အတိုးကြိုတင်ရရှိနိုင်မည့် Instant Fixed Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် စတင်အပ်နှံနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်

CB Bank ၏ Customer များအနေဖြင့် အတိုးနှုန်းမြင့်မားစွာရရှိမည့်အပြင် အတိုးကြိုတင်ရရှိနိုင်မည့် Instant Fixed Deposit ကို CB Bank ၏ ဘဏ်ခွဲများတွင် စတင်အပ်နှံနိုင်ပြီဖြစ်ပါကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။
Instant Fixed Deposit အကောင့်ဖွင့်လှစ်အပ်နှံရာတွင် Old Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ Special Account ဖြင့် ချိတ်ဆက်၍သော်လည်းကောင်း၊ ငွေသားပေးသွင်းခြင်းဖြင့်သော်လည်းကောင်း အပ်နှံဆောင်ရွက်နိုင်ပြီဖြစ် ကြောင်းသိရသည်။

Photo Source https://web.facebook.com/CBBankmyanmar/?ref=page_internal

အပ်နှံနိုင်မည့် ကာလအပိုင်းအခြားမှာ ၆ လနှင့် ၁၂ လ ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ခြောက်လအတွက် ၈.၅ ရာခိုင်နှုန်းနှင့် ၁၂ လအတွက် ၉ ရာခိုင်နှုန်း ရရှိနိုင်ပါမည်လည်းဖြစ်သည်။ လက်ရှိအချိန်မှစကာ CB Bank Customer များအနေဖြင့် အတိုးကြိုတင် ထုတ်ယူ ရရှိနိုင်မည့် CB Bank ၏ Instant Fixed Deposit အပ်နှံဖွင့်လှစ်နိုင်ပြီဖြစ်သည်။
လက်ရှိတွင် CB Bank Customer များ ကိုင်ဆောင်အသုံးပြုနေသော CB Bank ကတ်များ၏ အချက်အလက်များကို Viber ကနေ ချက်ချင်းမေး၊ ချက်ချင်းသိနိုင်တဲ့ Viber Chatbot Service ဝန်ဆောင်မှုကို စတင်နေပြီလည်းဖြစ်သည်။
လက်ကျန်ငွေစစ်ဆေးခြင်း၊ ငွေအဝင်အထွက် စစ်ဆေးခြင်းနဲ့ အရင်လရဲ့ ငွေစာရင်းစစ်ဆေးခြင်းများကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်မှာ ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကိုရယူရန် Smartphone ထဲတွင် Viber Application ရှိရန်လိုအပ်မည်ဖြစ်သည်။
CB Bank Viber Chatbot အသုံးပြုပုံအသေးစိတ်ကို ဝင်ရောက်လေ့လာရန်အတွက် အောက်ပါ Link တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည။
http://cbbank.me/ViberStepbyStep