CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတစ်ဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်

CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတစ်ဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။
CB Bank နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား ဘဏ်မတူ စာရင်းဖွင့်လှစ်ထားသော Customer အချင်းချင်း စာရင်းပြောင်း (Transfer) ဖြင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပြည်တွင်းဘဏ်အချင်းချင်းအကြား CBM Net System နှင့် CTS Clearing System များကိုအသုံးပြု၍ CB Bank ဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုမျာ: ကိုဆက်လက် ဆောင်ရွက်ပေးနေ ပါကြောင်း CB Bank မှ ထုတ်ပြန်ကြေငြာထားသည်။

Photo Source https://web.facebook.com/CBBankmyanmar/

၁။ ပြည်တွင်း အခြားဘဏ်များတွင်ရှိသော အပ်ငွေစာရင်းအသီးသီးမှ CB Bank ၏ မည်သည့်ဘဏ်ခွဲ Account ကိုမဆို စာရင်းပြောင်းထည့်သွင်းပေးခြင်း။
၂။ CB Bank တွင် ငွေသားပေးသွင်း၍ အခြားဘဏ်များ၏ Account များသို့ ထည့်သွင်းခြင်း။
၃။ CB Bank ၏ အပ်ငွေစာရင်းအသီးသီးမှ အခြားဘဏ်များ၏ Account သို့ ထည့်သွင်းခြင်း တို့ကို လုပ်ဆောင်နိုင်မည်ဖြစ် သည်။
CB Bank အနေဖြင့် လက်ရှိတွင် ပြည်တွင်းငွေလွှဲဝန်ဆောင်ခများ သက်သာစေရန် လျှော့ချပေးရေး အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ယခုသီတင်းပတ်အတွင်း ငွေလွှဲခ အခမဲ့ဖြင့် လွှဲပို့နိုင်မည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ CB Bank ဘဏ်ခွဲများ မှ ငွေသားပေးသွင်း၍ CB Bank နယ်မြို့များသို မှတ်ပုံတင် ဖြင့် ငွေလွှဲပါက ငွေလွှဲခ အခမဲ့ (Free) ဖြင့် လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်) ဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု ကို CB Bank ၏ သက်ဆိုင်ရာ ဘဏ်ခွဲများတွင်လည်းကောင်း၊ CB Bank နှင့်ချိတ်ဆက်ထားသည့် CB Pay Agent များထံတွင်လည်းကောင်း ဝန်ဆောင် မှုရယူနိုင်မည်ဖြစ်သည်။