Grab မှ COVID-19 ကာလအတွင်း ပြည်တွင်းစားသောက်ဆိုင်ငယ်များအား ကူညီပံ့ပိုးပေးနိုင်ခဲ့

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများ စတင် မြင့်တက်လာခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ မှစတင်ပြီး အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး super app ဖြစ်သော Grab သည် ကူးစက်ရောဂါကြောင့် ဦးစွာ ထိခိုက်ခဲ့ရသည့် ပြည်တွင်း စားသောက်ကုန် (F&B) လုပ်ငန်းများအား ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများစွာကို လေ့လာဆန်းစစ်ခဲ့သည်။ ထိုအချိန်က စားသုံးသူများအား ဆိုင်ထိုင်စနစ်ဖြင့် စားသုံးခြင်းကို တားမြစ်ထားခဲ့ပြီး စားသောက်ကုန် လုပ်ငန်းအများ အပြားမှာ ၎င်းတို့၏ လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရေးအတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ကြရသည်။
အဆိုပါ ဖြစ်ရပ်သည် Grab အား #SupportLocal အစီအစဉ် စတင်အကောင်အထည်ဖော်ရန် တွန်းအားဖြစ်စေခဲ့ပြီး ၎င်း၏ အချိန်နှင့်တပြေးညီ အသုံးပြုနိုင်သည့် GrabFood ဒစ်ဂျစ်တယ် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုဖြင့် ရန်ကုန်မြို့နေ လူမှုအသိုင်းအဝိုင်းအား တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်လေးများနှင့် မုန့်ဆိုင်ငယ် (၇၀) ကျော်ထံက အစားအသောက်များ ဝယ်ယူအားပေးရန် တိုက်တွန်းနိုင်ခဲ့သည်။
#SupportLocal အစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ မေလမှ ဇူလိုင်လအတွင်းပြုလုပ်ခဲ့ပြီး ပါဝင်ခဲ့သည့် GrabFood မိတ်ဖက်စားသောက်ဆိုင်များအတွက် အထူးပံ့ပိုး ကူညီမှုများ ပေးအပ်ခဲ့သည်။ #SupportLocal အစီအစဉ်သည် ၎င်းတို့၏ လုပ်ငန်းများ ယနေ့အချိန်အထိ ဆက်လက် လည်ပတ်နိုင်ခဲ့ပြီး အကျပ်အတည်း ကာလအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့သော အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါသည်။
(၁) မိတ်ဖက်စားသောက်ဆိုင်များ၏ အစားအသောက် ပို့ဆောင်ရန် အော်ဒါရရှိမှုနှုန်း (၂၂ ရာခိုင်နှုန်း) မြင့်တက်ခဲ့ခြင်း
(၂) မိတ်ဖက်စားသောက်ဆိုင်များ၏ တစ်ဦးချင်း စားသုံးသူအသစ်များထံမှ အော်ဒါရရှိမှုနှုန်း (၅) ဆ ပိုမို ရရှိခဲ့ခြင်း
(၃) မိတ်ဖက်စားသောက်ဆိုင်များမှာ နံနက်စာနှင့် နေ့လယ်စာ စားချိန်တွင် GrabFood အော်ဒါများကို လက်ခံရရှိမှု အများဆုံး ဖြစ်သောကြောင့် စားသောက်ကုန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ညမထွက်ရ ဥပဒေ ချမှတ်ထားသည့်အချိန်တွင်း နေ့ဘက်တွင် ဝင်ငွေပိုမို ရှာဖွေနိုင်ရန် ကူညီပေးနိုင်ခဲ့ခြင်း
(၄) အစီအစဉ် ပြုလုပ်ခဲ့သည့် ကာလအတွင်း မိတ်ဖက်စားသောက်ဆိုင်များအား အရောင်းမြှင့်တင်ပေးနိုင်ရေး အတွက် Grab က အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ရင်းနှီးမြုပ်နှံခဲ့သည်။

Photo Source https://web.facebook.com/GrabFoodSG/

မိတ်ဖက်စားသောက်ဆိုင်များအား အရောင်းမြှင့်တင်ပေးရန်အတွက် Grab အက်ပလီကေးရှင်းအတွင်း ဒစ်ဂျစ်တယ် ကြော်ငြာနှင့် ခေါင်းစီးပိုင်း ကြော်ငြာများ၊ Facebook တွင် အရောင်းမြှင့်တင်ရေးကြော်ငြာ ပိုစ့်နှင့် ဗီဒီယိုများ၊ Google ကြော်ငြာ ပရိုဂရမ်များ၊ အစားအသောက် ဘလော့ဒ်ဂါနှင့် အနုပညာရှင်များကဲ့သို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် စာစုများ ရေးသားမျှဝေသော အွန်လိုင်းပေါ်ရှိ နာမည်ကြီးသူများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။
#SupportLocal အစီအစဉ်တွင် GrabFood မိတ်ဖက်စားသောက်ဆိုင်အဖြစ် ပံ့ပိုးမှုများပေးအပ်ခဲ့သည့် ဆိုင်များအတွင်း တင်တင်အေး ထိပ်တန်း မုန့်ဟင်းခါး (ရန်ကင်း) ဆိုင်လည်း အပါအဝင် ဖြစ်ပါသည်။ အဆိုပါဆိုင်သည် ရန်ကင်းမြို့တွင် တည်ရှိပြီး နံနက်စာနှင့် နေ့လယ်စာ အချိန်များတွင် သုံးဆောင်ရန် အသင့်တော်ဆုံးသော မြန်မာလူမျိုးများအကြိုက် မုန့်ဟင်းခါး အပါအဝင် ခေါက်ဆွဲနှင့် အသုပ်စုံ အမျိုးမျိုး၊ သောက်စရာ အမျိုးမျိုး တို့အား ရောင်းချလျက်ရှိပါသည်။
“ကိုဗစ်စဖြစ်တဲ့အချိန်မှာ ကျွန်မတို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မတို့ ဆိုင်လေးကို ဆက်ဖွင့်ဖြစ်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ချက်က GrabFood ဝန်ဆောင်မှုကနေ အော်ဒါတွေ ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ တကယ်တမ်းမှာတော့ ကျွန်မမျှော်လင့်ထားတာထက်တောင် ပိုပြီး အဆင်ပြေခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ GrabFood ပလက်ဖောင်းမှာ ဒစ်ဂျစ်တယ်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားနိုင်ခဲ့ပြီး ကျွန်မဆိုင်မှာ ရောင်းရတဲ့အထဲက (၃၀%) လောက်က ဒစ်ဂျစ်တယ်ကတစ်ဆင့် လာတဲ့အော်ဒါတွေလို့ ပြောလို့ရပါတယ်။ #SupportLocal အစီအစဉ်ရဲ့ ဗီဒီယိုကြော်ငြာ ရိုက်ကူးရေးမှာလည်း ကျွန်မတို့ဆိုင်ကို ထည့်ပြီး ရိုက်ကူးပေးခဲ့ပါသေးတယ်။ နေ့တိုင်း မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေ ကျွန်မ ဆိုင်ကို လာပြီး အော်ဒါတွေ ယူသွားကြတာကို ကြည့်ပြီး အရမ်းပျော်ခဲ့ရသလို ခုထိလည်း ပျော်နေရတုန်းပါ။ တကယ်လို့ ကိုဗစ်ကြောင့် အခက်အခဲတွေ ဖြစ်နေချိန်မှာ GrabFood လိုမျိုး ဒစ်ဂျစ်တယ် နည်းပညာအကူအညီတွေသာ မရှိခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ပါဘူး။ အခုလို ဆိုင်စီးပွားရေးကို ဆက်ထိန်းထားနိုင်အောင် ကူညီပေးတဲ့ Grab နဲ့ GrabFood စားသုံးသူတွေကို ကျေးဇူးတင်ပါတယ်” ဟု တင်တင်အေး ထိပ်တန်းမုန့်ဟင်းခါး (ရန်ကင်း) ဆိုင်ပိုင်ရှင် ဒေါ်ကြည်အောင်က ပြောသည်။

Photo Source https://web.facebook.com/GrabFoodSG/

Grab သည် ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများအတွက် ရေရှည်ပံ့ပိုးမှုပေးရန် ကြိုးပမ်းလျှက်ရှိသောကြောင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ အကြံဉာဏ် တောင်းခံခြင်း၊ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို မြှင့်တင်ပေးနိုင်မည့် လှုပ်ရှားမှုများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေပါသည်။
#SupportLocal အစီအစဉ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့က ရာပေါင်းများစွာသော ပြည်တွင်း စားသောက်ကုန် လုပ်ငန်း များမှာ GrabFood မိတ်ဖက်စားသောက်ဆိုင်အဖြစ် လုပ်ကိုင်ရန်စာရင်းပေးသွင်းခဲ့ကြသည်။ Grab ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ စားသောက်ကုန်လုပ်ငန်းများအတွက် မိမိတို့၏ စားသုံးသူများထံ GrabFood ဖြင့် အော်ဒါများ သယ်ယူပို့ဆောင်ပေးနိုင်ရန် မရှိမဖြစ် နည်းပညာတီထွင်ဆန်းသစ်မှု တစ်ခုအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ သည်။
“ရန်ကုန်နဲ့ မန္တလေးမြို့က လူတွေကတော့ အသွားအလာ ကန့်သတ်ထိန်းချုပ်ထားတဲ့ ကာလတုန်းက လူသွားလူလာမရှိ ထူးထူးခြားခြား ခြောက်ကပ်နေတဲ့ လမ်းမတွေရဲ့ မြင်ကွင်းကို မှတ်မိနေကြဦးမှာပါ။ ဒီလမ်းပေါ်မှာ လူတွေရဲ့ အိမ်ရှေ့ထိ အစားအသောက်တွေအရောက် ပို့ဆောင်ပေးနိုင်အောင် မနားမနေ သွားလာလုပ်ကိုင်နေကြတဲ့ မိတ်ဖက် အစားအသောက်ပို့ဆောင်သူတွေပဲ ရှိနေခဲ့တာပါ။ ကျွန်မတို့ရဲ့ #SupportLocal အစီအစဉ်ကနေ ရန်ကုန်မြို့နေ လူမှုအသိုင်းအဝိုင်းနဲ့ GrabFood စားသုံးသူတွေ အတူတကွပူးပေါင်းပြီး တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်ငယ်လေးတွေကို အခုလို ဝိုင်းဝန်းပံ့ပိုးနိုင်ခဲ့လို့လည်း ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်။ နည်းနည်းပဲမှာမှာ၊ အများကြီးပဲမှာမှာ GrabFood အော်ဒါတစ်ခုချင်းစီဟာ ကျွန်မတို့ မိတ်ဖက်စားသောက်ဆိုင်တွေရဲ့ လုပ်ငန်း ဆက်ပြီး လည်ပတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဒီအစီအစဉ်လေး ပြီးသွားပေမယ့် ပြည်တွင်း စားသောက်ဆိုင်တွေနဲ့ မိတ်ဖက်စားသောက်ဆိုင်တွေအတွက် ဝင်ငွေ အခွင့်အလမ်း ပိုများလာပြီး အရင်ကလို ပြန်လည် ရပ်တည်နိုင်အောင် ဆက်လက်ကြိုးစားသွားပါဦးမယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ဆိုသည်။
GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းလိုသော တစ်နိုင်တစ်ပိုင်စားသောက်ဆိုင် ငယ်လေးများနှင့် မုန့်ဆိုင်လေးများအနေဖြင့် ဖုန်း – ၀၉ ၇၆၅၄၂၁၀၄၉ (သို့) အီးမေးလ် – gf.mm.merchants@grab.com သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။