Image Source: https://play.google.com/store/apps
Yangon Bus Report ဆိုတဲ့ ဒီအပလီကေးရှင်းလေးဟာ ရန်ကုန်မြို့သူ/သားတွေ နေ့စဉ်ကြုံတွေနေရတဲ့ YBS လိုင်းကားပေါ်က ပြဿနာတွေကို YRTA ကတစ်ဆင့် သက်ဆိုင်ရာ Bus Operator တွေဆီသို့ အထောက်အထားတွေနဲ့တကွ တိုင်ကြားနိုင်တဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးပဲ ဖြစ်ပါတယ်။ ဒီလို YBS နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို အွန်လိုင်းကတစ်ဆင့် တိုင်ကြားနိုင်တဲ့ တစ်ခုတည်းသော အပလီကေးရှင်းပဲ ဖြစ်ပါတယ်။
ဒီအပလီကေးရှင်းလေးကို ထိန်းချုပ်တဲ့ လူတွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေတော့ မဟုတ်ပါဘူး။ သူကို့ဖန်တီးလိုက်တဲ့ နည်းပညာပမားတွေပဲ ဖြစ်ပါတယ်။ ဒီလူတွေက တစ်နေ့တာတက်လာတဲ့ တိုင်ကြားစာတွေကို သေချာစိစစ်ပြီး ယာဉ်လိုင်းအလိုက်၊ အမျိုးအစားအလိုက်ခွဲခြားပြီး YRTA ကတစ်ဆင့် သက်ဆိုင်ရာ Bus Operator တွေဆီသို့ ပေးပို့တိုင်ကြားခြင်းမျိုး ဖြစ်ပါတယ်။
အသုံးပြုဖို့အတွက် အင်တာနက်လိုင်းလိုပါတယ်။ ဒီအပလီကေးရှင်းလေးမှာ တစ်နေ့တာ တိုင်တန်းထားသမျှတွေကို မြင်တွေ့ရပါလိမ့်မယ်။ ပြီးတော့ ယာဉ်လိုင်းများ၊ အရေးယူပြီးသော တိုင်တန်းမှုများ၊ YBS နဲ့သက်ဆိုင်သည့် သတင်းများ၊ ထုတ်ပြန်ချက်များ၊ နဲ့ ယာဉ်လိုင်းတစ်ခုချင်းစီကို အမှတ်ပေးတဲ့စနစ်များလည်းပါ၀င်ပါတယ်။
YBS နဲ့ပက်သက်ပြီး တစ်စုံတစ်ရာ တိုင်ကြားလိုပါက အဖြစ်အပျက်အမျိုးအစား၊ အကြောင်းအရာအစုံအလင်၊ ဓာတ်ပုံ၊ ယာဉ်လိုင်းနံပါတ်၊ ကားနံပါတ်တို့ အစုံအလင်နဲ့ တိုင်ကြားရမှာဖြစ်ပါတယ်။