အာရှတိုက်ရဲ့ အတိုးတက်ဆုံး စျေးကွက်အော်ပရေတာဆု တယ်လီနောမြန်မာ ချီးမြှင့်ခံရ

Image Source : https://www.facebook.com/TelenorMyanmar/

ဖုန်းဆင်းကဒ်တွေကို ကျပ်(၁၅၀၀) သို့ လျှော့ချပေးခဲ့လို့ လူတိုင်းမိုဘိုင်းလ်ဖုန်း အသုံးပြုလာနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ယခုနှစ်တွေအတွင်း တယ်လီဖုန်းအော်ပရေတာတွေရဲ့  အာရှဒေသတွင်းက မက်မောလောက်စရာ စျေးကွက်ကြီးတစ်ခု ဖြစ်လို့နေခဲ့ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ပြည်ပက အော်ပရေတာနှစ်ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ပေးခဲ့ပါတယ်။

ယခင်ရှိနေတဲ့ MPT နဲ့  နောက်ထပ်ရောက်လာတဲ့ Ooredoo, Telenor စတဲ့ အော်ပရေတာသုံးခုဟာ သုံးစွဲသူတွေ အကြိုက်တွေ့စေဖို့ စျေကွက်အတွင်း  အကောင်းဆုံးသော ၀န်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ကြရပါတော့တယ်။ အရင်ကတည်းကရှိနေတဲ့ MPT အနေနဲ့ကတော့ မျက်နှာသစ် အော်ပရေတာတွေထက် ကွန်ရက်ဖြန့်ကျက်ထားနိုင်မှုအပိုင်းမှာ အသာစီးရရှိလို့နေပါတယ်။

မြန်မာနိုင်ငံလို ၀ယ်လိုအားမြင့်တက်နေတဲ့ စျေးကွက်အတွင်း အဘက်ဘက်မှခြုံငုံပြီး ၀န်ဆောင်မှုအကောင်းဆုံး ပေးနိုင်ခဲ့တယ်လို့ တယ်လီနောကို Telecom Asia က သတ်မှတ်လိုက်ပါတယ်။ Telecom Asia က အာရှဒေသတွင်း အတိုးတက်ဆုံး စျေးကွက်အော်ပရေတာအဖြစ် တယ်လီနောကို သတ်မှတ်ရာမှာ ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးပိုင်ဆိုင်ရာစွမ်းဆောင်မှု၊ နည်းပညာ၊ စျေးကွက်ဦးဆောင်နိုင်စွမ်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို သုံးသပ်ပြီး အခြာသော အော်ပရေတာတွေထက် စွမ်းဆောင်ရည်မြင့်မားသည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဒီသတင်းနဲ့ပက်သက်ပြီး အကြောင်းအရာအပြည့်အစုံကို ဒီလင့်ခ် ထဲကအတိုင်း အောက်မှာဆက်လက်ဖော်ပြပေးသွားပါမယ်။

အာရှ ဒေသတွင်း အလားအလာအကောင်းဆုံး စျေးကွက်သစ်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ စျေးကွက်အတွင်း သုံးစွဲသူတွေကို ၀န်ဆောင်မှု ကောင်းတွေ ပေးအပ်နိုင်တဲ့ အတွက် Telecom Asia က အာရှတိုက်ရဲ့ “အတိုးတက်ဆုံးစျေးကွက် အော်ပရေတာ” အဖြစ် တယ်လီနောမြန်မာကို သတ်မှတ်ရွေးချယ်ခဲ့တဲ့အကြောင်း သတင်းကောင်းလေးကို ၀မ်းမြောက်စွာ မျှဝေ ပါရစေ။

အခုနှစ်မှာ အကြိမ် ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ Telecom Asia Awards ဆုတွေဟာ ဒေသတွင်းမှာ သက်တမ်းအရင့်ဆုံးနဲ့ အရှိန်အဝါ အကြီးမားဆုံး ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာဆုတွေဖြစ်ပြီး အာရှတိုက်အတွင်းက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆန်းသစ် တီထွင်မှုတွေနဲ့ ထူးချွန်တဲ့ ဆောင်ရွက်ချက်တွေ အတွက် အသိအမှတ်ပြု ရွေးချယ် ချီးမြှင့်တဲ့ ဆုတံဆိပ်တွေ ဖြစ်ပါတယ်။

Telecom Asia Awards အတွက် ဆုရွေးချယ်မှုကို ဆက်သွယ်ရေး ကဏ္ဍ အတွင်းမှ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ သီးခြားလွတ်လပ်တဲ့ အကဲဖြတ်အဖွဲ့ကနေပြီး ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေး ပိုင်းဆိုင်ရာ စွမ်းဆောင်မှု၊ နည်း ပညာ၊ စျေးကွက်ဦးဆောင်နိုင်စွမ်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု တို့အပေါ် မူတည်ပြီး မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဆုချီးမြင့်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့မှာ မေလ ၃ ရက်နေ့မှာ ကျင်းပခဲ့ပြီး တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေး အရာရှိချုပ် ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက လက်ခံရယူခဲ့ပါတယ်။ ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ခုကို လက်ခံရရှိခဲ့တဲ့ အတွက် တယ်လီနော အနေနဲ့ ၀မ်းမြောက် ဂုဏ်ယူမိပြီး မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍ ဆက်လက်တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ကူညီလုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် နိုင်ငံတစ်ဝန်းက သုံးစွဲသူ ပြည်သူတွေအနေနဲ့လည်း မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေဆီကရရှိနိုင်မယ့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဆက်လက်ရရှိနိုင်ဖို့ကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၀မ်းမြောက်စွာ အသိပေးလိုက်ပါတယ်။