MPT က ရန်ကုန်မြို့တွင်း 4G service ဖွံဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်နေ

ကျွန်တော်တို့ရဲ့ office ကစမ်းချောင်းမြို့နယ်ထဲမှာ ဖွင့်ထားတာပါ။

၅လပိုင်း၊၂၇ရက်၊ အင်္ဂါနေ့မနက် အိပ်ရာကနိုးလာချိန်မှာ ကျွန်တော့်ဖုန်းရဲ့ Display communication status က အရင်တုန်းကနဲ့မတူတာကို သတိထားမိလိုက်ပါတယ်။ သုံးနေကျနဲ့မတူတဲ့သဘောကို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် ပြန်စစ်ကြည့်တဲ့အခါမှာတော့ (4G) ဆိုတဲ့စာလုံးကိုတွေ့လိုက်ရပါတယ်။

အဲ့ဒီ့အချိန်မှာပဲ speed ကို ချက်ချင်းတိုင်းကြည့်လိုက်တော့ Download 7.87 Mbps,  Upload 6.43 Mbps ဆိုပြီးအံ့သြစရာ internet speed ကိုပြနေပါတယ်။ ကိုယ့်ရဲ့မျက်လုံးကိုတောင် မယုံနိုင်လို့ အထပ်ထပ် အခါခါ ပြန်ကြည့်မိပါသေးတယ်။ သုံးနေရင်းနဲ့ တစ်ချက်တစ်ချက် internet speed က download 8.99 Mbps,  Upload 6.43 Mbps ဆိုပြီးပိုမြန်သွားတာမျိုးလည်း ဖြစ်လိုက်ပါသေးတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/Capture-2.png

Image Source : https://nieuws.vtm.be

MPT ရဲ့ ၀န်ဆောင်မှု အပြောင်းအလဲတစ်ခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကြီး တစ်ခုလုံး  ပြောင်းလဲမှုအကြီးစား လုပ်နေတာလို့ထင်မိပါတယ်။

MPT က (၂၀၁၇ အတွင်း မြန်မာတစ်ပြည်လုံးကို 4G စနစ်ရအောင်လုပ်မယ်) ဆိုပြီး အရင်တည်းက ပြောထားပြီးစကားနဲ့အညီ  ၂၀၁၆ခုနစ် လောက်ကနေပြီးတော့ လေဆိပ်နဲ့  MYANMAR PLAZA လိုမျိုး shopping mall နေရာတွေမှာ 4G service ကိုပေးနေခဲ့တာဖြစ်ပြီး၊ အခုလည်း ရန်ကုန်မြို့တွင်းမှာပါ 4G service ကိုပေးနိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/06/Capture-3.png

Image Source : http://www.speedtest.net/

Telenor, Ooredoo တို့က MPT ထက်စောပြီး ရန်ကုန်၊ နေပြည်တော်တို့မှာ 4G service ကိုပေးနေခဲ့ပေမဲ့ နေရာကိုတော့ အကန့်အသတ်နဲ့ ပေးခဲ့တာပါ။

အထူးသဖြင့် Ooredoo နဲ့ပတ်သက်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးမှာ မတည်ငြိမ်ဖူးတဲ့ ပြဿနာလေးတွေရှိခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ MPT က 4G service ရဲ့ တစ်နိုင်ငံလုံး ဖြန်ချီရေးလုပ်ငန်းကို စတင်နေပါပြီ။

https://mm.myanmartechpress.com/wp-content/uploads/2017/06/Capture-4.png

Image Source : http://www.speedtest.net/

ဆက်သွယ်ရေး အမြန်နှုန်းက မြန်လာတာနဲ့ ဘာဖြစ်မလဲဆိုတာ အခြေခံကနေစပြီး ပြောပြချင်ပါတယ်။

ဆက်သွယ်ရေးအမြန်နှုန်း မြန်လာတာနဲ့ merits, demerits နှစ်ခုစလုံးရှိတယ်။

Merits အနေနဲ့  browsing လုပ်နေတဲ့အချိန်မှာ stress တွေနည်းမယ်။

အရင်ကကိုယ်ကြည့်ချင်တဲ့ page  ကနေ ရှေ့ဆက်မသွားဘဲဖြစ်နေရင် ဒေါသတွေထွက်လာတတ်ကြတယ်။

ကြည့်ချင်တဲ့ page ကချက်ချင်းပြသပေးရင် အချိန်လည်းအကုန်သက်သာမယ်။

Photo ၊video တို့အပြင် အကြောင်းအရာမျိုးစုံ အွန်လိုင်းပေါ်မှာ ပေါများလာမယ်။

တစ်ဖက်မှာလည်း သတိထားသင့်တဲ့ အချက်လည်းရှိပါသေးတယ်။ ဒါကတော့ ဆက်သွယ်မှုကုန်ကျစရိတ် တိုးလာတာပါပဲ။

အများအားဖြင့် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ဖုန်းကုန်ကျစရိတ်က ဆက်သွယ်ရေးကုန်ကျစရိတ်နဲ့အညီ setting လုပ်ထားဖို့ လိုပါလိမ့်မယ်။

ဒါ့ကြောင့်် internet speed က(၂)ဆဖြစ်တဲ့အချိန် အရင်နဲ့တူတဲ့ နှုန်းနဲ့သုံးမယ်ဆိုရင် ၂ဆမြန်ဆန်တဲ့ နှုန်းနဲ့ internet ကို ကြည့်လို့ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကုန်ကျစရိတ်လည်း ၂ ဆဖြစ်လာပါလိမ့်မယ်။

၀က်ဘ်ဆိုက်ဒ်တစ်ခုရဲ့ content ကိုကြည့်တဲ့အချိန်က ( ၂)ဆဖြစ်လာမှာမဟုတ်တဲ့အတွက် လွယ်လွယ်ကူကူပြောရရင် သီအိုရီအနေနဲ့တော့ အဲ့လိုမျိုးသဘောပါပဲ။

ကျွန်တော်ကသေချာအောင် လေ့လာကြည့်လိုက်တဲ့အခါမှာ Telenor ဟာ ၂၀၁၇ ၊ ၁ လပိုင်းကနေစပြီး မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မှာ 4G service ကိုပေးနေပါတယ်။

အဲ့ဒီ့အချိန်မှာ အမြဲတမ်းလိုလို Internet သုံးနေရင်း ( 100 MB သုံးစွဲပြီးဖြစ်ကြောင်း) အကြောင်းကြားစာ ရောက်လာလို့ လန့်သွားတာတော့အမှန်ပါဘဲ။

အဲ့လိုမျိုးတွေ အခုရက်ပိုင်း ဆက်တိုက်ဖြစ်လာနိုင်တယ်လို့တော့ တွေးမိပါတယ်။

ကုမ္ပဏီတိုင်းက Data Pack တွေကိုပေးနေတဲ့အတွက် ကိုယ့်ရဲ့ internet သုံးနှုန်းပေါ်မူတည်ပြီး Data Pack ကိုသုံးကြည့်ချင်သေးတယ်။

ဒါ့အပြင် Data Pack ကိုအသုံးမပြုဘဲ ဘယ်ကုမ္ပဏီက ပိုဈေးသက်သာလဲ ဆိုတာကိုလည်း လေ့လာကြည့်ဖြစ်တယ်။

ဖုန်းခေါ်ဆိုခ၊ Data သုံးခတစ်ခုချင်းစီရဲ့  ရှုထောင့်ကနေ နှိုင်းယှဉ်မှုကိုလုပ်ကြည့်မယ်။

ဖုန်းခေါ်ဆိုခနဲ့ ကြည့်မယ်ဆိုရင် MPT က ဈေးအတော်ဆုံး Plan ဖြစ်တဲ့

ShalPyaw plan ကိုလုပ်ထားမယ်ဆိုရင် MPT အချင်းချင်းဆို 15 Kyats/Minute။

တစ်ခြားအမျိုးအစား ဖုန်းတွေနဲ့ဆို 25kyats ဖြစ်မယ်။ ဒါ့အပြင် SMS ကတော့ 15kyats။

ShalPayw plan ကိုမပြုလုပ်ထားဘူး ဆိုရင်တော့ career တွေနဲ့မဆိုင်တော့ဘဲနဲ့ တစ်မိနစ် 23kyats ဖြစ်ပြီးစာပို့ရင်တော့ ၁၀ ကျပ်ဆိုပြီးဈေးက အဆင်ပြေပါတယ်။

Telenor ကတော့ ဒုတိယအနေနဲ့ ဈေးတော်ပြီး အချင်းချင်းဖုန်းခေါ်ဆိုမှုက တစ်မိနစ်ကို ၁၈ ကျပ်။

တစ်ခြားနဲ့ဆိုရင် ၂၅ ကျပ်။ SMS ကတော့ ၁၅ ကျပ်ဖြစ်ပါတယ်။

Ooredoo က အချင်းချင်းဆိုတစ်မိနစ် ၂၅ ကျပ်။ တစ်ခြားနဲ့ဆိုရင် ၃၀ ကျပ်ဖြစ်ပြီး SMS က ၂၀ ကျပ်ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုခချည်းပဲ ကြည့်မယ်ဆိုရင် MPT ကိုအမှတ်ပေးပေမယ့်  Telenor လည်းအတူတူလောက်ပါပဲ။

Ooredoo ကတော့ နည်းနည်းဈေးကြီးမယ်လို့တော့ ထင်ပေမဲ့ Ooredoo ကုမ္ပဏီကဲ့ပိုင်တဲ့ SMS package ရှိပြီးတော့ တစ်စောင်ကို(၅)ကျပ် လောက်တောင်မကျဘဲ SMS ပို့လို့ရမှာပါ။

 

Data နဲ့ပတ်သက်ပြီးတော့က ကုမ္ပဏီတိုင်းမှာ data pack ကိုပေးနေပြီးတော့ အထူး Data Pack ရဲ့ နှိုင်းယှဉ်မှုကတော့ နောက်တစ်ခေါက်မှ ပြောချင်ပါတယ်။

Data Pack ကိုအသုံးမပြုတဲ့အချိန်ရဲ့  data သုံးခအနေနဲ့ကတော့ MPT ကုမ္ပဏီကဈေး အသက်သာဆုံးဖြစ်ပြီးတော့ SweThahar Plan နဲ့ဆို 1MB ကို ၆ ကျပ်။

ShalPyaw plan နဲ့ဆို 1MB ကို ၈ ကျပ်ပါ။

Ooredoo ကုမ္ပဏီကတော့ ၂၁ နာရီကနေ ၆ နာရီ ထိကတော့ 1MB ကို ၆ ကျပ်။

၆ နာရီကနေ ၂၁ နာရီထိက 1MB ကို ၉ ကျပ်ဆိုပြီးဖြစ်နေပါတယ်။ (အချိန်နဲ့ ဈေးနှုန်းမတူတာကတော့ Ooredoo ပါပဲ)

Telenor ကုမ္ပဏီကတော့ 1MB ကို ၈ ကျပ်။

ဈေးအတော်ဆုံးကတော့ MPT ရဲ့ SweThahar Plan ပဲဖြစ်ပါတယ်။

4G service ချဲ့ထွင်မှုတွေ ရှိလာတဲ့အတွက် ၁ ခါလောက် ကိုယ့်ရဲ့  Data သုံးနှုန်းကိုမှတ်ထားစေချင်တယ်။

ပြီးတော့ Data Pack ကို ဝယ်ယူပြီးလည်း ဆုံးဖြတ်စေချင်ပါတယ်။

 

Guest writer:桂川融己(Katsuragawa Yuki )