု ၆၄၉,၀၀၀ ကျပ်ဖြင့် လည်းကောင်း ပိုမိုသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူရ ရှိနိုင်ပြီဖြစ်သည်။

Photo Source https://www.facebook.com/huaweitechmm

HUAWEI nova Y70 အား အကောင်းဆုံးနှင့်လွယ်ကူရိုးရှင်းသော အတွေ့အကြုံများကို ခံစားရစေရန် Features အသစ်များနှင့် လှပသော ဒီဇိုင်းတို့ဖြင့်ထုတ်လုပ်ထားသည်။ HUAWEI nova Y70 သည် 22.5W HUAWEI SuperCharge ကို ထောက်ပံ့ပေးပြီး ၁၀ မိနစ်အားသွင်းရုံဖြင့် ၃ နာရီဆက်တိုက်ဗီဒီယိုများ ကြည့်ရှုနိုင်သည့်အတွက် အပြင်ထွက်သည့်အခါ ဘက်ထရီအားကုန်မှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီ အားကုန်ခါနီးသည့် အခါတွင်လည်း Low Battery Mode ကို ဖွင့်ထားပါက 5 ရာခိုင်နှုန်း အားကျန်ပါကလည်း ၁၂ နာရီကြာ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။
ကြီးမားသော 6000mAh ဘက်ထရီသည် တစ်ပတ်လျှင် နှစ်ခါသာအားသွင်းရန်လိုအပ်ပြီး အရွယ်အစားတူသော အခြား ဘက်ထရီများနှင့်ယှဉ်ပါက သက်တမ်းပိုမိုခံသည်ကို တွေ့ရမည်ဖြစ်သည်။ HUAWEI nova Y70 တွင် အရင်မော်ဒယ်ထက်ပိုကြီးသော 6.75 လက်မရှိသည့် HUAWEI FullView Display ပါဝင်သည့်အတွက် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် ဓါတ်ပုံများကြည့်ရာတွင် ပိုမိုကြီးမားသော မျက်နှာပြင်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ Display ဒီဇိုင်းသည် ပြောင်လက်ရိုးရှင်းပြီး ကျဉ်းမြောင်းသော Notch ဒီဇိုင်းဖြင့်ထုတ်လုပ်ထားကာ မျက်နှာပြင်အချိုးသည် 90.26 ရာခိုင်နှုန်း ရှိသည့်အတွက်ပုံရိပ်များကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
HUAWEI nova Y70 ၏ AI Triple Camera တွင် 48MP High-resolution Main Camera၊ 5MP Ultra-Wide Angle Camera နှင့် 2MP Depth Camera စသော ကင်မရာ ၃ လုံးပါရှိပြီး အရည်အသွေးကောင်းသော ဓါတ်ပုံများကို ရိုက်ကူး နိုင်မည်ဖြစ်သည်။
Main Camera သည် ဓါတ်ပုံများအား အလင်းရောင်ပိုမိုရရှိစေပြီး Portrait နှင့် ရှုခင်းပုံများရိုက်ကူးရာတွင် အကောင်းဆုံး ဓါတ်ပုံများရရှိစေရန် ကူညီပေးသည်။ Ultra-Wide Angle Camera သည် အုပ်စုလိုက်ဓါတ်ပုံရိုက်သည့်အခါ ဓါတ်ပုံဖရိမ်ထဲတွင် လူအကုန်ပါစေရန် ကူညီပေးနိုင်သည်။ Depth Camera သည် ဓါတ်ပုံနောက်ခံအား ဝါးစေပြီး အရာဝတ္ထုအား ရုပ်လုံးပိုကြွစေသည်။ HUAWEI nova Y70 တွင်Triple Camera ပါဝင်သည့်အတွက် ကြိုက်နှစ်သက်ရာ ကင်မရာ Features များကိုရွေးချယ်နိုင်ပြီးအရည်အသွေးကောင်းသည့် ဓါတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။
HUAWEI nova Y70 တွင် ဗီဒီယို ၆၀ ကျော်၊ သီးချင်း‌ပေါင်း ၁၃,၀၀၀၊ ရုပ်ရှင်အပိုင်းပေါင်း ၁၇၀ အထိ သိမ်းဆည်းထားနိုင်သော 128GB Storage ပါရှိသည်။ သိမ်းဆည်းရန် နေရာထပ်မံလိုအပ်ပါက MicroSD Card ထပ်စိုက်နိုင်ပြီး 512GB အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် EROFTS Super File Compression နည်းပညာကြောင့် ဖိုင်များအား လွယ်ကူမြန်ဆန်စွာ ‌Download ပြုလုပ်နိုင်မည်ဖြစ်သည်။
ကြာရှည်ခံသော ဘက်ထရီ၊ ကျယ်ပြန့်သော မျက်နှာပြင်၊ ကောင်းမွန်သော ကင်မရာနှင့် ကြီးမားသော Storage space တို့ပါဝင်သည့် HUAWEI nova Y70 ကို RAM 4 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Pearl White (အဖြူရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား ယခင် ၅၅၉,၀၀၀ ကျပ်မှာ ယခု ၄၉၉,၀၀၀ ကျပ်ဖြင့် ပိုမိုသက်သာစွာဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweitechmm

HUAWEI nova Y90 တွင်ကြည်လင်ပြတ်သားသည့် ရုပ်ကြွပုံများကို ကြည့်ရှုနိုင်မည့် 6.7 လက်မရှိသည့် HUAWEI Edgeless FullView Display၊ 5000 mAh ဘက်ထရီ၊ 40W HUAWEI SuperCharge အပြင် 128GB storage စသည့်အံ့သြဖွယ်ကောင်းသည့် Features များပါဝင်သည်။ HUAWEI nova Y90 တွင် ရုပ်ထွက်အရည်အသွေး ပိုင်းနှင့်ပတ်သက်ပြီး အဆင့်မြင်တင်ထားပြီး အနောက်ဘက်တွင် Super Night Mode၊ Front/ Rear Dual-View ဗီဒီယို၊ AI Snapshot စသည့် ခေတ်မှီဆန်းသစ်သော Features များကို အထောက်အပံ့ပေးသည့် 50MP AI Triple Camera ပါဝင် သည်။ Operating system အနေဖြင့် EMUI 12 အားအသုံးပြုထားသည့်အတွက် အသုံးပြုရာတွင် အဆင်ပြေချောမွေ့သော အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။
HUAWEI nova Y90 တွင် 90 Hz Refresh Rate ကိုအထောက်အပံ့ပေးထားပြီး Touch Sampling Rate မှာ 270Hz ရှိသည့်အတွက် မိုဘိုင်းဂိမ်းကစားရာနှင့် နေ့စဉ်အသုံးပြုရာတွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မျက်နှာပြင်ရှိ ဘေး‌ဘောင်များမှာ အလွန်ကျဉ်းမြောင်းပြီး 1.05mm သာရှိသည်။ Screen-to-body ratio မှာ 94 ရာခိုင်နှုန်း ရှိသည့်အတွက် ရုပ်ထွက်ကြွပြီး ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့်ကြည့်ရှုနိုင်မည်ဖြစ်သည်။
HUAWEI nova Y90 တွင် High-Res 50MP Main Camera၊ 2MP Depth Camera နှင့် 2MP Macro Camera ပါဝင်သည့်အတွက် ကြည်လင်ပြီး အသေးစိတ်ကျသည့်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ 8MP ရှိသော အ‌ရှေ့ကင်မရာမှ Portrait နှင့် Bokeh Effect ကိုအထောက်အပံ့ပေးပြီး နောက်ခံမြင်ကွင်းကို ဝါးပေးကာ လှပသော Selfie ပုံများကိုရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ Huawei Beauty Mode 5.1 မှ ပိုမိုချောမွေ့သော အသားအရည်နှင့်အလင်းရောင် အားကောင်းသောပုံရိပ်များကို ရရှိစေမည်ဖြစ်သည်။ AI Algorithm မှ ဓါတ်ပုံရိုက်ရာတွင် ပိုမိုကြည့်ကောင်းသော အသားအရည် ရရှိစေရန်ကူညီပေးမည်ဖြစ်သည်။
HUAWEI nova Y90 တွင် ကြီးမားသော 5000 mAh (typical value) ဘက်ထရီပါဝင်သည့်အတွက် ခရီးသွားခြင်း၊ အိမ်တွင်ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဖုန်းပြောခြင်းစသည်တို့ပြုလုပ်ရာတွင် ဘက်ထရီအားကုန်မှာစိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
HUAWEI nova Y90 တွင် 40W Pyramid Structure HUAWEI SuperCharge ထည့်သွင်းပေးထားသည့်အတွက် ၁၀မိနစ် အားသွင်းရုံဖြင့် ၂.၃ နာရီကြာ ဂိမ်းကစားနိုင်မည်ဖြစ်သည်။ ထို့ပြင် 128GB Storage ပါဝင်သည့်အတွက်လည်း ကြိုက်နှစ်သက်ရာ Applicationများ၊ ဂိမ်းများ၊ အလုပ်နှင့် လေ့လာသင်ယူရာတွင် လိုအပ်သော ဖိုင်များအား စိတ်ကြိုက်သွင်းနိုင်မည်ဖြစ်သည်။
HUAWEI nova Y90 ကို RAM 8 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Emerald Green (အစိမ်းရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိမှာ ဖြစ်သည်။ တန်ဖိုးအားဖြင့် ယခင် ၆၉၉,၀၀၀ ကျပ်မှ ယခု ၆၄၉,၀၀၀ ကျပ်ဖြင့် ပိုမိုသက်သာစွာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။