ဂျပန်ရောက် မြန်မာလူမျိုးများအတွက် အလုပ်အကိုင် အထောက်အကူဖြစ်စေရန် Consultation meeting ကျင်းပမည်

ဂျပန်ရောက် မြန်မာလူမျိုးများအတွက် အလုပ်အကိုင် အထောက်အကူဖြစ်စေရန် Consultation meeting ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်မှာရှိနေကြတဲ့ မြန်မာလူမျိုးများအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်ဖြင့် အဆိုပါ Meeting ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/permalink.php?story_fbid=4467424250029894&id=732800030159020

အဆိုပါ Consultation meeting တွင် ဆွေးနွေးလို့ရနိုင်မည့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဂျပန်နိုင်ငံတွင် အလုပ်ဘယ်လိုရှာရမလဲ။
(၂) အလုပ်ပြောင်းချင်ပေမယ့် ပိုမိုကောင်းမွန်မယ့်အလုပ်ကို ဘယ်လိုရှာရမလဲ။
(၃) IT နှင့် Engineerများအတွက် ယခုအလုပ်ထက်ပိုမိုကောင်းမွန်ပြီး career up ဖြစ်နိုင်သည့်အလုပ်များက ဘယ်လိုအလုပ်အမျိုးအစားလဲ။
(၄) ဂျပန်နိုင်ငံတွင် ကျောင်းပြီးသွားပေမယ့် အလုပ်မရသေးသူများအတွက် အလုပ်ရအောင်ဘယ်လိုကြိုးစားရမလဲ။
(၅) အလုပ်ရှာရခက်ခဲနေသူများအတွက်လဲ အခွင့်အလမ်းတခုဖြစ်တဲ့ ဘိုးဘွားစောင့်ရှောက်ရေးအလုပ်နှင့် ဗီဇာအားသာ ချက်တွေက ဘာများဖြစ်မလဲ စသဖြင့် ဂျပန်နိုင်ငံတွင်ဆက်လက်နေထိုင်ဖို့ အလုပ်နှင့်ပတ်သက်သည်များကို HR Media Company လုပ်သက် (၉)နှစ်ကျော်ရှိသော Khine Zin Kyaw (Career Counseling)မှ တစ်ဦးတစ်ယောက်ချင်းစီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လက်ခံစကားပြောသွားမည့်အစီအစဉ်ကို Onlineမှတဆင့် ပြုလုပ်ပေးသွားမှာဖြစ်သည်။
ဆွေးနွေးလိုသူများအတွက် မနက်ပိုင်းတွင် အိုင်တီနှင့်အင်ဂျင်နီယာများ အတွက်ရည်ရွယ်ထားပြီး နေ့လယ်ပိုင်းတွင် ဂျပန်မှာ ကျောင်းပြီးဘွဲ့ရထားပြီး အလုပ်ရှာရန်အခက်အခဲဖြစ်နေသောသူများ လုပ်မည့်သူများအတွက် ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထား သည်။
IT/Engineer များအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းအချိန် 11:00 မှ 13:00 အထိဖြစ်ပြီး နေ့လယ် ပိုင်းအချိန် 14:00 မှ 16:00 အထိဖြစ်သည်။
ယခုလက်ရှိကုမ္ပဏီတစ်ခုခုတွင် အလုပ်လုပ်ကိုင်နေလျှက်ရှိသော အိုင်တီနှင့်အင်ဂျင်နီယာများ ပိုမိုကောင်းမွန်တဲ့အလုပ်ကို ပြောင်းလိုသောသူများအတွက် ဆွေးနွေးနိုင်မည့်အချိန်နှင့်နေ့ရက်မှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် 11:00 မှ 13:00 အထိဖြစ်သည်။
ဆွေးနွေးနိုင်မည့်သူများမှာ နိုင်ငံခြားသားများအတွက် အလုပ်ခေါ်စာများနှင့် ဂျပန်အလုပ်အကိုင်အခြေအနေကို သိလိုသူများ၊ ITနှင့် Engineerနှင့်ပက်သတ်ပြီး လစာကောင်းမွန်သောအလုပ်သို့ ပြောင်းလိုသူများ၊ ITနှင့် Engineerနှင့်ပက်သတ်ပြီး Career Up အတွက်တိုင်ပင်လိုသူများဆွေးနွေးနိုင်မည်ဖြစ်သည်။ (လက်ရှိဂျပန်တွင်နေထိုင်သောသူဖြစ်ရပါမည်။ )
ဂျပန်နိုင်ငံတွင် ကျောင်းပြီးဘွဲ့ရရှိထားပြီး အလုပ်ရှာနေသူများ၊ အလုပ်ရှာရန်အခက်အခဲဖြစ်နေသူများ၊ ဘိုးဘွားစောင့် ရှောက်‌ရေးအလုပ်အကိုင်၊ ဗီဇာနှင့်ပတ်သက်၍တိုင်ပင်လိုသူများအတွက် ဆွေးနွေးနိုင်မည့်အချိန်နှင့်နေရက်မှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် 14:00 မှ 16:00 အထိဖြစ်သည်။
ဆွေးနွေးနိုင်မည့်သူများ ၂၀၂၂ ခုနှစ်တွင်ကျောင်းပြီးထားပြီး အလုပ်ရှာနေသူများ၊ Trainingအလုပ်သက်တမ်းပြည့်ပြီး Kaigo ပြောင်းလိုသူများ အခမဲ့ဆွေးနွေးပေးခြင်းဖြစ်သည်။
ဆွေးနွေးလိုသူများသည်ဖော်ပြပါ Entry Formကို ဖြည့်စွက်ပေးရန်လိုအပ်မည်ဖြစ်သည်။ Entry Form ပိတ်ရက်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့ သောကြာနေ့ ညနေ ၅ နာရီတွင် Entry Form ပိတ်မည်ဖြစ်သည်။
https://docs.google.com/…/1FAIpQLSffe…/viewform