ကမ္ဘာ့နိုင်ငံတစ်ဝန်းရှိ Western Union မှငွေလွှဲပြီး CB Bank ၏ ဘဏ်ခွဲများတွင် တိုကင်မလို ငွေပမာဏအကန့်အသတ်မရှိ ထုတ်ယူနိုင်

ကမ္ဘာ့နိုင်ငံအနှံ့ရှိ Western Union ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီမှတစ်ဆင့် ငွေလွှဲပေးပို့ပြီး CB Bank ၏ ဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူရန် မလိုအပ်သည့်အပြင် ငွေပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။

Photo Source https://web.facebook.com/CBBankmyanmar/

CB Bank အနေဖြင့် လက်ရှိတွင် ပြည်တွင်းငွေလွှဲဝန်ဆောင်ခများ သက်သာစေရန် လျှော့ချပေးရေး အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ယခုသီတင်းပတ်အတွင်း ငွေလွှဲခ အခမဲ့ဖြင့် လွှဲပို့နိုင်မည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ CB Bank ဘဏ်ခွဲများ မှ ငွေသားပေးသွင်း၍ CB Bank နယ်မြို့များသို မှတ်ပုံတင် ဖြင့် ငွေလွှဲပါက ငွေလွှဲခ အခမဲ့ (Free) ဖြင့် လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်) ဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု ကို CB Bank ၏ သက်ဆိုင်ရာ ဘဏ်ခွဲများတွင်လည်းကောင်း၊ CB Bank နှင့်ချိတ်ဆက်ထားသည့် CB Pay Agent များထံတွင်လည်းကောင်း ဝန်ဆောင် မှုရယူနိုင်မည်ဖြစ်သည်။
CB Bank နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား ဘဏ်မတူ စာရင်းဖွင့်လှစ်ထားသော Customer အချင်းချင်း စာရင်းပြောင်း (Transfer) ဖြင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပြည်တွင်းဘဏ်အချင်းချင်းအကြား CBM Net System နှင့် CTS Clearing System များကိုအသုံးပြု၍ CB Bank ဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုမျာ: ကိုဆက်လက် ဆောင်ရွက်ပေးနေ ပါကြောင်း CB Bank မှ ထုတ်ပြန်ကြေငြာထားသည်။