CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတစ်ဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်

CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတစ်ဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါကြောင်းသိရသည်။
CB Bank နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား ဘဏ်မတူ စာရင်းဖွင့်လှစ်ထားသော Customer အချင်းချင်း စာရင်းပြောင်း (Transfer) ဖြင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပြည်တွင်းဘဏ်အချင်းချင်းအကြား CBM Net System နှင့် CTS Clearing System များကိုအသုံးပြု၍ အောက်ပါအတိုင်း CB Bank ဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုမျာ: ကိုဆက်လက် ဆောင်ရွက်ပေးနေပါကြောင်း CB Bank မှ ထုတ်ပြန်ကြေငြာထားသည်။

Photo Source https://web.facebook.com/CBBankmyanmar/?ref=page_internal

၁။ ပြည်တွင်း အခြားဘဏ်များတွင်ရှိသော အပ်ငွေစာရင်းအသီးသီးမှ CB Bank ၏ မည်သည့်ဘဏ်ခွဲ Account ကိုမဆို စာရင်းပြောင်းထည့်သွင်းပေးခြင်း။
၂။ CB Bank တွင် ငွေသားပေးသွင်း၍ အခြားဘဏ်များ၏ Account များသို့ ထည့်သွင်းခြင်း။
၃။ CB Bank ၏ အပ်ငွေစာရင်းအသီးသီးမှ အခြားဘဏ်များ၏ Account သို ထည့်သွင်းခြင်း။
CB Bank အနေဖြင့် ပမာဏကန့်သတ်ထားခြင်း၊ အစောင်ရေကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လက်ရှိအချိန်၌ Agents ပေါင်း ၄၀၀ ကျော် ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ပြီး စဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ်ရှိကြောင်း သိရသည်။
CB Pay အနေဖြင့် ရရှိနိုင်မယ့်ဝန်ဆောင်မှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
– CB Pay Agent တစ်ခုမှ အခြားနေရာရှိ CB Pay Agent တစ်ခုသို့ ငွေလွှဲပေးပို့ခြင်း/ ထုတ်ယူခြင်း၊
– CB Bank ၏ ဘဏ်ခွဲများမှ CB Pay Agent များသို့ငွေလွှဲပေးပို့ခြင်း/ ထုတ်ယူခြင်း၊
– CB Pay Agent များမှ CB Bank ဘဏ်ခွဲများသို့ ငွေလွှဲပေးပို့ခြင်း/ ထုတ်ယူခြင်း နှင့်
– CB Pay Agent များမှ CB Bank Account သို့ ငွေပေးသွင်းခြင်း စသည်တို့ပဲ ဖြစ်သည်။
CB Pay Agent တွေဆီကနေ ငွေလွှဲပေးပို့မယ်ဆိုလျင်လည်း တစ်ကြိမ် (One Transaction) ကို ကျပ် ၁၀ သိန်းအထိ ငွေလွှဲပေးပို့နိုင်မည်ဖြစ်သည်။ ထို့အပြင် CB Pay Agent အဖြစ် လျှောက်ထားလိုသူတွေအတွက်လည်း နီးစပ်ရာ CB Bank ရဲ့ ဘဏ်ခွဲများမှာ ဆက်သွယ်လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း သိရသည်။