CB Bank မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် CB Bank ၏ Import Bill Collection ဝန်ဆောင်မှုကို မိတ်ဆက်

သွင်းကုန်လုပ်ငန်းရှင်ကြီးများအနေဖြင့် ပြည်ပနိုင်ငံများရှိ ဖြန့်ချိသူများထံမှ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် CB Bank က Import Bill Collection DP/ DA ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး လက်ရှိတွင် လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

Photo Souce https://web.facebook.com/CBBankmyanmar/?ref=page_internal

Import Bill Collection တွင် ရရှိနိုင်မည့် ဝန်ဆောင်မှုစနစ်နှစ်မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) DP (Document against Payment) စနစ်တွင် ကုန်ဝယ်သူအနေဖြင့် ငွေပေးချေပြီး စာရွက်စာတမ်းများအား ဘဏ်မှထုတ်ယူနိုင်ခြင်း
(၂) DA (Document against Acceptance) စနစ်တွင် ကုန်ဝယ်သူအနေဖြင့် ငွေပေးချေရမည့်ရက်တွင် ပေးချေမည့် ကတိဝန်ခံချက်ဖြင့် စာရွက်စာတမ်းများအား ဘဏ်မှထုတ်ယူနိုင်ခြင်း စသည်တို့ဖြစ်သည်။
ယခုဝန်ဆောင်မှုကို ရယူခြင်းဖြင့် ရောက်ရှိလာသောစာရွက်စာတမ်းများအား ဘဏ်ကောင်တာ၌စစ်ဆေး၍ CB Bank မှတစ်ဆင့် ပြည်ပရှိဖြန့်ချိသူထံသို့ ငွေပေးချေနိုင်သည့်အတွက် ရောင်းသူ၊ ဝယ်သူ ယုံကြည်စိတ်ချမှု ပိုမိုမြင့်တက်စေမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Import Bill Collection ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://cbbank.me/ImportBillCollection
CB Bank အနေဖြင့် လက်ရှိတွင် Special Account မှတစ်ဆင့် Special Fixed Deposit အဖြစ် အပ်နှံခြင်းကိုလည်း CB Bank ၏ ဘဏ်ခွဲများတွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။
Special Account မှတစ်ဆင့် Special Fixed Deposit အဖြစ် အပ်နှံရာတွင် သက်တမ်းကာလအားဖြင့် တစ်လ၊ သုံးလ၊ ခြောက်လ၊ ကိုးလ၊ ၁၂ လ စသည့် သက်တမ်းကာလ အပိုင်းအခြားတို့ဖြင့် အပ်နှံဆောင်ရွက်နိုင်သည်။
Special Fixed Deposit အဖြစ် အပ်နှံရာတွင် ရရှိမည့် အတိုးနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁ လ အတိုးနှုန်း ၈.၅၀ ရာခိုင်နှုန်း
၃ လ အတိုးနှုန်း ၉ ရာခိုင်နှုန်း
၆ လ အတိုးနှုန်း ၉.၂၅ ရာခိုင်နှုန်း
၉ လ အတိုးနှုန်း ၉.၃၅ ရာခိုင်နှုန်း
၁၂ လအတိုးနှုန်း ၉.၅၀ ရာခိုင်နှုန်း
Special Account ဖွင့်လှစ်ခြင်းနှင့် Special Fixed Deposit ဝန်ဆောင်မှုများကို CB Bank ၏ ဘဏ်ခွဲအားလုံးတွင် ဆောင်ရွက်နိုင်ပြီး တိုကင်ကြိုတင်ရယူရန် မလိုအပ်ကြောင်းလည်းသိရသည်။