ဖုန်းဖြင့် စာရေးရင် အသုံးပြုပြုသင့်သော Application များအကြောင်း

ဖုန်းနဲ့ စာရေးချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် App လေး တချို့ကို  ဝေမျှပေးချင်ပါတယ်။

Photo Source https://web.facebook.com/yaymaltraining/posts/144042983845984

(၁) Gboard
Gboard က ဖုန်းထဲမှာ စာရိုက်တဲ့ကီးဘုတ်တစ်မျိုးပါ။ သူက ဖုန်းတော်တော်များများနဲ့လည်းအဆင်ပြေပြီး ဇော်ဂျီ၊ ယူနီကုဒ် တွေကို တိတိကျကျ ရိုက်နိုင်တဲ့အပြင် အသံနဲ့ပါ အော်တိုစာရိုက်ခိုင်းတဲ့ စနစ်ပါပါတယ်။ တကယ်အသုံးတည့်တဲ့ app တစ်ခု ဖြစ်ပါတယ်။
(၂) Rabbit Converter
ဒီ app လေးကတော့ စာတွေကို Zawgyi နဲ့ Unicode ကို အပြန်အလှန်ပြောင်းပေးတဲ့ converter app လေးပါ။ တခြား app တွေလည်း အများကြီးရှိပေမယ့် ဒါလေးကတော့ လတ်တလော သုံးရတာ တော်တော်အဆင်ပြေနေပါတယ်။
(၃) Myanmar Spelling
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း က စာလုံးပေါင်း သတ်ပုံ စစ်လို့ရတဲ့ app လေးဆိုတော့ ဝရိုက်တာတို့အနေနဲ့ စာရေးရင်း ဇဝေဇဝါဖြစ်တဲ့အခါ စာလုံးပေါင်းတွေကို app ထဲမှာ ရှာကြည့်လို့ရတော့ ဖုန်းထဲမှာ မရှိမဖြစ်ထည့်ထားသင့်ပါတယ်…
(၄) Google Keep
ဖုန်းတိုင်းလိုလိုတော့ Note app ပါတတ်ကြပါတယ် ဒါပေမယ့် ဖုန်းထဲရေးထားတဲ့စာတွေကို ကွန်ပျူတာကနေ ဝင်ကြည့်ချင်တဲ့အခါ Browser ကနေ G Mail အကောင့်ကို ချိတ်လိုက်တာနဲ့ ကြည့်လို့ရနိုင်ပါတယ်။
(၅) Google Translate
Google Translate ကလည်း ထည့်ထားသင့်တဲ့ app လေးပါ မိမိဘာသာပြန်လိုတဲ့ စာတွေကို ဓာတ်ပုံရိုက်ပြီးတော့ပဲဖြစ်ဖြစ် လက်ရေးနဲ့ပဲရေးရေး အသံထွက်ပဲဆိုဆို မြန်မာဘာသာ (သို့မဟုတ်) နှစ်သက်ရာ ဘာသာစကားသို့ ပြောင်းလဲဖော်ပြပေးတဲ့အတွက် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ စာရေးနည်းနဲ့ အသက်မွေးတော့မယ်ဆိုရင် ဒီ app တွေတော့ မဖြစ်မနေ ထည့်ထားသင့်ပါတယ်။
ဒီ App တွေကို အသုံးပြုချင်ရင်တော့ ios ဖုန်းများအနေနဲ့ App Store မှာ download ရယူနိုင်ပြီး Android ဖုန်းများအတွက်ကတော့ Play Store ကနေ ရယူ သုံးစွဲနိုင်ပါတယ်။

Soure Yay Mal Training