၈ နှစ်အတွင်းပထမအကြိမ်ပြောင်းလဲလာခဲ့တဲ့ Google Chrome Logo

Google အနေနဲ့ Chrome Browser အတွက် Logo ကို ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ပြောင်းလဲပြီ ဖြစ်ပါတယ်။ Google ရဲ့လက်ရှိ Brand နဲ့လိုက်လျောညီထွေရှိအောင် ပြုပြင်ခဲ့တယ်လို့လည်း Company Designer ကဆိုခဲ့ပါတယ်။ ပြောင်းလဲမှုက သာမန်လူတွေအတွက်တော့ သတိထားမိမှာ မဟုတ်ပါဘူး။

Photo Source : Google
၂၀၀၉ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ စက်ဝိုင်းပုံ၊ အရောင်လေးရောင် ဒီဇိုင်းကိုအခြေခံပြီး ၂၀၁၁ မှာ Revamp ပြန်လုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Gradient အရောင်၊ Shadow တွေသုံးပြီး revamp ထပ်ပြုလုပ်ခဲ့ပါသေးတယ်။ အခုပြောင်းလဲမှုမှာတော့ Gradient Color တွေအသုံးမပြုဘဲ Flat Color နဲ့ ကြည့်ရတာ မျက်စိပိုရှင်းအောင် Company နဲ့ပိုကိုက်ညီမှုရှိအောင် ပြုပြင်ထားပါတယ်။ ပြောင်းလဲမှုများများစားစား မရှိပေမယ့် Logo အရောင်ပိုတောက် သွားမယ်၊ အလယ်မှာရှိတဲ့ အပြာရောင်စက်ဝိုင်းပိုကြီးလာမှာ ဖြစ်ပြီးတော့ Shadow တွေ ပါရှိတော့မှာ မဟုတ်ပါဘူး။

Photo Source : Google