Covid 19 ရောဂါအတွက် တယ်လီကျန်းမာဆေးခန်းတွင် Booking စနစ် ဖျက်သိမ်းပြီးလူနာများ ဆရာဝန်နှင့် တိုက်ရိုက်ကုသ စနစ်ဖြင့်ပြသနိုင်
Covid 19 ရောဂါအတွက် တယ်လီကျန်းမာဆေးခန်းတွင် Booking စနစ် ဖျက်သိမ်းလိုက်ပြီး လူနာများ ဆရာဝန်နှင့် တိုက်ရိုက်ကုသသော စနစ်တွင် ပိုမိုပြသနိုင်နေပြီဖြစ်ကြောင်းသိရသည်။
တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုတွင် COVID-19 လူနာများ ပိုမိုပြသနိုင်ရန် နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်ထားသည်။တယ်လီကျန်းမာရေးဆေးခန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာဆေးခန်းကို (၁၉-၆-၂၀၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
တယ်လီကျန်းမာဆေးခန်းတွင် ဝင်ရောက်ပြသနိုင်ရန် (က) လူနာများ တိုက်ရိုက်ပြသနိုင်သော တယ်လီကျန်းမာဆေးခန်း နှင့် (ခ) Booking ယူပြသနိုင်သော တယ်လီကျန်းမာဆေးခန်းဟူ၍ ဆေးခန်း (၂) ခန်းရှိခဲ့သည်။ ယခုအခါ Booking စနစ်ထက် တိုက်ရိုက်ပြသသော စနစ်သည် လူနာများအတွက် ပိုမိုအဆင်ပြေကြောင်း တွေ့ရှိရသည့်အတွက် Booking ယူပြသသော စနစ်ကို ဖျက်သိမ်းလိုက်ပါပြီဖြစ်သည်။
Photo Source https://www.facebook.com/telehealthmm
လူနာများအနေဖြင့်တွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ တိုက်ရိုက်ပြသနိုင်ကြပြီဖြစ်သည်။ တိုက်ရိုက်စနစ်အတွက် ဆရာဝန်အင်အားလည်း တိုးမြှင့်ထားပြီးပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်းဖြစ်ပွားလာသည့်အတွက် NUG ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 လူနာများ သီးသန့်ကုသမှုခံယူနိုင်ရန် (၁၆-၇-၂၀၂၁) ရက်နေ့မှစတင်၍ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခု ဖွင့်လှစ်ခဲ့သည်။ (၁၆-၇-၂၀၂၁) မှ (၄-၈-၂၀၂၁) ရက်နေ့အထိ COVID-19 လူနာ/လူနာရှင် စုစုပေါင်း (၃) သောင်းကျော် လာရောက်ပြသခဲ့ကြသည်။
အဆိုပါ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
COVID-19 Telegram Channel 1
https://t.me/COVID19MM1
COVID-19 Telegram Channel 2
https://t.me/COVID19MM2
COVID-19 Telegram Channel 3
https://t.me/COVID19MM3
COVID-19 Telegram Channel 4
https://t.me/COVID19MM4
Photo Source https://www.facebook.com/telehealthmm
အထူးကုဆရာဝန်ကြီးများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် လိုအပ်လျှင် တာဝန်ကျဆရာဝန်က လူနာကို တယ်လီကျန်းမာ အထူးကုဆေးခန်းများသို့ ပြန်လည်ညွှန်းပို့ပေးမည်ဖြစ်သည်။ တယ်လီကျန်းမာအစီအစဉ်အားလုံးအတွက် ပိတ်ရက် လုံးဝ (လုံးဝ) မရှိဖွင့်လှစ်ထားသည်။ ကုသမှု၊ တိုင်ပင်ဆွေးနွေးမှုများအားလုံးအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှလည်း ပေးစရာ၊ ကုန်ကျစရာ မလိုအပ်ပဲ အခမဲ့ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။
https://www.facebook.com/telehealthmm