ဆရာ၀န်တွေထက် စက်ရုပ်တွေက မျက်လုံးခွဲစိတ်မှုမှာ ပိုတော်နေ

Image Source : https://pixabay.com

အခုတော့ ကမ္ဘာကြီးမှာစက်ရုပ်တွေကို နေရာစုံ၊ကဏ္ဍစုံမှာ အသုံးပြုနေကြပါတယ်။ လုပ်ငန်းခွင် အမျိုးအစားအလိုက် စက်ရုပ်တွေရဲ့ ပုံသဏ္ဍာန်တွေ၊ အရွယ်အစားတွေ ကွဲပြားတာကလွဲလို့ လုပ်ဆောင်နိုင်စွမ်းတွေကတော့ နေရာဒေသအလိုက် တကယ့်လိုအပ်ချက်ကို ပြည့်မီအောင်စွမ်းဆောင်နိုင်ကြပါတယ်။ လူတွေလုပ်ဖို့ မလွယ်ကူနိုင်တဲ့အရာတွေ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာဆိုရင် စက်ရုပ်တွေကိုပဲ အဓိကအားကိုးနေကြရပါတယ်။ ဆေးပညာနဲ့ ကုသရေးပိုင်းတွေမှာတော့ စက်ရုပ်တွေကို အသုံးပြုတာ နည်းပါးနေပါသေးတယ်။ ဒါပေမယ့် ဗြီတိန်နိုင်ငံဆေးရုံတစ်ခုရဲ့ ပြီးခဲ့တဲ့အပတ်က မျက်လုံးခွဲစိတ်မှုတစ်ခုမှာ စက်ရုပ်တွေကို စမ်းသပ်အသုံးပြုသွားခဲ့ပါတယ်။ ဒါဟာမျက်လုံးခွဲစိတ်မှုတွေမှာ စက်ရုပ်တွေကိုသုံးတာ ပထမဆုံးပါပဲ။ ခွဲစိပ်မှုရလဒ်တွေအရ စက်ရုပ်တွေရဲ့ လုပ်ဆောင်ချက်တွေက အတွေအကြုံရှိ ဆရာ၀န်တွေထက်တောင် ပိုပြီးတိကျနေပါသေးတယ်။ အဲဒီခွဲစိတ်မှု သတင်းနဲ့ပက်သက်ပြီး အချက်အလက်အပြည့်အစုံကို ဒီလင့်ခ် ထဲကဖော်ပြချက်တွေကို အောက်မှာဆက်လက်မျှ ေ၀ပေးသွားပါမယ်။

စက်ရုပ်များကို နယ်ပယ်ပေါင်းစုံမှာ အသုံးချလာနိုင်ကြပါပြီ။ အခုလည်း ဗြိတိန်ဆေးရုံတစ်ခုက မျက်လုံးခွဲစိတ်ရာမှာ ဆရာဝန်များထက် ပိုမိုတိကျတဲ့ စက်ရုပ်များ တီထွင်လိုက်ပါတယ်။ ဆေးရုံကမျက်လုံးခွဲစိတ် တဲ့ ဆရာဝန်များနဲ့ စက်ရုပ်များကိုယှဉ်ပြိုင်တဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုမှာလူနာ ၆ ဦးစီရဲ့ မြင်လွှာမှ အမြှေးပါးကို ဆရာဝန်အဖွဲ့နဲ့ စက်ရုပ်အဖွဲ့တို့က ဖယ်ရှားပေးရတာ ဖြစ်ပါတယ်။

“ မျက်လုံးခွဲစိတ်မှုမှာ စက်ရုပ်များကိုအသုံးပြုတာ ဒါဟာပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြင်လွှာခွဲစိတ်မှုမှာ အသုံးပြုတဲ့ ကိရိယာများကို စက်ရုပ်ကကိုင်တွယ် အသုံးပြုနိုင်ပါတယ်” လို့ Nuffield Department of Clinical Neurosciences ရှိ Medical Sciences ဌာနမှ သုတေသနအဖွဲ့ဝင် Marco Bellini က ပြောပါတယ်။

မျက်လုံးခွဲစိတ်တဲ့ စက်ရုပ်ကိုနယ်သာလန် အင်ဂျင်နီယာကုမ္ပဏီ Preceyes က ဖန်တီးထားတာ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ အားသာချက်က ဆရာဝန်များပြုလုပ်ဖို့ ခက်ခဲတဲ့ ခွဲစိတ်မှုများကို တိကျစွာ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ စက်ရုပ်ကို ခွဲစိတ်ဆရာဝန်က Display နဲ့ Joystick ကနေထိန်းချုပ်နိုင်ပါတယ်။ ဒီလိုထိန်းချုပ် ခွဲစိတ်ခြင်းဟာ ဆရာဝန်များထက် တိကျမှု အပိုင်းမှာ ၁၀ ဆ ပိုမိုကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ ဆရာဝန်အဖွဲ့ ယှဉ်ပြိုင်ပွဲမှာ စက်ရုပ်အဖွဲ့ဟာ မြင်လွှာကိုထိခိုက်မှု အလွန် နည်းပါးစေတာကို တွေ့ရ ပါတယ်။

ဒီစမ်းသပ်မှုကိုအခြေပြုပြီး Preceyes က စက်ရုပ်များရဲ့ စွမ်းရည်ကိုပိုမို တိုးတက်အောင် ဖန်တီးနေတယ်လို့ Bellini က ပြောပါတယ်။