Android တွေရဲ့ Call-Recording Application တွေကို Ban တော့မယ့် Google

Google အနေနဲ့ Play Store ရဲ့ Call Recorder Category တစ်ခုလုံးအပြင် Call Recording Application တွေကိုပါ ဖြုတ်ချဖို့ ပြင်ဆင်နေပါတယ်။

အသစ်ထွက်ပေါ်လာမယ့် Google ရဲ့ Policy ဟာ Developer တွေအတွက် အံ့ဩစရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ထွက်ရှိလာမယ့် Update မှာ API ဟာ Remote Call Audio Recording အတွက် ခွင့်ပြုပေးမှာ မဟုတ် တော့ပါဘူး။ Call Recording ကိုအသုံးပြုချင်တဲ့သူတွေအနေနဲ့ Android ဖုန်းတွေရဲ့ Built-in Dialer App ကိုပဲ အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။

Policy Update နဲ့ပက်သက်ပြီး Reddit မှာ Thread တစ်ခုတင်ခဲ့တဲ့ NLL-APPS ရဲ့ပြောကြားချက်အရတော့ ဖုန်းမှာ Built-in ပါတဲ့ App တွေအပြင် Google ကဖန်တီးပြုလုပ်ထားတဲ့ Application တွေကိုပဲ အသုံးပြုနိုင်ပါမယ်။ Third-party apps တွေကို အသုံးပြုလို့ရမှာ မဟုတ်တော့သလို Play Store မှာ Call-recording apps တွေရဲ့ အခန်းကလည်း ပြီးဆုံးသွားနိုင်ပါတယ်။

Google အနေနဲ့လည်း Developer Policy Update နဲ့ပက်သက်ပြီး Webinar တစ်ခုပြုလုပ်ပေးခဲ့ပါတယ်။