ကော်ဖီမှာရုပ်ပုံဖော်ပေးတဲ့ ပရင်တာ

Image Source : https://www.aliexpress.com

မိမိသောက်မယ့်ကော်ဖီကို စိတ်ကြိုက်ဓာတ်ပုံတစ်ပုံနဲ့ ပုံဖော်ပေးတဲ့ ပရင်တာကို နိုင်ငံကြီးတွေမှာ စတင်အသုံးပြုနေကြပါပြီ။ ကော်ဖီသောက်တော့မယ့်အချိန်မှာ Selfie တစ်ပုံရိုက်ပြီး ကော်ဖီမှာပုံဖော်သောက်ရမယ့် အခိုက်အတန့်ကလည်း စိတ်လှုပ်ရှားစရာ နည်းနည်းတော့ ကောင်းပါလိမ့်မယ်။ ဒီလိုမိမိရဲ့ လောလောလတ်လတ်ဓာတ်ပုံတွေနဲ့ ကော်ဖီမှာပုံဖော်သောက်ရတာမျိုးကတော့ လူငယ်တွေအကြိုက်ဖြစ်မှာ ကြိမ်းသေပါတယ်။ ဒီကော်ဖီဖျော်စက်နဲ့ပက်သက်ပြီး ဒီလင့်ခ် မှာ ဖော်ပြထားတဲ့ အချက်အလက်အပြည့်အစုံကို အောက်မှာဆက်လက်မျှ ေ၀ပေးပါမယ်။

Seflie Fan တွေအတွက် ကော်ဖီရဲ့ အပေါ်ပိုင်းမျက်နှာပြင်မှ အမြှုပ်ကို သင့်ရဲ့ Selfie ပုံအဖြစ် ပြုလုပ်ပေးတဲ့ ၀န်ဆောင်မှုကို ဗြိတိန်မှာမြည်စမ်း နိုင်ပါပြီ။ Selfie Photo သာမကဓါတ်ပုံတိုင်းကိုအသုံးပြုနိုင်ပါတယ်။

အဲဒီကော်ဖီဖျော်စက်ဟာ စတာလင်ပေါင် ၁,၁၀၀ တန်ကြေးရှိပြီး မြန်မာ ငွေ အားဖြင့် ၁,၉၀၀,၀၀၀ သိန်းကျော် ၀န်းကျင် ကျသင့်မှာဖြစ်ပါတယ်။ ကော်ဖီဖျော်စက်က Cappuccino နဲ့ Lattes ကော်ဖီများကိုဖျော်ပေးနိုင် ပါတယ်။ သင့်ရဲ့ Selfie ပုံကိုကော်ဖီမှာတင်ပေးဖို့အတွက် ခလုတ်တစ်ချက် နှိပ်လိုက်ရုံပါပဲ။ ကော်ဖီဖျော်စက်မှာ3D Printing နဲ့ Ink-Jet System ကိုပေါင်းစပ်ထားပြီး Ripples ကုမ္ပဏီက ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ကော်ဖီဖျော်စက်ကို Wimbledon နဲ့ Lufthansa လေကြောင်းလိုင်းစီးနင်း သူများ သောက်သုံးဖို့အတွက် စမ်းသပ် ၀န်ဆောင်မှု ပေးနေပါပြီ။ သင့် Selfie ပုံပါတဲ့ ကော်ဖီများကို အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူနဲ့ အစ္စရေးနိုင်ငံများမှာ ရောင်းချပေးနေပါပြီ။

Customer များက Google Play or iTunes မှ App ကိုအင်စတော ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဓါတ်ပုံများကို App ကနေ ကော်ဖီဖျော်စက်သို့ ပေးပို့ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ၁၀ စက္ကန့် အတွင်းမှာသင့် Selfie ပုံပါတဲ့ ကော်ဖီတစ်ခွက်ကိုသုံးဆောင်နိုင်ပါပြီ။