အမေရိကန်သံရုံးနှင့်စင်တာသို့ လက်တော့ယူဆောင်လာခွင့် ပိတ်ပင်လိုက်

Image Source : https://www.facebook.com/usembassy.rangoon

အမေရိကန်သံရုံးနှင့်စင်တာသို့ လာရောက်သူများ လက်တော့ယူဆောင်လာခွင့်ကို ယခုလ(၁၅) ရက်နေ့မှစတင်ပြီး ပိတ်ပင်လိုက်သည်။ ထိုသို့တားမြစ်ရခြင်းမှာ ခြံ၀င်းနှင့် အဆောက်အဦတွင်းသို့ ၀င်ရောက်ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ပိုမိုမြန်ဆန်စေရေးအတွက် ဖြစ်သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကယ်၍ မတော်တဆယူဆောင်လာမိပါကလည်း ဂိတ်ပေါက်၌ပင် သိမ်းဆည်းပေးထားမည် မဟုတ်ကြောင်း ပါရှိသည်။

ထိုသို့လက်တော့များ ယူဆောင်လာခွင့်မပြုသည့်အပြင် လက်ကိုင်ဖုန်းအပါအ၀င် တစ်ကိုယ်ရေသုံး အီလက်ထရောနစ်ပစ္စည်းများနှင့် ခန္ဓကိုယ်၌တပ်ဆင်ထားသည့် ကျန်းမာရေးစက်ကိရိယာများကိုပါ မယူဆောင်လာကြရန်နှင့် အကယ်၍ မဖြစ်မနေယူဆောင်လာရမည် ဆိုပါကလည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးသွားမည်ဖြစ်သည်။