ပြည်ပငွေလွှဲ (Western Union, IME@Ria နှင့် Merchantrade) များအား CB Bank ၏ ဘဏ်ခွဲများတွင် တိုကင်မလိုဘဲ ငွေသားထုတ်ယူနိုင်

ပြည်ပနိုင်ငံများရှိ နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများဖြစ်ကြသည့် Western Union, IME@Ria နှင့် Merchantrade တို့မှတစ်ဆင့် ငွေလွှဲပေးပို့ပြီး CB Bank ၏ ဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူရန်မလိုအပ်ဘဲ အဆင်ပြေလွယ်ကူ လျင်မြန် စွာ ငွေသားထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
သို့ပါ၍ မိသားစု၊ မိတ်ဆွေသင်္ဂဟများထံသို့ ယုံကြည်စိတ်ချစွာဖြင့် ငွေလွှဲပြောင်းပေးပို့ပြီး CB Bank ထံတွင် အဆင်ပြေချောမွေ့စွာဖြင့် အချိန်တိုအတွင်း လွယ်လွယ်ကူကူ ငွေသားထုတ်ယူနိုင်ပါကြောင်း CB Bank မှ သတင်းထုတ် ပြန်ထားသည်။

Photo Source  https://web.facebook.com/CBBankmyanmar/?ref=page_internal

ထို့အပြင် လက်ရှိတွင် CB Bank Customer များအတွက် Grab Taxi တွင် CB Bank UPI ကတ်နဲ့ပေးချေတိုင်း 30 ရာခိုင်နှုန်း Discount ခံစားနိုင်မည်လည်းဖြစ်သည်။ Discount ရယူရန်အတွက် မည်သည့် UPI ကတ်နဲ့မဆို ချိတ်ဆက်ပေး ချေနိုင်ပြီး ၁၂၀၀ ကျပ်အထိ ခံစားနိုင်မည်လည်းဖြစ်သည်။ အသုံးပြုသူများအနေဖြင့် Promo Code UP1200 ကိုအသုံးပြုပြီး ငွေပေးချေရမည်ဖြစ်သည်။
ကတ်တစ်ကတ်လျှင် တစ်လကို ခရီးစဉ် ၁၀ ကြောင်းအထိ Discount ရရှိမှာဖြစ်ပြီး ပရိုမိုးရှင်းကာလကအနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိသတ်မှတ်ထားသည်။
ထို့အပြင် CB Bank ၏ Customer များအတွက် နေ့စဉ် အတိုးနှုန်းပိုမိုမြင့်မားစွာရရှိနိုင်မည့် Special Call Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် လက်ခံဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။
အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး ယခင်ဖွင့်လှစ်ထားသည့် Special Account များကိုလည်း Special Call Deposit အဖြစ် အလိုအလျောက်ပြောင်းလဲပေးသွားမည်လည်းဖြစ်သည်။
Special Call Deposit ဖွင့်လှစ်ခြင်းအတွက် ရရှိမည့်ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း။
(၂) Special Call Deposit မှ အခြား CB Bank Account များသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း။
(၃) CB Bank Special Call , Special Current & Special Saving များ အချင်းချင်း စာရင်းပြောင်းဆောင်ရွက်နိုင်ခြင်း။
(၄) Special Call Deposit ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် နေ့စဉ်လက်ကျန်ငွေပမာဏအလိုက် အတိုးတွက် ချက်ပေးခြင်း။
(၅) အတိုးရရှိငွေအား Customer များ၏ Account သို့ ၃ လတစ်ကြိမ် ထည့်သွင်းပေးခြင်း စသည်တို့ ဖြစ်ပါသည်။
နေ့စဉ်လက်ကျန်ငွေ (ကျပ်သိန်း ၅,၀၀၀ အောက် – 6% p.a) (ကျပ်သိန်း ၅,၀၀၀ အထက် – 7% p.a)တို့အပြင် Special Call Deposit Personal Account များအတွက် Debit Card ရယူနိုင်ခြင်း၊ Special Call Deposit Personal Account များကို CB Pay နှင့် ချိတ်ဆက်နိုင်ခြင်း၊ Special Call Deposit များကို Personal Internet Banking နှင့် Business Internet Banking တို့ ခွဲခြားချိတ်ဆက်နိုင်ခြင်း စသည့်ဝန်ဆောင်မှုများလည်း ရရှိနိုင်မည်ဖြစ်သည်။
အထူးသီးခြားဝန်ဆောင်မှုများအနေဖြင့် Personal A/C အတွက် SMS Alert အခမဲ့၊ Company A/C အတွက် e Alert အခမဲ့၊ e Statement လစဉ်အခမဲ့ စသဖြင့် ရရှိနိုင်မည်ဖြစ်သည်။