DaNa Facility နှင့် BoP Innovation Centre တို့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများအတွက် အခမဲ့ အွန်လိုင်းသင်တန်းပို့ချမည်

ယူကေနိုင်ငံမှ ပံ့ပိုးထားသည့် DaNa Facility နှင့် BoP Innovation Centre တို့ပူးပေါင်းပြီး COVID-19 ကပ်ရောဂါ ကျ ရောက်နေသည့် ကာလအတွင်း ပို့ချလျက်ရှိသည့် ‘မြန်မာနိုင်ငံ အတွင်းရှိ အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများ’ အခမဲ့ အွန်လိုင်းသင်တန်းကို စက်တင်ဘာ ၂ဝရက်နေ့အထိ ရက်တိုး ပြီး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အများပြည်သူအတွက် ရည်ရွယ်ပြီး ဧပြီလကုန် မှ စတင်ပို့ချခဲ့သည့် အွန်လိုင်းသင်တန်းကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ မှ တာဝန်ရှိသူပေါင်း ၈ဝဝ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
အွန်လိုင်းသင်တန်းတွင် COVID-19 အခြေအနေနှင့် ကိုက်ညီမှု ရှိသည့် နောက်ဆုံးမိုင် ဖြန့်ဖြူးခြင်း (Last Mile Distribution) ကို သင်ရိုးအသစ် အပိုင်း ၄ အဖြစ် ထည့်သွင်း ရေးဆွဲထားပါသည်။ ‘အလားအလာရှိသည့် သုံးစွဲသူ အများစု တို့သည် ‘last mile’ ဖြစ်ကြ ပြီး last mile ဆိုသည်မှာ ဝင်ငွေနိမ့်ပါးခြင်း၊ သို့မဟုတ် ဝေးလံခေါင် ဖျားသည့် ဒေသများတွင် နေထိုင်ခြင်း သို့မဟုတ် နှစ်ခုစလုံး ဖြစ်နေ ခြင်း တို့ကြောင့် သမားရိုးကျ ပုဂ္ဂလိကကဏ္ဍ၏ ဝန်ဆောင်မှုများကို အလုံအလောက် မရရှိသူများ ဖြစ်ပါသည်။ အများပါဝင်နိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် အခြေခံ လူတန်းစားများ ပါဝင်ခြင်းအား ဖြင့် စီးပွားရေးတိုးတက်မှုများမှ ၎င်းတို့ အကျိုးခံစားခွင့်ရရှိနိုင်ရန် အခွင့် အလမ်းများကို ဖန်တီးပေးသည်။

Photo Source https://myanmarinclusivebusiness.teachable.com/

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဗျူဟာများကို အသုံးချခြင်းကြောင့် စီးပွားရေးလုပ် ငန်းများတွင် အခြေခံလူတန်းစားများကို ၎င်းတို့၏ အသိုင်းအဝိုင်းများတွင် စတင်လုပ်ကိုင် ပါဝင်လာစေပါသည်။ Last Mile Distribution က စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနများ အနေဖြင့် ဒေသခံ အသိုင်းအဝိုင်း များနှင့် အခြေခံလူတန်းစားများ၏ ဈေးကွက်များတွင် ဖြန့်ချီခြင်း မှတစ်ဆင့် မထိတွေ့ရသေးသည့် ဈေးကွက်သစ်များအတွင်း အမှတ်တံဆိပ်များကို လူသိများလာ အောင် ဖန်တီးနိုင်ပြီး တန်ဖိုးသစ်များ ဆောင်ကြဉ်းလာနိုင်ရန် အထောက်အကူပြုသည့် ဒေသခံ အရောင်းအင်အားစုများကို တည်ထောင်နိုင်စေပါသည်။
“အများပါဝင်အကျိုးခံစားနိုင်တဲ့ စီးပွားရေး လုပ်ငန်း အွန်လိုင်းသင်တန်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့အညီ လုပ်ငန်းရဲ့ လူမှုရေး အကျိုးသက်ရောက်မှု အားကောင်း လာဖို့အတွက် ဆောင် ရွက်ရမယ့် မှတ်သား ဖွယ်ရာ နည်းလမ်းတွေနဲ့ အလေ့အကျင့် ကောင်းတွေကို သင်ယူရမှာ ဖြစ်ပါတယ်။ သင်ရိုးသစ်မှာ ကျွန်မတို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လက်လီကဏ္ဍ ဖြန့်ချီရေး ပါဝင်မှာဖြစ်တဲ့ အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သင်တန်းမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု City Mart Holdings ကုမ္ပဏီမှ Sustainability Manager ဒေါ်တာရာအံံ့ကြည်ကပြောကြားသည်။
အများပါဝင်အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းနှင့် လူမှုရေး ကောင်းကျိုး သက်ရောက်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင် အဖွဲ့၏ ထောက်ခံမှုဖြင့် အွန်လိုင်းသင်တန်းကို သင်ရိုး ၄ ခုနှင့် ဖွဲ့စည်း ထားပါသည်။ (၁) မြန်မာနိုင်ငံတွင် အများ ပါဝင် အကျိုးခံစားနိုင် သည့် စီးပွားရေးလုပ်ငန်းများ၏ အလားအလာ (၂) အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံကို ရေးဆွဲနည်း (၃) အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းအတွက် မိတ်ဖက်ဆောင် ရွက်မှုနှင့် (၄) နောက်ဆုံးမိုင် ဖြန့်ဖြူးခြင်း (Last Mile Distribution) တို့ပါဝင်ပါသည်။ သင်ရိုးတစ်ခုစီတွင် မြန်မာ နိုင်ငံအတွက် ကိုက်ညီမှုရှိမည့် စံနမူနာများ သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်း ထည့်သွင်းရေး ဆွဲထားပါသည်။ သင်တန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် မိမိ စိတ်ကြိုက် ရွေးချယ်သင်ယူနိုင်ပြီး မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပါး ပြည်သူများ နှင့် စီးပွားရေးအခွင့်အလမ်းရရှိမှု နည်းပါးသူများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေ ပိုမို တိုးပွားလာစေရန်အတွက် ဆန်းသစ်သော နည်းလမ်းများကို သတ်မှတ်ဖော်ထုတ် နိုင်ရန် ရည်ရွယ်ပါသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်က “DaNa Facility ရဲ့ အများ ပါဝင်အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်း အွန်လိုင်းသင်တန်း ကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကဏ္ဍက တာဝန်ရှိသူတွေအနေနဲ့ Inclusive Business နည်းစနစ်တွေအသုံးပြုပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို ထောက်ပံ့ဖို့အတွက် အသိပညာ ဗဟုသုတတွေ ရရှိပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ အတွင်း စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာတွင် အများ ပါဝင် အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် Last Mile Distribution ကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း သိရှိလာရပါတယ်။” ဟုဆိုပါသည်။

Photo Source https://myanmarinclusivebusiness.teachable.com/

အွန်လိုင်းသင်တန်းကို စက်တင်ဘာလ ၂ဝ ရက်နေ့အထိ ဖွင့်လှစ်ပေး သွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေနှင့် https://myanmarinclusivebusiness.teachable.com/ တွင် အခမဲ့စာရင်းသွင်းပြီး သင်ယူနိုင်ပါသည်။
သင်တန်းအကြောင်း အသေးစိတ် ထပ်မံ သိရှိလိုပါက ဆက်သွယ်ရန် အီးမေးလ်လိပ်စာ louw@bopinc.org (သို့) soewaiwai@bopinc.org.
DaNa Facility သည် ယူကေနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ထောက်ပံ့ပေးထားသော ဆန်းသစ်တီထွင်သည့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်ပြီး DAI ဥရောပနှင့် KPMG တို့က စီမံခန့်ခွဲသည်။ အစီအစဉ်ကို မေ ၂ဝ၁၆က စတင်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး တာဝန်ခံယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ကို လုပ်ဆောင် ခြင်းဖြ့င့် အများနှင့် အကျုံးဝင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးရေးကို ပံ့ပိုးပေး လျက် ရှိပါသည်။DaNa Facility အကြောင်းအသေးစိတ်အချက်အလက်များအတွက် https://www.danafacility.com တွင် ဝင်ကြည့်ပါ။ DaNa Facility ကို https://twitter.com/DanaFacility| https://www.facebook.com/DaNaFacility/| https://linkedin.com/company/the-dana-facility/ များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
BoP Innovation Center (“BoP Inc”) သည် နယ်သာလန် အခြေ စိုက် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံ စားသုံးသူများ၊ ထုတ်လုပ်သူများ နှင့် စီးပွားရေး စွမ်းဆောင်ရှင်များအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးအရ ရပ်တည်နိုင်သော အများပါဝင် အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံကို ဖော်ဆောင်ခြင်းဖြင့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း ရှင်များကို ပံ့ပိုးလျက် ရှိပါသည်။ ၂ဝ၁ဝ ခုနှစ်က တည်းက စီးပွားရေး စွမ်းဆောင်ရှင်နှင့် ကုမ္ပဏီပေါင်း ၅ဝဝ ကျော်ကို အခြေခံလူတန်း စားများနှင့် လက်တွဲ၍ ၎င်းတို့ အကျိုးကျေးဇူးများ ရရှိရန် ကူညီပံ့ပိုးလျက် ရှိပါသည်။ BoP Inc အကြောင်း အသေးစိတ် သိရှိလိုပါက https://www.bopinc.org တွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။