ဖုန်းထဲတွင် ထည့်ထားသင့်သော စာပေလေ့လာနိုင်မည့် Application များ

သွားလေရာကို စာအုပ်သယ်သွားစရာမလိုဘဲ ဖုန်းရှိရုံနဲ့ စာအုပ်တွေ အလွယ်တကူ စာဖတ်နိုင်မယ့် App လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/yaymaltraining/posts/153063369610612

(၁) Wun Zin App
ဝန်ဇင်းကတော့ စာဖတ်သူတော်တော်များများနဲ့ ရင်းနှီးနေပြီးသားပါ။ ဝတ္ထု၊ မဂ္ဂဇင်း၊ ကာတွန်းစာအုပ်မျိုးစုံကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာစကားပုံ၊ ဗုဒ္ဓဝင်ရုပ်ပြကာတွန်းတွေနဲ့ ကလေးတွေအတွက် ပုံပြင်စာအုပ်တွေလည်း ရှိတာကြောင့် အသုံးဝင်ပြီး အကျိုးရှိတဲ့ App တစ်ခုဖြစ်ပါတယ်။ ios မှာရော Android မှာပါ ထည့်သွင်းနိုင်ပါတယ်။
(၂) MMBookshelf – Myanmar Books App
သုတ၊ ရသစာအုပ်တွေအပြင် ကျန်းမာရေးလမ်းညွှန်စာအုပ်တွေနဲ့ ကဗျာစာအုပ်တွေပါ စုံလင်စွာရှိတဲ့ App ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းသတင်း၊ မှုခင်း၊ အားကစား၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ၊ နည်းပညာ စတဲ့ သတင်းအစုံအလင်ကိုလည်း ဖတ်ရှုနိုင်လို့ ထည့်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ ios မှာရော Android မှာပါ ထည့်သွင်းနိုင်ပါတယ်နော်။
(၃) Save The Library App
စာကြည့်တိုက်များကွန်ရက် ဆိုတဲ့နာမည်လေးအတိုင်း မြို့နယ်အစုံက စာကြည့်တိုက်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Resource Center တွေ၊ စာအုပ်အညွှန်းနဲ့ သတင်းတွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ios မှာရော Android မှာပါ ထည့် သွင်းနိုင်ပါတယ်။
(၄) MPT Books App
ဝတ္ထုစာအုပ်တွေ၊ ကာတွန်းစာအုပ်တွေအပြင် မဂ္ဂဇင်းတွေနဲ့ ဂျာနယ်များစွာကို download လုပ်ပြီး အချိန်မရွေး ဖတ်ရှုနိုင်တဲ့ သုံးရလွယ်ကူတဲ့ App လေးပါ။ios မှာရော Android မှာပါ ထည့်သွင်းနိုင်ပါတယ်။
(၅) Shwe Nar Sin Audio Book App
စာဖတ်ဖို့ အချိန်မပေးနိုင်သူတွေနဲ့ ကျန်းမာရေးအရ အချိန်အကြာကြီး စာဖတ်ဖို့ အခက်အခဲ ရှိသူတွေအတွက် သုတရသစုံလင်တဲ့ စာအုပ်များစွာကို အသံသွင်းပေးထားလို့ တကယ်အသုံးတည့်တဲ့ App လေးပါ။ Android ဖုန်းတွေ အတွက်ပဲ ရပါသေးတယ်။

Source Yay Mal Training