ASEAN ICT 2017 AWARDS အတွက် ပြိုင်ပွဲ၀င်များဖိတ်ခေါ်နေပြီ

Image Source : http://www.aseanictaward.com/

လာမယ့်နို၀င်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် ASEAN ICT 2017 AWARDS ပြိုင်ပွဲ၀င်လိုသူတွေကို မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်က စတင်ဖိတ်ခေါ်နေပြီ ဖြစ်ပါတယ်။ ASEAN ICT 2017 AWARDS ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပလာတာပါ။ ဒီပြိုင်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာဆီယံဒေသတွင်းက အစိုးရအဖွဲ့တွေအချင်းချင်း၊ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေအကြား ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မတွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးပွားလာရေးအတွက် ဖြစ်ပါတယ်။

ပြိုင်ပွဲ၀င်ရောက်လိုသူတွေအနေနဲ့ တစ်ဦးချင်းဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ယှဉ်ပြိုင်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအမျိုးအစားတွေကတော့ Public Sector အနေနဲ့

– အများပြည်သူနဲ့ အစိုးရဌာနတွေအကြား ဆက်သွယ်ဆောင်ရွက်ပေးနိုင်တဲ့ Solfware Application and Hardware Devices Product တွေနဲ့  e-Government Application တွေနဲ့၀င်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး၊

Private Sector အနေနဲ့ကတော့ ကုမ္ပဏီနဲ့ လုပ်ငန်းသုံး Solfware Application တွေဖြစ်တဲ့

– Industrial Application, စက်ရုံ၊ အလုပ်ရုံတွေအတွက် Control Software တွေ၊ ပစ္စည်းရေတွက်တဲ့ စနစ်တွေ၊

– e-Logistics ကွန်ပျူတာ Solfware Application တွေကို အသုံးပြုပြီး ကုန်ပစ္စည်းစာရင်းတွေ၊ သိုလှောင်သိမ်းဆည်းရမယ့် နေရာတွေကို Control လုပ်နိုင်တဲ့စနစ်တွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ပြိုင်ပွဲ၀င်လျှောက်လွှာတွေကို http://www.aseanictaward.com/ နဲ့ http://mcf.org.mm/ တွေမှာ ၀င်ရောက်ရယူနိုင်ပါတယ်။ ပြီ:တော့ မိမိကိုယ်တိုင်ဖန်တီးထားတဲ့ Product Video File နှင့် လျှောက်လွှာ့ကို သြဂုတ်လ (၁၅) နောက်ဆုံးထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ရုံးခန်းသို့ဖြစ်စေ၊ ictcompetition@gmail.com နှင့် office@mcf.org.mm သို့ ဖြစ်ဖြစ် ပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ နို၀င်ဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ ကျင်းပပြီး ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။