ထိုင်းနဲ့မလေးရှားသို့ စျေးလျှော့ထားတဲ့ MPT ရဲ့ Package အသစ်

Image Source : http://mpt.com.mm/mm/

MPT က နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု Package အသစ်တစ်ခုအနေနဲ့  ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို တစ်မိနစ်(၅၀) ကျပ်နဲ့ မက်ဆေ့ချ်တစ်စောင်(၁၅) ကျပ်ပဲ ကျသင့်မယ့် အစီအစဉ်တစ်ခု ဖန်တီးပေးလိုက်ပါတယ်။ ဒီ Package ကို ရယူအသုံးပြုမယ်ဆိုရင်တော့ လျှောက်ထားကြေးအနေနဲ့ ငွေကျပ်တစ်ထောင်ပေးဆောင်ရပါမယ်။ *2050# နဲ့ *106# တစ်ခုခုကို ဖုန်းခေါ်ပြီးလျှောက်ထားနိုင်သလို MPT4U အပလီကေးရှင်းကိုသုံးပြီးလည်း ရယူနိင်ပါတယ်။

ထိုင်းနဲ့မလေးရှားသို့ ပုံမှန်သတ်မှတ်ထားတဲ့ စျေးနှုန်း တွေကတော့ ဖုန်းခေါ်ဆိုခ တစ်မိနစ်(၂၀၀) ကျပ်နှင့် မက်ဆေ့ချ်တစ်စောင်(၁၅၀) ကျပ်ပါ။ ဒီ Package မှာ ဖုန်းခေါ်ဆိုခနဲ့ မက်ဆေ့ချ်ပို့ခတွေကို ၇၅% နဲ့ ၉၀% တွေထိလျှော့ချပေးထားတာပဲ ဖြစ်ပါတယ်။ (MPT ရဲ့ထုတ်ပြန်ချက်ကို ပြန်လည်မျှ ေ၀ပေးထားတာပါ)