Image Source: https://www.facebook.com/house.com.mm
တန်းဖိုးနည်း တိုက်ခန်းငယ်တွေကစပြီး အဆင့်မြင့် ကွန်ဒိုတိုက်ခန်းတွေအထိ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်မယ့် Housing & Lifestyle Expo 2017 အိမ်ခြံမြေနဲ့ လူ့အသုံးအဆောင် ကုန်စည်ပြပွဲကို ရန်ကုန်မြို့မင်းဓ္ဓမလမ်းက MCC ခန်းမမှာ ဇွန်လ(၂၃)ရက်နေ့ကနေ (၂၅)ရက်နေ့အထိ (၃)ရက်တိုင်တိုင် မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိ ကံစမ်းမဲအစီအစဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ရှိပါတယ်။
နောက်ဆုံးရသတင်း ၊ ထုတ်ပြန်ကြေငြာချက်များနှင့် ပြပွဲများ
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ ပြုလုပ်မယ့် MCPA Day နဲ့ Career Fair
Image Source: https://www.facebook.com/mcpamyanmar.org
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းပြီး MCPA Day ကို လာမယ့်ဇူလိုင်လ(၂၁)ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ နေရာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ထဲမှာပါပဲ။ MCPA Day ပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ MCPA အသင်းတိုင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
(၃)ကြိမ်မြောက် UCSY IT CAMP 2017 ဇွန်လ(၁၄)ရက်တွင် ပြုလုပ်မည်
Image Source: https://www.facebook.com/ucsy.it.camp/
ပြည်တွင်းမှ IT ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကျောင်းသား/သူများ ပါ၀င်ပြီး ခေတ်နှင့်အညီတိုးတက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများအား ဆွေနွေးဖလှယ်ကြမည့် တတိယအကြိမ်မြောက် UCSY IT CAMP 2017 ကို ဇွန်လ(၁၄)ရက် (ဗုဒ္ဓဟူးနေ့)၊ မနက်(၉)နာရီမှ ညနေ(၄:၃၀)နာရီအထိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
YBS ကိုတိုင်ကြားဖို့ YBR မှာစုရုံးစို့
YBS ဆိုတာ ရန်ကုန်တစ်မြို့တည်းနဲ့ သက်ဆိုင်ပေမယ့် မြန်မာတစ်ပြည်လုံးက လူတွေအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ လေး၊ငါးလလောက်ကမှ စပေါ်ခဲ့တဲ့YBS ဟာ ပထမဆုံးနေ့မှာတင်ပဲ မြန်မာတစ်ပြည်လုံးကို ဟိုးဟိုးကျော်သွားခဲ့ရလောက်တဲ့အထိ ရန်ကိုမြို့ကိုဗြောင်းဆန်အောင် မွှေနောက်ခဲ့တဲ့ ဆရာကြီးပါ။
လိုင်းကားပြဿနာတွေ တိုင်ကြားနိုင်တဲ့ Yangon Bus Report app
Image Source: https://play.google.com/store/apps
Yangon Bus Report ဆိုတဲ့ ဒီအပလီကေးရှင်းလေးဟာ ရန်ကုန်မြို့သူ/သားတွေ နေ့စဉ်ကြုံတွေနေရတဲ့ YBS လိုင်းကားပေါ်က ပြဿနာတွေကို YRTA ကတစ်ဆင့် သက်ဆိုင်ရာ Bus Operator တွေဆီသို့ အထောက်အထားတွေနဲ့တကွ တိုင်ကြားနိုင်တဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးပဲ ဖြစ်ပါတယ်။ ဒီလို YBS နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို အွန်လိုင်းကတစ်ဆင့် တိုင်ကြားနိုင်တဲ့ တစ်ခုတည်းသော အပလီကေးရှင်းပဲ ဖြစ်ပါတယ်။