ကျွန်တော်တို့ရဲ့ office ကစမ်းချောင်းမြို့နယ်ထဲမှာ ဖွင့်ထားတာပါ။
၅လပိုင်း၊၂၇ရက်၊ အင်္ဂါနေ့မနက် အိပ်ရာကနိုးလာချိန်မှာ ကျွန်တော့်ဖုန်းရဲ့ Display communication status က အရင်တုန်းကနဲ့မတူတာကို သတိထားမိလိုက်ပါတယ်။ သုံးနေကျနဲ့မတူတဲ့သဘောကို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် ပြန်စစ်ကြည့်တဲ့အခါမှာတော့ (4G) ဆိုတဲ့စာလုံးကိုတွေ့လိုက်ရပါတယ်။