အဆင်ပြေလွယ်ကူစွာ ပစ္စည်းများဝယ်ယူနိုင်သော Facebook Shops ကိုစတင်မိတ်ဆက်

Facebook ဆိုတာကတော့ သုံးစွဲသူတွေကိုအမြဲလေ့လာပြီးတော့ လိုအပ်ချက်တွေအားလုံးကို တတ်နိုင်သမျှလိုက်ဖြည့်စည်းပေးနေတဲ့ Social Media Platform တစ်ခုဆိုရင်လည်း မမှားပါဘူး။ Facebook အနေနဲ့  အသုံးပြုသူတွေဟာ ပစ္စည်းတွေကိုအရင်ကတည်းက ဓာတ်ပုံတွေကိုရောင်းရန်ဆိုတဲ့စာနဲ့တွဲပြီး တင်ထားတာကို သတိထားမိခဲ့ပါတယ်။ အရင်ကဈေးဆိုင်တွေမှာပဲ ဝယ်လို့ရတဲ့ပစ္စည်းတွေကို အခုဆိုရင် အင်တာနက်ကနေပဲ ရောင်းလာကြတဲ့အထိ ဖြစ်လာကြပါပြီ။

Photo source https://about.fb.com/news/2020/05/introducing-facebook-shops/

ဒါကြောင့်တစ်နေရာတည်းမှာဈေးဝယ်လို့ရတဲ့ အတွေ့အကြုံနဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေကိုလည်း သူတို့ရဲ့လုပ်ငန်းတွေကို လူတွေမြင်တွေ့လာအောင် အသုံးပြုသူတွေအနေနဲ့ သူတို့သဘောကျတာတွေ ဝယ်တတ်လာအောင် လုပ်ပေးခဲ့တာပါ။ အခုဆိုရင် လုပ်ငန်းတော်တော်များများကလည်း ရှေ့ဆက်ဖို့ရုန်းကန်နေကြရပြီးတော့ အင်တာနက်ကနေအလုပ်လုပ်ကြဖို့ စတင်လာကြပါပြီ။ လုပ်ငန်းငယ်လေးတွေအနေနဲ့ သူတို့ရဲ့ပစ္စည်းကို နာမည်ရှိပြီးသားပစ္စည်းတစ်ခုလို ဝယ်သူနဲ့ချိတ်ဆက်ပြီး ရောင်းချပေးနိုင်ဖို့ကတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

Facebook နဲ့ Instagrom ကိုအသုံးပြုပြီး တစ်နေရာတည်းမှာ ပစ္စည်းတွေကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်အောင် ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Facebook Shop တစ်ခုဖွင့်ရတာကတော့ လွယ်ကူရိုးရှင်းပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရောင်းချင်တဲ့ ပစ္စည်းအမျိုးအစားကို Catalog နေရာကနေ ရွေးချယ်ထားနိုင်ပြီးတော့ Cover image တွေ သူတို့ Brand နဲ့သက်ဆိုင်တဲ့အရောင်တွေကိုရွေးပြီး ဆိုင်ကိုကိုယ်စိတ်တိုင်းကျ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပစ္စည်းရောင်းချမယ့်သူတွေအနေနဲ့ ဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် ဘယ်လောက်အရွယ်အစားပဲ ဖြစ်ဖြစ် အင်တာနက်ကနေ ဝယ်သူတွေနဲ့ ချိတ်ဆက်ပြီး လွယ်လွယ်ကူကူရောင်းဝယ်နိုင်မှာပါ။

Photo source https://about.fb.com/news/2020/05/introducing-facebook-shops/

အသုံးပြုသူတွေအနေနဲ့ Facebook shop တွေကို Facebook ဒါမှမဟုတ် Instagram က Business ဆိုတဲ့စာမျက်နှာကနေ ဝင်ရောက်ကြည့်နိုင်မှာ ဖြစ်ပြီး ကြော်ငြာတွေကနေလည်း ဝင်ကြည့်နိုင်ပါသေးတယ်။ ပစ္စည်းတွေထဲကကိုယ်ကြိုက်တဲ့ပစ္စည်းတွေကို သိမ်းထားနိုင်ဦးမှာ ဖြစ်ပြီးတော့ website ဒါမှမဟုတ် app ထဲကနေမထွက်ဘဲ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူတဲ့နေရာမှာတော့ ကိုယ်သဘောကျတဲ့ပစ္စည်းကို  Add to Bag နှိပ်ပြီး သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ Add to Bag ကနေ ကိုယ်ဝယ်ယူမယ့်အရေအတွက်နဲ့ Payment တွေကိုဖြည့်သွင်းပြီး Place Order လုပ်လိုက်ရုံနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်ကမေးချင်တဲ့မေးခွန်းတွေ Delivery စုံစမ်းတာတွေ အတွက်လည်း WhatsApp, Messeger နဲ့ Instagram Direct တစ်ခုခုကနေ မေးခွန်းတွေ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ WhatsApp, Messenger နဲ့ Instagram Direct ကနေ စာပို့ရုံနဲ့တင်ပစ္စည်းတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုFacebook Shops ကိုစတင်အသုံးပြုခွင့်ပေးထားပြီးတော့ နောက်ပိုင်းမှာတော့ဒီထက်ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကိုယ်လုပ်ဆောင်ခဲ့တဲ့ activity တွေကို အခြားသူတွေမြင်မှာမဟုတ်ပေမယ့် ကိုယ်တိုင်တောင် Share လုပ်ပြီး မျှဝေနိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ပစ္စည်းတစ်ခုကို WhatsApp, Messenger ကိုသုံးပြီး မိတ်ဆွေတွေကိုပို့နိုင်သလို နဲ့ Instagram Story တွေကိုလည်း တင်နိုင်မှာ ဖြစ်ပါတယ်။ ပစ္စည်းဝယ်ယူမှုတွေအတွက် Facebook က Facebook Pay ဒါမှမဟုတ် Instagram က Checkout ကိုအသုံးပြုမယ်ဆိုရင်တော့ ကိုယ်ဝယ်တဲ့ဆိုင်က ကိုယ့်ဆီပို့ဆောင်ရမယ့်အချက်အလက်တွေကို တန်းရရှိမှာ ဖြစ်ပါတယ်။ Facebook Pay ကတော့လက်ရှိ US မှာပဲ အသုံးပြုလို့ရပါသေးတယ်။