CB Card+ ကို MPU ကတ်တွေနှင့်ချိတ်ဆက်ပြီး Credit Card Repayment ပြုလုပ်ပုံများ

CB Card+ ကို MPU ကတ်တွေနဲ့ချိတ်ဆက်ပြီး Credit Card Repayment လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပြီ လည်းဖြစ်ပါတယ်။
နည်းပညာအဆင့်မြင့် ငွေပေးချေမှုပုံစံအသစ် CB Card+ Application ကို သုံးစွဲသူတွေအနေနဲ့ ယခုအခါ မည်သည့်ပြည် တွင်းဘဏ်ကမဆိုထုတ်လုပ်တဲ့ MPU ကတ်တွေနဲ့ ချိတ်ဆက်ပြီး Credit Card Repayment ကို အချိန်နေရာမရွေး လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Photo Source https://web.facebook.com/CBBankmyanmar

MPU ကတ်နဲ့ချိတ်ဆက်ပြီး Credit Card Repayment ပြုလုပ်နိုင်ဖို့အတွက် MPU ကတ်ကို Register ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Link ကိုဝင်ရောက်ပြီး MPU Website မှာ E-commerce Register ပြုလုပ်နိုင်ပါတယ်။
https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check
ယခုလို Covid-19 ကူးစက်ပြန့်ပွားနေတဲ့ အချိန်ကာလမှာ လုံခြုံစိတ်ချစွာ Credit Card Repayment ပေးချေဖို့အတွက် နေအိမ်ပြင်ပကို ထွက်ရန်လည်းမလို၊ ဘဏ်တွေကိုသွားရောက်ရန်လည်း မလိုဘဲ CB Card+ နဲ့ မိမိရဲ့ MPU ကတ်ချိတ်ဆက်ပြီး အလွယ်တကူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
CB Card+ ဆိုတာကတော့ ကတ်မပါဘဲ မိုဘိုင်းလ်ဖုန်းနဲ့ ငွေပေးချေလို့ရတဲ့ နည်းပညာအပါအဝင် CB Bank က ထုတ်လုပ်တဲ့ CB Bank Credit ကတ် သို့မဟုတ် Prepaid ကတ်တွေနဲ့ ငွေပေးချေခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေရရှိနိုင်ပြီး ယခုအခါ MPU ကတ်တွေနဲ့ပါ ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။
CB Card+ App ဖြင့် Credit Card Repayment ပြုလုပ်ပုံအဆင့်ဆင့် ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) CB Card+ App သို့ဝင်ရောက်ပြီး Repayment ပေးချေလိုသည့် Credit Card ကို ရွေးပါ။
(၂) View Statement ကို နှိပ်ပါ။
(၃) CB Card+ ၏ mPIN ဖြည့်ပါ။
(၄) Statement ထဲသို့ဝင်ရောက်ပြီးပါက Repayment ကိုနှိပ်၍ ပေးသွင်းလိုသည့် ငွေပမာဏကိုရိုက်ထည့်ပါ။
(၅) MPU ကတ်နံပါတ်ရိုက်ထည့်ပြီး ကတ်ပေါ်တွင်ပါရှိသော Month နှင့် Year ကိုရွေးကာ ‘Get OTP’ ကိုနှိပ်ပါ။
(၆) OTP Code ၆ လုံးကိုရိုက်ထည့်ပြီး ‘Confirm Payment’ ကိုနှိပ်ပါ။
(၇) Repayment လုပ်ဆောင်ချက် အောင်မြင်ပါသည်။