Image Source : https://visualhunt.com
ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတွေဟာ နွေကျောင်းပိတ်ရက်တွေမှာ နည်းပညာကျောင်သားလေးတွေကို အလုပ်သင်အနေနဲ့ ခန့်ထားပြီး အလုပ်ပေးလေ့ရှိကြပါတယ်။ ကျောင်းသားတွေအနေနဲ့ကလည်း နောင်တစ်ချိန်ကျောင်းပြီးတဲ့အခါ အလုပ်ခွင်၀င်ရေးအတွက် လုပ်ငန်းအတွေ့အကြုံတွေ ရရှိနေစေဖို့ ၀င်ရောက်လုပ်ကိုင်လေ့ရှိကြပါတယ်။
အမြဲတမ်း၀န်ထမ်းမဟုတ်တဲ့ ဒီလိုအလုပ်သင်လူငယ်လေးတွေကို ပေးတဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ လစာကတော့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် တကယ်ကိုအံ့အားသင့်စရာပါပဲ။