ငွေကြေးကုန်ကျနည်းနည်းနှင့်ပညာရှာဖွေချင်သူများအတွက် Aung Myin Online Learning Platform

လူတိုင်းနီးပါး ကိုယ်သိချင်သမျှကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ရှာလို့ရတဲ့ခေတ်ကြီးမှာ လွဲမှားတဲ့ အသုံးအစွဲမျိုး၊ အယူအဆ မျိုးတွေကြောင့် အချိန်ကုန်၊ ငွေကုန်ပြီး ဘာမှမဖြစ်လာတဲ့ အပိုင်းတွေ ရှိသလို အင်တာနက်ကနေ စနစ်တကျ လေ့လာပြီး အကျိုးဖြစ်ထွန်းသွားသူများလည်း အများကြီးရှိကြပါတယ်။ သင်ယူလေ့လာမှုနည်းအသစ်တွေအတွက် ဖုန်းတွေဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ်ပါဝင်လာကြပါပြီ။ Online Learning မှာတော့ သင်ကြားမှုပုံစံဟာ ပြောင်းလဲသွားမှာဖြစ်သလို သင်ခန်း စာကို နားလည်လွယ်စေမယ့် ဂိမ်းတွေ၊ အင်ဖိုဂရပ်တွေက Online Learning App များရဲ့ နည်းပညာဆန်းသစ်မှု ဖြစ်လာ ပါတယ်။
ဘတ်(စ်)ကားစီးရင်း အလွယ်တကူ နားထောင်နိုင်တဲ့ အသံဖိုင်တွေ၊ သင်ခန်းစာကို တကယ်တက်မြောက်မှု ရှိ၊ မရှိ ဆန်း စစ်လို့ရတဲ့ Test တွေကို ထည့်သွင်းရေးဆွဲထားပြီး သင်ယူလေ့လာမှု နည်းစနစ်အသစ်တွေနဲ့ Online Learning App များဟာ နည်းပညာခေတ် လူသားတွေရဲ့ စာသင်ခန်းတစ်ခု ဖြစ်လို့နေပါတယ်။ အချိန် မရွေး၊ နေရာ မရွေး ကိုယ့်ရဲ့ မိုဘိုင်းဖုန်းဟာ စာသင်ခန်း ဖြစ်တဲ့အတွက် တစ်ကူးတစ်က အချိန်ပေးစရာမလိုပါဘူး။ အလုပ်များတဲ့သူဖြစ်ဖြစ် အချိန်မပေးနိုင်တဲ့ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ဖြစ် ပညာရပ်တစ်ခုကို တစ်ကူးတစ်က သွားရောက်သင်ယူဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ ကိုယ်အဆင်ပြေတဲ့ ဘယ်နေရာကနေပဲဖြစ်ဖြစ် App က ဖော်ပြပေးတဲ့ သင်ခန်းစာများကို လေ့လာနိုင်ပါတယ်။

Photo Source – https://www.facebook.com/aungmyinonlinelearning/

မြို့ကြီးတွေမှာ ပို့ချသင်ကြားနေတဲ့ အကြောင်းအရာတွေကို နယ်အဝေးမှာနေရင်လဲ လေ့လာသင်ကြားလို့ရတာကြောင့် စဉ်ဆက်မပျက် လေ့လာသင်ယူဖို့လိုနေတဲ့ ဒီနေ့ခေတ်အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်လို့နေပါတယ်။ စနစ်တကျ လေ့လာချင်ပေမယ့် Academic အနေနဲ့က ငွေကုန်ကြေးကျများလို့ မတတ်နိုင်ဘူး Online App ကနေ စနစ်တကျ လေ့လာခွင့် ရရင်လေ့လာချင်တဲ့သူတွေအတွက် ငွေကုန်ကြေးကျနည်းနည်းနဲ့ အလွယ်တကူ လေ့လာနိုင်တဲ့ Online Learning App တွေက အကောင်းဆုံး အဖော်မွန်ပါပဲ။
လူအများ ပိုစိတ်ဝင်စားစေတဲ့နည်းလမ်းတွေကို စစ်တမ်းတွေနဲ့ လေ့လာတွေ့ရှိချက်တွေအရ လူတွေဟာ စာသင်ခန်းတွေ ထဲမှာ သင်ခန်းစာတွေကို မူလအတိုင်းပို့ချတာထက် ဖုန်း၊ လက်တော့ အစရှိတဲ့ Mobile Format တစ်မျိုးမျိုးနဲ့ လွှဲပြောင်းပို့ချ တဲ့ အခါမှာ ပိုပြီး စိတ်ဝင်စားမှုရှိလာတယ်လို့ဆိုကြပါတယ်။ ဒါတွေဟာ နေ့စဉ်ဘဝတွေမှာ ဖုန်း၊ လက်တော့လို Mobile Device တွေဟာ မရှိမဖြစ် နေရာယူလာကြလို့ပဲ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း Online Learning ဟာ အရေးပါ အရာရောက်တဲ့ သင်ကြားရေး စနစ်တစ်ခုဖြစ်လာနိုင်ဖို့အလားအလာများစွာရှိနေပါတယ်။

Photo Source – https://www.facebook.com/aungmyinonlinelearning/

Aung Myin Online Learning Platform ဟာဆိုရင်တော့ Online သင်ခန်းစာတွေကို သင်ကြားပေးတဲ့နေရာမှာ စီးပွားရေးလုပ်ငန်းတွေအပါအဝင် အခြားသက်ဆိုင်ရာနယ်ပယ်တိုင်းမှာ သဘော ပေါက်နားလည်နိုင်မယ့် နည်းလမ်းတွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ Aung Myin Online Learning Platform ကတော့ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ပိုမို ကောင်းမွန်ဆန်းသစ်တဲ့ အကြံဉာဏ်ကောင်းတွေနဲ့ လူမှုစီးပွားရေးပတ်ဝန်းကျင်တစ်ခုကို ထူးချွန်သူတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေနဲ့အတူပူးပေါင်းပြီး ကျောင်းသားတွေကို အနီးကပ်ထိတွေ့သင်ကြားပေးနိုင်တဲ့ ဆန်းသစ်ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု သင်ကြားခြင်းပုံစံတစ်ခုဖြစ်ပါတယ်။
Aung Myin Online Learning Platform ရည်မှန်းချက်ပန်းတိုင်ကတော့ “မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ကျွမ်းကျင်သော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဦးဆောင်သင်ကြားပေးနိုင်သော အဖွဲ့အစည်းတစ်ခု” ဖြစ်လာနိုင်ရန်ပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/aungmyinonlinelearning/

Platform မှာတော့ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ကြည့်ရှုနိုင်တဲ့ Website နဲ့ Mobile Application ရှိပြီး ကျွမ်းကျင်သူ များဆီက အကောင်းဆုံးသင်ကြားရေးဗီဒီယိုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ သင်ယူသူတွေဆီကိုလည်း အကောင်းဆုံး Online သင်ကြားရေးပုံစံတွေကို ပြသသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာတွေအားလုံးကို ထိရောက်မှုရှိတဲ့ သင်ကြားပို့ချမှု နည်းလမ်းတွေဖြစ်တဲ့ ဇာတ်လမ်းသွားပုံစံပြောဆိုသင်ကြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ လက်တွေ့သင်ကြားခြင်းတို့နဲ့ သင်ကြားနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက်အကဲဖြတ်စစ်ဆေးမှုကိုအသုံးပြုပြီးတော့ သက်ဆိုင် ရာသင်ခန်းစာတွေအတွက် သင်ယူသူတွေက လိုအပ်တဲ့ဗဟုသုကတွေကို ရရှိလားဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။
Aung Myin Learning App နဲ့ Aung Myin Website တွေကိုတော့ Apex EdTech Company က တည်ထောင်ထားခြင်း လည်းဖြစ်ပါတယ်။
Aung Myin Learning App နဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ HR၊ Marketing၊ Finance၊ Personal Development စတဲ့ ဘာသာရပ်တွေမှာ ဆရာ/ဆရာမကြီးတွေ၊ ကျွမ်းကျင်သူတွေရဲ့ ပို့ချချက်တွေနဲ့ ကမ္ဘာကျော်စာအုပ်ကောင်းတွေရဲ့ အနှစ်ချုပ် ရှင်းပြချက် ဗီဒီယိုတွေကို လစဉ်ကြေးပေးသွင်းပြီး အချိန်၊နေရာမရွေးလေ့လာနိုင်ပါပြီလည်းဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုချင်းစီအလိုက်လဲ သီးခြားဝယ်ယူပြီး လေ့လာနိုင်ပါတယ်။
Aung Myin App ကို Download မလုပ်ရသေးရင်တော့ အောက်ပါ လင့်များမှ ဝင်ရောက်ပြီး Download ပြုလုပ်နိုင်ပါတယ်။
Google Play Store – http://bit.ly/aungmyinplay
iOS (Apple Store) – http://bit.ly/aungmyin