Realme 5i စမတ်ဖုန်းအား ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ကာ ကျပ် ၂၂၉၉၀၀ ဖြင့်စတင်ရောင်းချမည်

Realme 5i စမတ်ဖုန်းအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၂၂၉၉၀၀ ဖြင့်စတင်ရောင်းချသွား မည်ဖြစ်ကြောင်းသိရသည်။ Realme 5i စမတ်ဖုန်း၏ မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ ရန်ကုန်မြို့ lotte Hotel တွင်ကျင်းပခဲ့သည်။

Photo Source – https://www.facebook.com/realmeMyanmar/

“အခု ကျွန်တော်တို့ Realme 5 Series ကိုစတင်ထုတ်လုပ်ရောင်းချတဲံအချိန်ကစပြီး ရောင်းအားက ခြောက်သန်းကျော်ရှိခဲ့ပါ တယ်။ သိမကြာခင်မှာလည်း Realme ရဲ့ နောက်ထပ် Product အသစ်တွေကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အခု Realme 5 Series ထဲကို အသစ်ထပ်မံဝင်ရောက်လာတဲ့ Realme 5i ပဲဖြစ်ပါတယ်။ Realme 5i မှာကောင်းမွန်တဲ့ ထူးခြားချက်တွေ များစွာပါဝင်ပါတယ်။။ ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ Realme 5i ဟာ တကယ်ကိုထူးခြားတဲ့ဒီဇိုင်းတစ်ခုနဲ့ ဒီ Model မှာထည့်သွင်းထားပါတယ်။ နောက်ခံဒီဇိုင်းကလည်း နေရောင်မှာကြည့်တဲ့အခါ အရောင်ဖြာကျနေတဲ့ မတူညီတဲ့ဒီဇိုင်းဆန်း တစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ကင်မရာလေးလုံးရဲ့ အရာသာကိုသိမမြင်နိုင်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာ မြန်မာကျပ်ငွေ ၂၂၉၉၀၀ နဲ့စတင်ရောင်းချမှာသွားမှာဖြစ်ပါတယ်” ဟု Realme ၏ Brand Manager ကိုဝေဖြိုးက ပြောကြားသည်။

Photo Source – https://www.facebook.com/realmeMyanmar/

ဖုန်းအရောင်အနေဖြင့် Forest Green နှင့် Aqua Blue အရောင်နှစ်မျိုးဖြစ်ပါတယ်။ Realme 5i ၏ Specifications များအနေ ဖြင့် သေးငယ်သော Dewdrop Notch ပါဝင်သည့် IPS LCD Display ကိုအသုံးပြုပေးထားသည်။ ဖုန်း၏ အနောက်ဘက်တွင် အကြမ်းခံသော Polycarbonate Material ကိုအသုံးပြုပေးထားပြီး Design အားဖြင့် Sunrise Design အသစ်ကို အသုံးပြု ထားခြင်းလည်းဖြစ်သည်။ Fingerprint Scanner အားဖုန်း၏ နောက်တွင်တပ်ဆင်ထားသည်။ 6.52 လက်မရှိသော Screen ဖြင့် 720 x 1600 Pixels HD+ Resolution ပါရှိသည်။ 4 GB LPDDR4x RAM နှင့် Internal Storage အား 64 GB အထိရွေးချယ်နိုင်မည်ဖြစ်သည်။
အလေးချိန်အားဖြင့် ၁၉၅ ဂရမ်ရှိပြီး ၉.၃ မီလီမီတာအထူရှိသည်။ မျက်နှာပြင်အကျယ် ၆.၅၂ လက်မရှိပြီး Mini-Drop FullScreen ကိုအသုံးပြုပေးထားသည်။ Android 9.0 (Pie) ကိုအသုံးပြုပေးထားပြီး Android 10.0 နဲ့ ColourOS 6 အထိတိုးမြှင့်အသုံးပြုနိုင်မည်လည်းဖြစ်သည်။ Performance ပိုင်းအတွက် Snapdragon 665 AIE ကိုအသုံးပြုထားပြီး CPU အတွက် Octa-cora နှင့် GPU အတွက် Adreno 610 ကိုအသုံးပြုထားသည်။

Photo Source – https://www.facebook.com/realmeMyanmar/

720 x 1600 Resolution ပုံထွက်ကိုရရှိမှာဖြစ်ပြီး Ram 4 GB Rom 64 GB ကိုအသုံးပြုထားသည်။ Massive Battery 5000mAh ကိုအသုံးပြုထားပြီး တစ်ခြားဖုန်းများကို အားပြန်သွင်းပေးနိုင်သည့် Reverse Charging စနစ်လည်းပါဝင်မည်ဖြစ်သည်။ Ultra-Wide Quad Camera ကိုအသုံးပြုထားပြီး Super Nightscope 2.0 နဲ့ Video Stability တို့ပါဝင်သည်။ Front Camera အဖြစ် 12MP (Wide)၊ 8MP (Ultrawide)၊ 2MP (Dedicated macro camera) နဲ့ 2MP (Depth sensor) တို့ပါဝင်မည်ဖြစ်သည်။ Selfie Camera သည်လည်း 8MP ရှိပြီး HDR mode နဲ့ Panorama mode အထိအသုံးပြုနိုင်မည်ဖြစ် သည်။
အဆိုပါ Realme 5i စမတ်ဖုန်းမိတ်ဆက်ပွဲအခမ်းအနားတွင် Realme ၏ ထုတ်ကုန်သစ်တစ်ခုဖြစ်သော Buds Air ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၇၀၀၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။ အရောင်မှာ အဖြူရောင်ကို စတင်ရောင်းချပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အဝါရောင်ကိုလည်း ဆက် လက်ရောင်းချပေးသွားမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/realmeMyanmar/