အရေးပေါ်အခြေအနေနဲ့ မိမိပတ်၀န်းကျင်အကြောင်း Report လုပ်နိုင်တဲ့ Safe Cities Mobile App

Actionaid Myanmar ကနေ စီစဉ်ဖန်တီးလိုက်တဲ့ Safe Cities Mobile App ရဲ့ လူထုပတ်၀န်းကျင်ကို ထိန်းသိမ်းပြင်ဆင်ရေးတွေမှာ အသုံး၀င်ပုံတွေကို တင်ပြပေးလိုပါတယ်။ ဒီအပလီကေးရှင်းကို ယခုလဆန်းပိုင်းကမှ Actionaid Myanmar ကနေပြီး မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီမိတ်ဆက်ပွဲမှာ တာ၀န်ရှိသူတွေ ပြောကြားခဲ့တဲ့ ဒီအပလီကေးရှင်းရဲ့ အဓိကရည်ရွယ်ချက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ပတ်၀န်းကျင်လုံခြုံရေးကို စောက်ရှောက်ပေးရေးကို ဦးစားပေးထားတယ်လို့ သိခဲ့ရပါတယ်။

Read more

နည်းပညာကျောင်းသားတွေကို မျက်စိဖွင့်ပေးမယ့် UCSY IT-Camp

Image Source: https://www.facebook.com/ucsy.it.camp/

UCSY IT-Camp ဆိုတာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ) ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြုလုပ်တဲ့ ပြည်တွင်းက IT သမားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို နည်းပညာကျောင်းသားကျောင်းသူ တွေဆီသို့ မျှဝေဖို့အတွက် အားလုံးပါ၀င်ပြီး အပြန်အလှန်ဆေးနွေး ဟောပြောကြတဲ့ တွေ့ဆုံပွဲလို့ အလွယ်တကူ ပြောနိုင်ပါတယ်။

Read more

(၃)ကြိမ်မြောက် UCSY IT CAMP 2017 ဇွန်လ(၁၄)ရက်တွင် ပြုလုပ်မည်

Image Source: https://www.facebook.com/ucsy.it.camp/

ပြည်တွင်းမှ IT ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကျောင်းသား/သူများ ပါ၀င်ပြီး ခေတ်နှင့်အညီတိုးတက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများအား ဆွေနွေးဖလှယ်ကြမည့် တတိယအကြိမ်မြောက် UCSY IT CAMP 2017 ကို ဇွန်လ(၁၄)ရက် (ဗုဒ္ဓဟူးနေ့)၊ မနက်(၉)နာရီမှ ညနေ(၄:၃၀)နာရီအထိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Read more

မြန်မာကီးဘုတ် လူသုံးအများဆုံး ၃ မျိုး (၂၀၂၆ အခြေအနေ) – ပုဂံ၊ Frozen၊ TTKeyboard

အပ်ဒိတ် (၂၀၂၆ အောက်တိုဘာ ၁၃) – ဒီဆောင်းပါးကို ၂၀၁၇ ခုနှစ်မှာ ရေးခဲ့တာပါ။ ဖော်ပြထားတဲ့ ကီးဘုတ် ၃ မျိုး ယနေ့ထိ ရှိနေသေးလားဆိုတာကို Google Play နဲ့ App Store မှာ ပြန်စစ်ကြည့်ပြီး အောက်ပါအတိုင်း အကျဉ်းချုပ်ထားပါတယ်။ ၃ မျိုးလုံး ဒေါင်းလုဒ်ရယူနိုင်ဆဲဖြစ်ပြီး၊ ၃ မျိုးလုံး ယူနီကုဒ်ဖြင့် ရိုက်နိုင်ပါတယ်။

ကီးဘုတ် Android (Google Play) iPhone နောက်ဆုံး update (Android)
ပုဂံကီးဘုတ် (Bagan Keyboard) ဒေါင်းလုဒ် 10M+ ・ ★4.6 – ၂၀၂၆ အောက်တိုဘာ ၅
Frozen Keyboard ဒေါင်းလုဒ် 10M+ ・ ★4.5 – ၂၀၂၆ စက်တင်ဘာ ၃၀
TTKeyboard ဒေါင်းလုဒ် 1M+ ・ ★4.3 App Store ・ ★4.3 ၂၀၂၃ အောက်တိုဘာ ၁၀
  • ပုဂံကီးဘုတ် – Google Play ပေါ်တွင် ယူနီကုဒ်လက်ကွက် ၃ မျိုး (Bagan Style၊ သင်ပုန်းကြီး Style၊ Unicode Style)၊ ဇော်ဂျီ→ယူနီကုဒ် Converter၊ ရှမ်း၊ မွန်၊ ထိုင်း ကီးဘုတ်များ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၇ က ဇော်ဂျီကို အဓိကထားခဲ့ပေမယ့် ယခုအခါ ယူနီကုဒ်ကို အပြည့်အဝ ထောက်ပံ့ထားပါပြီ။
  • Frozen Keyboard – ယူနီကုဒ်၊ ဇော်ဂျီ၊ အင်္ဂလိပ် ရိုက်နိုင်ပြီး လက်ကွက်အသစ်/အဟောင်း ရွေးနိုင်ကြောင်း၊ ဖုန်းရဲ့ ဖောင့်ကို ကြည့်ပြီး လက်ကွက်ကို အလိုအလျောက် ရွေးပေးကြောင်း ဖော်ပြထားပါတယ်။
  • TTKeyboard – iPhone အတွက် App Store မှာ ဆက်ရှိနေပြီး MyanSan (ယူနီကုဒ်)၊ ZawGyi၊ ရှမ်း၊ မွန်၊ စကော ကရင် စသည့် လက်ကွက်များ ပါဝင်ပါတယ်။ Android ဗားရှင်းကတော့ ၂၀၂၃ အောက်တိုဘာ နောက်ပိုင်း update မရှိသေးပါ။

အထက်ပါ ဒေါင်းလုဒ်အရေအတွက်၊ အဆင့်သတ်မှတ်ချက်နှင့် ရက်စွဲများသည် ၂၀၂၆ အောက်တိုဘာ ၁၃ တွင် စတိုးများမှ ကြည့်ရှုထားခြင်း ဖြစ်ပါတယ်။ “ဘယ်ကီးဘုတ်ကို လူအများဆုံးသုံးသလဲ” ဆိုတဲ့ တရားဝင် စာရင်းအင်းကိုတော့ ရှာမတွေ့ပါ။ ဒေါင်းလုဒ်အရေအတွက်ကို ကြည့်ရင် ပုဂံနဲ့ Frozen က 10M+ အဆင့်တူဖြစ်ပါတယ်။ အောက်ပါ ၂၀၁၇ မူရင်းဆောင်းပါးထဲက အသုံးပြုသူ ရာခိုင်နှုန်း၊ Activate လုပ်ရန် ကျပ် ၁၅၀၀ စတဲ့ အချက်တွေကို ယနေ့အခြေအနေနဲ့ ပြန်လည်မစစ်ဆေးရသေးပါ။

၂၀၁၇ ခုနှစ် မူရင်းဆောင်းပါး

အခုဆိုရင် မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်း အသုံးပြုနေကြပါပြီ။ ဒီလိုမိုဘိုင်းလ်ဖုန်း အသုံးပြုကြတဲ့ နေရာမှာလည်း ခေတ်နဲ့အညီ စမတ်ဖြစ်ဖို့ အလေးထားလာကြတာရယ်၊ အသုံး၀င်မှုကို ဦးစားပေးလာကြတာတွေကြောင့် Keypad ဖုန်းလေးတွေထက် Touch Screen ဖုန်းတွေကိုပဲ အသုံးများလာကြပါတယ်။ သေချာစိစစ်ပြီး သုတေသနလုပ်ထားတဲ့ သတင်းတွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူဦးရေရဲ့ (၈၀)ရာခိုင်နှုန်းလောက်က Touch Screen ဖုန်းတွေကိုပဲ အသုံးပြုကြပါတယ်။

Read more

(၂၄)နာရီပတ်လုံး ဆရာ၀န်နဲ့တိုက်ရိုက် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးနိုင်တဲ့ Doctor On Call App

နည်းပညာတွေတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဆိုသလိုပဲ တစ်ချို့သေားအရာတွေကလည်း လုပ်ရကိုင်ရတာ အရမ်းလွယ်ကူ လို့လာနေပါပြီ။ အခုရန်ကုန်မြို့မှာ ခေတ်စားနေတဲ့ Taxi ငှားဖို့ လမ်းထွက်စရာမလိုဘဲ အိမ်ကနေဖုန်းဆက်လိုက်ရုံနဲ့ သင့်တင့်လိုအပ်တဲ့ အာမခံချက်တွေနဲ့ ၀န်ဆောင်မှုပေးနေကြတဲ့ Taxi Service တွေလိုပဲ ကျန်းမာရေးအတွက် နေရာ၊ အချိန် ကိုထည့်တွက်စရာ လုံး၀မလိုဘဲ ဆရာ၀န်တွေကိုယ်တိုင် တိုက်ရိုက်၀န်ဆောင်မှုပေးနေတဲ့ Doctor On Call ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။

Read more