သိထားသင့်သည့် Facebook ကိုအသုံးချနေတဲ့ ဝန်ဆောင်မှုများအကြောင်း

လူမှုကွန်ရက်ပေါ်မှာ အကြောင်းအရာတစ်ခု မှန်ရဲ့လား၊ လူသိများလား၊ ယုံကြည်ရလားဆိုတာ Like နဲ့ Share အရေ အတွက်ကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ အရေးကြီးတဲ့ အကောင့်တစ်ခုအတွက် ကိုယ်ရေးအချက် အလက်အကာအကွယ်ပေးမယ်၊ ပုံမှန်မဟုတ်တဲံ နည်းလမ်းနဲ့ လူတွေသတိထားမိအောင် လုပ်ပေးမယ်၊ ဒါမှမဟုတ် အကောင့် အတွက် တာဝန်ယူပေးမယ် စသည်ဖြင့် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဟာ မိုးဦးကျမှာ ပေါက်တဲ့မှိုတွေလို အလျိုလျိုထွက် ပေါ်လာပါတော့တယ်။
အွန်လိုင်းပေါ်မှာ “increase Facebook like” ဆိုပြီး ဒီအတိုင်းအလွယ်တကူ ရိုက်ရှာလိုက်ရင်တောင် အဲဒီလို ဝန်ဆောင် မှဒကို ဈေးနှုန်းအမျိုးမျိုးယူပြီး လုပ်ပေးနေတဲ့နေရာတွေ မရေတွက်နိုင်အောင်ရှိတာတွေ့ရမှာပါ။ ဒီ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ကျေးဇူးနဲ့ ဝင်လို့မရဘဲ Lock ကျသွားတဲ့ ဆိုရှယ်အကောင့်တွေ ချက်ချင်းပြန်ရသွားတယ်။ LIke ရဖို့ခက်တဲ့ ပိုစ့်ဆိုရင်လည်းမျက်လှည့်ပြလိုက်သလို တမဟုတ်ချင်း လူတွေဆီ ပျံ့နှံ့သွားတယ်။ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးချင်လို့ ဖြတ်လမ်းလိုက်ဖို့ ကြိုးစားတာမျိုး အကောင့် Lock ကျသွားတဲ့အခါ ဘာလို့ကျသွဦးတာလဲဆိုတော့ ဇစ်မြစ်ကို မစုံစမ်းဘဲ ကြောက်အားလန့်အား ဖြစ်သွားတာမျိုးစတဲ့ တစ်ချို့ လူမှုကွန်ရက်သုံးတဲ့သူတွေဟာ ဒီလိုအလွယ်ရနေတဲ့ ဝန်ဆောင်မှုတွေ အတွက် ပိုက်ဆံ ဆက်သုံးနေဆဲပါ။ သူတို့ သတိမထားမိလိုက်တာက ဒီနေရာမှာ ပိုက်ဆံသုံးလိုက်တာဟာ Fcaebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့နေရာမှာ ကြံရာပါ ဖြစ်သွားပြီး ကိုယ့်အန္တရာယ်ကို ပိုက်ဆံပေးဝယ်မိသလို ဖြစ်သွားနိုင်ပါတယ်။

Photo Source https://www.facebook.com/help/1306725409382822

လူမှုကွန်ရက်ပေါ်မှာ LIke ၊ Share ၊ Comment စတဲ့ engagement အတုတွေရဖို့ Cookies ဒါမှမဟုတ် tokens ကနေ အသုံးပြုသူရဲ့ အထောက်အထားတောင်းတဲ့ ပြင်ပ အက်ပလီကေးရှင်းတစ်ခုခုမှာ ကိုယ့်အချက်အလက်တွေ ပေးလိုက်မိရင် ကိုယ့်အကောင့်ရဲ့ စကားဝှက်ကို ပြေပြလိုက်တာနဲ့ အတူတူပါပြ။ ကိုယ့်အကောင့် အခိုးခံရမယ့် ဒုက္ခကို ကိုယ်တိုင်ရှာမိသလို ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မသမာသူတွေက ကိုယ့်ရဲ့အကောင့်ကို ဝင်သုံးပြီး သတင်းတု၊ သံသယဖြစ်ဖို့ကောင်းတဲ့စာ၊ ကိုယ့်ရေးအချက်အလက်ခိုးယူဖို့ ကြိုးစားတဲ့ လင့်ခ် အပါအဝင် အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေလို ဆိုးရွားတဲ့ အဆိပ်အတောက်တွေကို ဖြန့်နိုင်ပါတယ်။ အကောင့်လုံခြုံရေးအားနည်းနေပြီဆိုတာ သိနိုင်တဲ့လက္ခဏာတစ်ချို့ကို ပြောရရင် ကိုယ်ပို့လိုက်တာမဟုတ်ဘဲ စာ၊ အကြောင်းအရာတစ်ခုခုက လူအများကြီးဆီရောက်သွားတာ၊ ကိုယ်ရဲ့ အကောင့်သုံးခဲ့တဲ့မှတ်တမ်းမှာ ပုံမှန်မဟုတ်တဲ့ နေရာတွေ ပြာနေတာ၊ ကိုယ်မတင်လိုက်တဲ့ စာနဲ့ ပိုစ့်တွေက ကိုယ့်ရဲ့ လူမှုမှတ်တမ်းမှာရှိနေတာစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ဒါတင်မကသေးနိုင်ပါဘူး။ အကောင့်အခိုးခံလိုက်ရတာနဲ့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေပါ အန္တရာယ်တွင်းထဲ အလွယ်တကူ ကျရောက်နိုင်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ လင့်ခ်အတုနဲ့ အန္တရာယ်ရှိကြောင်း အရာတွေ ကိုသူတို့က သံသယ ဖြစ်နေမှဦမဟုတ်ဘဲ နှိပ်လိုက်မိမှာပါပဲ။
အင်တာနက်ကမ္ဘာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် အောင်မြင်ကျော်ကြားမှုဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာပါ။ ပိုက်ဆံပေးပြီး ဝယ်လိ့ရတဲ့ engagement တွေနဲ့ “စစ်မှန်မှုမရှိ” တဲ့ အောင်မြင်မှုကိုဖန်တီးဖို့ ဆုံးဖြတ်လိုက်တာဟာ တစ်ကယ့် အားပေးထောက်ခံသူတွေရဲ စစ်မှန်တဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ Facebook ပေါ်မှာ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ Like ၊ comments ၊ shares တွေနဲ့ ရုတ်တရက်လူသိများလာတဲ့ လှုပ်ရှားမှုတစ်ခုကြောင့် အားပေးတဲ့သူတွေရဲ့ ယုံကြည်မှု ပျက်ပြားစေခဲ့ရင် တခြားလှုပ်ရှားမှုတွေကိုလည်း အတုအယောင်တွေလို့ သတ်မှတ်လိုက်မှာ ဖြစ်လို့ ကိုယ့်အတွက် ပိုက်ဆံရတာ ဘာအဓိပ္ပာယ်မှမရှိ၊ အကျိုးအမြတ်လည်း ရှိတော့မှာမဟုတ်ပါဘူး။

Photo Source https://www.facebook.com/help/1306725409382822

နောက်ထပ် သိထားသင့်တဲ့အချက်က ဒီလို မှောင်ခိုဈေးကွက်ရောင်းဝယ်မှုမဟာ Facebook ရဲ့လူမူစံနှုန်းကို ချိုးဖောက်ရာ ကျပါတယ်။ Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့လှုပ်ရှားမှုတိုင်းကို Instagram အပါအဝင် ပလက်ဖောင်းအားလုံးမှာ တားမြစ်ထားပါတယ်။ ဒါကြောင့် Facebook နဲ့ချိတ်ဆက်ထားတယ်။ Facebook ရဲ့မိတ်ဖက်လုပ်ငန်းပါဆိုပြီး ဝန်ဆောင်မှုပေး နေတဲ့ လုပ်ငန်းတွေဟာ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကနေ အမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ အလိမ်အညာအကွက်တွေပါ။ ဒီလို မစစ်မှန်တဲ့ engagement တွေရအောင် ဝန်ဆောင်မှုပေးနေတဲ့သူတွေနဲ့ လိမ်လည်ဖို့ကြိုးစားတဲ့အပြုအမှုတွေကို Facebook က တိုက်ဖျက်သွားဖို့ ဆုံးဖြတ်ချက်ချထားတဲ့အတွက်အတွက် ဘယ်လိုအကောင့်၊ စာမျက်နှာရဲ့လှုပ်ရှားမှုမဆို ပုံမှန်မဟုတ်တဲ့ engagement တစ်ခုခုမှာ ဆက်စပ်နေတာတွေ့ရှိတာနဲ့ ဖျက်ပစ်လိုက်မှာဖြစ်ပါတယ်။
ဘယ်လိုအဖွဲ့အစည်းကနေ ဘယ်သူမှန်းရေရေရာရာ မသိတဲ့သူတွေကပေးတဲ့ ဝန်ဆောင်မှုတွေကို သုံးလိုက်မိရင် လူတစ်ဦး တစ်ယောက်အတွက်၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးဆုံးရှုံးမှုတွေပဲဖြစ်စေမှာပါ။ တစ်ဘက်က ပြန်စဉ်း စားကြည့်ရင် ပုံမှန်မဟုတ်တဲ့ engagement တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံလိုက်ပေမယ့် နောက်ဆုံးကျ ဒီအပြုအမူတွေက ဖယ်ရှား ခံရမှာဖြစ်တဲ့အတွက် ဘာမှပြန်ရလိုက်မှာမဟုတ်ပါဘူး။ ပြီးတော့ ရုတ်တရက်ကြီး engagement ကျသွားရင် followers နဲ့ စားသုံးသူက တဖြည်းဖြည်းသံသယရှိလာပြီး ယုံကြည်မှာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကို ကျဆင်းစေပါ တယ်။ ကုန်အမှတ်တံဆိပ်တစ်ခုအတွက် ယုံကြည်မှုပြန်ရအောင်လုပ်ပြီး အမှတ်တံဆိပ်ရဲ့ပုံရိပ်ကို ပြန်မြှင့်တင်ဖို့ဆိုတာ တကယ့်ကိုမလွယ်တဲ့အလုပ်ပါ။
ဒီလောက်ဆို ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ Like နဲ့ Share တွေရအောင်လုပ်တာဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို လူသိများ အောင်လုပ်ဖို့ ရေရှည်အသုံးချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးဆိုတာနားလည်သွားကြမယ်လို့ ထင်ပါတယ်။

Photo Source https://www.facebook.com/help/1306725409382822

အသုံးပြုသူတွေမှာ အရေးကိစ္စတစ်ခုခုကြုံလာပြီဆိုရင် ကူညီဖြေရှင်းပေးဖို့ Facebook ကအမြဲအသင့်ရှိနေပါတယ်။ အရေး ကြုံလာပြီဆို ကိုယ်ရဲ့လူမှုနယ်ပယ်ကို လုံခြုံရေးတိုးမြှင့်ဖို့ ပြင်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မယ့်အစား အရင်ဆုံး Help Center ကို ဦးစားပေးဆက်သွယ်အကြောင်းကြားသင့်ပါတယ်။ Facebook ကလည်း အားလုံးကို အခကြေးငွေမယူဘဲ ကူညီ ပေးဖို့အဓိကထား ဆောင်ရွက်နေတာပါ။ Facebook လူမှုပလက်ဖောင်းများမှာ အသုံးပြုသူတွေအတွက် စိတ်ရှုပ်ဖို့ကောင်းတဲ့ အတွေ့အကြုံတွေနည်းသည်ထက်နည်းအောင် လျော့ချပေးနိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပေးနေပါတယ်။
ပြင်ပအဖွဲ့အစည်းတစ်ခုခုက လိုအပ်လို့တောင်းတိုင်း ကိုယ့်မှတ်ပုံတင်နံပါတ်လိုမျိုး အိုင်ဒီနံပါတ်တွေကို ဘယ်တော့မှ မပေးပါနဲ့။ ဘာကြောင့်လဲဆိုတာ Facebook ပေါ်မှာ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ အိုင်ဒီနံပါတ်ကို ဘယ်လို ပေးသင့်လဲဆိုတဲ့ လမ်းညွှန်ချက်မှာ ဖတ်ရှုနိုင်ပါတယ်။
အကောင့် Setting ကိုဘယ်လို အသုံးချရမလဲ။ ပြဿနာတစ်ခုခုရှိလို့ တိုင်ကြားချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းညွှန် ချက်နဲ့ သိထားသင့်တဲ့ညွှန်ကြားချက်တွေကို Help Center မှာလေ့လာနိုင်ပါတယ်။ ကိုယ့်အကောင့် ခိုးယူခံရပြီလို့ သံသယရှိ ပြီဆိုရင် အောက်ဖော်ပြပါ Link မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
https://www.facebook.com/help/1306725409382822
Facebook မှာ လိမ်လည်လှည့်ဖျားတဲ့အကြောင်းအရာတစ်ခုခု တွေခဲ့မယ် ဒါမှမဟုတ် ကိုယ့်အကောင့်လုံခြုံရေးအတွက် အခက်အခဲရှိခဲ့မယ်ရှိရင် အသုံးပြုတဲ့သူတွေအတွက် ထိထိရောက်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ ညွှန်ကြားချက်တွေကို အစ၊ အဆုံး ပြည့်ပြည့်စုံစုံရေးသားပေးထားပါတယ်။ ဒီညွှန်ကြား ချက်တွေက Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်မိခြင်းကနေ ရှောင်ရှားနိုင်အောင်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေးကိုပါ ကာကွယ်နိုင်အောင်ပြင်ဆင်ပေးမှာပါ။