Copperbrains က မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် Facebook Messenger ကို အခြေခံထားသည့် အသစ် eBOT ကို မိတ်ဆက်

နည်းပညာနှင့် ဈေးကွက်ချဲ့ထွင်ခြင်း solution များ ဖန်တီးပေးသည့်ကဏ္ဍတွင် မြန်မာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Copperbrains က ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် မိမိတို့ နှစ်သက်ရာပစ္စည်းများကို Messenger မှတဆင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ကူညီပေးမည့် Facebook အခြေပြုစနစ်သစ်ဖြစ်သော eBOTကို ယနေ့တွင် စတင်မိတ် ဆက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါနည်းပညာက ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို တိုးတက်လာနေသည့် e-commerce ဈေးကွက်နှင့် ချိတ် ဆက်ပေးခြင်းဖြင့် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။
မြန်မာ့ပထမဆုံး eBOT ကို လွန်ခဲ့သော ၂ နှစ်က https://myanpwel.com.mm အတွက် အောင်မြင်စွာ ဖန်တီးပေးပြီး နောက် e-commerce ကဏ္ဍတွင် Facebook Messenger ၏ အလားအလာကောင်းမှုကို Copperbrains က စတင်တွေ့မြင်ခဲ့သည်။ လွယ်ကူ ရိုးရှင်းသော solution အသစ်ခုက လုပ်ငန်းစု၏ Facebook page နှင့် တိုက်ရိုက်ချိတ်ဆက်ရုံဖြင့် ၎င်းကို e-commerce ဈေးကွက်အတွင်း ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသော နိုင်ငံတကာမှ solution များနှင့် eBOT တို့၏ ကွဲပြားချက်မှာ eBOTက ပြည်တွင်းရှိ ငွေပေးချေမှုနည်းလမ်းများနှင့် ကိုက်ညီမှုရှိသဖြင့် အသုံးပြုသူများသည် ၎င်းတို့၏ VISA၊Mastercards များ သာမက အခြားသော လူသိများသည့် mobile wallet များ အသုံးပြုကာ ငွေပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

Photo Source sme001@copperbrains.io

အဆိုပါ solution ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်မိတ်ဆက်ရန် စီစဉ်ထားခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားခဲ့မှုကြောင့် eBOT ၏ ပထမဆုံး version ကို သတ်မှတ်ချိန်ထက် ရှေ့တိုးကာ မိတ်ဆက်ပေးရန် ဆုံးဖြတ်ခဲ့သည်။ eBOT ကို ၃လခန့် ရှေ့တိုး မိတ်ဆက်ပေးခြင်းဖြင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပြည်တွင်း e-commerce ဈေးကွက်သို့ စတင်ဝင်ရောက်နိုင်စေပြီး ဘဏ္ဍာရေးအခြေအနေများ ပိုမိုတိုးတက်လာစေရန် Copperbrains က မျှော်လင့်သည်။
“မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်ရပြီးသားဖြစ်တဲ့ Facebook Messenger ကနေတဆင့် အရောင်းအဝယ်ပြုလုပ်နိုင်ဖို့ ကူညီပေးမယ့် eBOT ကို စတင်မိတ်ဆက်ရတာအတွက် ဝမ်းသာပါတယ်။ အသုံးပြုသူ တွေအတွက် အဆင်ပြေအလွယ်ကူဆုံးဖြစ်ပြီး အန္တရာယ်ကင်းတဲ့ အွန်လိုင်းဈေးကွက်တစ်ခု ဖန်တီး ပေးနိုင်ခဲ့တာ အတွက်ကိုလည်း ကျွန်တော်တို့ ပီတိဖြစ်ရပါတယ်။ eBOT က စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ ဝယ်သူတွေအတွက် အချိန်ကုန်သက်သာစေတဲ့အပြင် လူအင်အားအသုံးပြုရမှုကို လျှော့ချပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တပြိုင်တည်းမှာပဲ အချင်းချင်းထိတွေ့ဆက်ဆံမှုလျှော့ချဖို့ သတ်မှတ်ချက်ကို လည်း လိုက်နာရာရောက်ပါတယ်။ ကျွန်တော် တို့ရဲ့ solution က မြန်မာ့ဒီဂျစ်တယ်အသွင်ပြောင်းမှုအတွက် တစ်တပ်တစ်အား ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု Copperbrains ၏ CEO ဖြစ်သူ Thibault Verdier က ပြောကြားသည်။
eBOT ကို စတင်အသုံးပြုခြင်းအတွက် အခကြေးငွေ ပေးဆောင်ရန် မလိုအပ်ပေ။ လစဉ်အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပမာဏမှာ eBOTမှတဆင့် ရောင်းချလိုက်သည့်ပမာဏအလိုက်သာ ကျသင့်မည် ဖြစ်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်း များအနေဖြင့် eBOT စတင်အသုံးပြုချိန်နှင့် အသုံးမပြုရသေးချိန်ရှိ ရောင်းအားပမာဏ ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်ရှု နိုင်စေရန် ပထမဆုံးအသုံးပြုသည့်လအတွက် ဝန်ဆောင်ခများကို အခမဲ့ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါကာလ ကုန်ဆုံးပါက eBOT မှတဆင့် ရောင်းချလိုက်သည့် ပစ္စည်းတန်ဖိုး ၏ ၁၅ ရာခိုင်နှုန်းကိုသာ လစဉ်ကြေးအဖြစ် ကောက်ခံသွားမည်ဖြစ်သည်။

Photo Source sme001@copperbrains.io

Copperbrains မှ ဖန်တီးထားသည့် eBOT သည် Page ပေါင်းများစွာကို တပြိုင်နက် စီမံခန့်ခွဲနိုင်ကာ အသုံးပြုသည့် လုပ်ငန်းတစ်ခုစီ၏ လိုအပ်ချက်အလိုက် သီးသန့်လုပ်ဆောင်ချက်များကိုလည်း ပေးအပ်နိုင်သည်။ ယခု solution ၏ အကူအညီဖြင့် e-commerce ကမ္ဘာသို့ စတင်ဝင်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် Copperbrains ၏ Hotline ဖြစ်သော 09 962 013 495 နှင့် အီးမေးလ်လိပ်စာ sme001@copperbrains.io တို့သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။
Copperbrains.io သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်ဂေဟစနစ်နှင့် ချိတ်ဆက်ပေးနေသည့် နည်းပညာ solution ထောက်ပံ့သူဖြစ်သည်။ မိမိတို့၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများ၏ customer များ စိတ်ကျေနပ်စေမည့် နည်းပညာပလက်ဖောင်းများ ဖန်တီးပေးပြီး အချက်အလက်များ စစ်တမ်းကောက်ယူခြင်းဖြင့် ၎င်းတို့၏ ဈေးကွက်ချဲ့ထွင်ရေးအတွက် ကူညီပေးရန် ဖြစ်သည်။ Copperbrains သည် မြန်မာ့လူမှုဆက်သွယ်ရေးကဏ္ဍတွင် ၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၅ ခုတို့ပါဝင်သော လုပ်ငန်းစုဖြစ်သည့် NTM Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။