Myanmar Citizens Bank မှ အိမ်ယာပိုင်ဆိုင်လိုသူများအတွက် Home Loan အစီအစဉ်ကို မိတ်ဆက်

Myanmar Citizens Bank မှ အိမ်ပိုင်ဆိုင်ချင်သူများအတွက် Home Loan အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။
လုံးချင်းအိမ်၊ တိုက်ခန်း၊ ကွန်ဒို၊ မြေရှိပါက အိမ်ဆောက်ရန်၊ အိမ်မြေရှိပြီး Renovate ပြန်လုပ်လိုခြင်း စတဲ့ အိမ်နဲ့ပတ်သက်တဲ့ အမျိုးအစားတွေကို အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ကနဦးပေးချေရုံဖြင့် ကျန်ပမာဏကို ချေးငွေရယူနိုင်ကာ အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/MyanmarCitizensBankLtd

ချေးငွေ ရယူနိုင်မယ့် ပမာဏ – အနည်းဆုံး သိန်း (၂၀၀) မှ အများဆုံး သိန်း (၅၀၀၀)အထိဖြစ်ပြီး ချေးငွေကာလ (၇)နှစ် မှ (၁၅)နှစ် အထိ ရယူနိုင်မှာ ဖြစ်ပါတယ်။
ဝယ်ယူတဲ့အခါ လစဉ်ပုံမှန်ဝင်ငွေရှိသူဆို မိမိနှစ်သက်ရာ အိမ်ကို မိသားစုဝင်များ နှင့်အတူ ပူးတွဲ ဝယ်ယူခွင့်ရရှိနိုင်မှာပြီး အတိုးနှုန်းအနေဖြင့် (၁၀)ရာခိုင်နှုန်းသာ ပေးဆောင်ရမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူများအနေနဲ့ Myanmar Citizens ဘဏ်ခွဲများအားလုံးမှာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ၀၁ ၈၃၈၆၀၂၆၊ ၀၁ ၈၃၈၀၅၃၇ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်မည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://web.facebook.com/MyanmarCitizensBankLtd