Digital ခေတ်မှာ အသုံးပြုသင့်သော Cloud Storage

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ Data သိမ်းဆည်းခြင်းဟာ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ Smartphone တွေမှာ ဓာတ်ပုံရိုက်မယ်၊ သီချင်းတွေ Video တွေ Download ဆွဲမယ်။ ရုံးမှာ အလုပ်လုပ်တဲ့ Data တွေကို သိမ်းဆည်းမယ် စသည်ဖြင့် ကျွန်တော်တို့ဟာ Data တွေကို Create လုပ်ကြပါတယ်။ Smartphone တွေ PC တွေမှာ Data တွေများပြားလာတဲ့အခါ ကျွန်တော်တို့ဟာ External Storage ဖြစ်တဲ့ SD Card, USB Stick, External Hard Disk စတာတွေကို ထပ်မံဖြည့်ဆည်းအသုံးပြုလာရပါတယ်။ ဒါပေမယ့်လဲ Data များဖောင်းပွလာတဲ့အခါ Storage မလောက်ငှမှုဟာ ကျွန်တော်တို့အတွက် ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ထို့အပြင် External Storage တွေဟာ Hardware တွေဖြစ်တဲ့အတွက် ပျက်စီးမှုများဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ဟာ နှမြောစွာနဲ့ပဲ အချို့သော Data များကိုစွန့်လွှတ်ကြရပါတယ်။
ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် နည်းပညာကုမ္ပဏီကြီးတွေဟာ Cloud Storage System ကိုဖန်တီးခဲ့ကြပါတယ်။ Cloud Storage System ဟာ Data တွေကို Online ပေါ်မှာသိမ်းဆည်းနိုင်တဲ့ Online Storage စနစ်တစ်ခုဖြစ်ပါတယ်။ Cloud ပေါ်မှာ User တွေလာရောက်သိမ်းဆည်းတဲ့ Data ကို Host လုပ်တဲ့ ကုမ္ပဏီများက ကြားခံ Data Storage Centre တွေတည်ဆောက်ပြီး သိမ်းဆည်းပေးခြင်းဖြစ်ပါတယ်။ Data များကို မိမိတို့ လိုအပ်တဲ့အချိန်မှာ Online ပေါ်မှ လျင်မြန်စွာ ရယူသုံးစွဲနိုင်တဲ့အတွက် မိမိတို့ရဲ့ Smartphone နဲ့ PC တို့မှာ Data များ ဖောင်းပွခြင်း မရှိနိုင်တော့တဲ့အတွက် အပို Hardware များဝယ်ယူသုံးစွဲရတဲ့ စရိတ်တွေလျော့နည်းသွားမှာပါ။
Hardware Error, Software Error များကြောင့် Data များပျက်စီးဆုံးရှုံးမှုမရှိနိုင်တဲ့အတွက် အသုံးပြုသင့်တဲ့ System တစ်ခုဖြစ်ပါတယ်။ Cloud Storage Provider များစွာရှိသည့်အပြင် Storage GB များစွာ အခမဲ့ပေးထားကြပြီး ပိုမိုသိမ်းဆည်းသုံးစွဲလိုပါက လစဉ်ကြေး နှစ်စဉ်ကြေးများဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသေးတယ်။ ယခုအခါ ပြည်တွင်းမှာလည်း စတင်သုံးစွဲနေကြပြီဖြစ်တဲ့ Cloud Storage Provider တစ်ချို့ကို မိတ်ဆက်ပေးသွားချင်ပါတယ်။

Image Sourece : http://vforum.vn

1 .     Google Drive

နည်းပညာကုမ္ပဏီကြီး Google ကနေပေးထားတဲ့ Cloud Storage Service တစ်ခုပါ။ သူ့မှာ သိမ်းဆည်းထားတဲ့ Power Point, Excel, Word စတဲ့ ရုံးသုံး File တွေကို Online ပေါ်မှာပဲချက်ချင်းပြုပြင်သုံးစွဲလို့ရတဲ့ G-Suites ဆိုတဲ့ Office Software တစ်ခုကို ချိတ်ဆက်ပေးထားပါတယ်။ Android ဖုန်းအသုံးပြုသူ၊ Google Mail အသုံးပြုသူတွေအတွက်ကတော့ Google Drive ဟာ သိပ်စိမ်းလှတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။
Account တစ်ခုကိုအခမဲ့အသုံးပြုနိုင်ဖို့ 15GB Free ပေးထားပြီး 100GB ကို တစ်လ $1.99 နဲ့ 1TB ကို တစ်လ $9.99 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။

Image Source:http://vforum.vn

2.     Dropbox

Cloud Storage လောကမှာ ဘိုးအေကြီးလို့ခေါ်နိုင်တဲ့ Dropbox ဟာ Account တစ်ခုကို
2 GB သာပေးထားပေမယ့် Dropbox Account ကို Social Media Account နဲ့ချိတ်ဆက်ရင်သော် လည်းကောင်း Friend တစ်ယောက်ကို အသုံးပြုဖို့ ရည်ညွှန်းပေးရင်သော်လည်းကောင်းပြုလုပ်ပေးရင် အခမဲ့အသုံးပြုနိုင်တဲ့ပမာဏကို 16 GB အထိ တိုးမြှင့်ပေးပါတယ်။ Dropbox Business Account မှာ File Recovery ပြုလုပ်နိုင်စွမ်းနဲ့ ယခင်အနေအထားသို့ File များကို ပြန်ပြပေးနိုင်ခြင်းပါဝင်ပါတယ်။ Account တစ်ခုကို အခမဲ့အသုံးပြုနိုင်ဖို့ 2GB Free ပေးထားပြီး 1TB ကို တစ်လ $10 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။

Image Source : http://vforum.vn

3.     Mega

အသုံးပြုရလွယ်ကူတဲ့ New Zealand က အမိုက်စား Cloud Storage ဖြစ်တဲ့ Mega ဟာ Desktop ရော Mobile Phone မှာပါ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ Mega ဟာ အခမဲ့အသုံးပြုနိုင်တဲ့ပမာဏကို 50 GB အထိပေးထားပြီး Mega ကိုယ်တိုင်ကတော့ Data တွေဟာ ရာနှုန်းပြည့်လုံခြုံပါတယ်လို့ပြောပါတယ်။
Account တစ်ခုကို အခမဲ့အသုံးပြုနိုင်ဖို့ 50GB Free ပေးထားပြီး 200GB ကို တစ်လ $6 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။

Image Source : http://vforum.vn

4.     One Drive

နည်းပညာဂရုကြီး Microsoft ရဲ့ Cloud Storage ပါ။ ယခင်က SkyDrive လို့နာမည်ပေးခဲ့ပြီး ယခု Windows 10 မှာတစ်ပါတည်း ထည့်သွင်းပေးထားတဲ့ Service တစ်ခုဖြစ်ပါတယ်။ Windows ပေါ်ကနေ အလွယ်တကူအသုံးပြုနိုင်ရုံသာမက Android နဲ့ iOS မှာပါ Application ဖြင့်အသုံးပြုနိုင်ပါတယ်။ MacOS အတွက်လဲ Application တစ်ခုရှိပါသေးတယ်။
Account တစ်ခုကို အခမဲ့အသုံးပြုနိုင်ဖို့ 5GB Free ပေးထားပြီး 50GB ကို တစ်လ $1.99 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။

Image Source : http://vforum.vn

5.     iCloud

သင်ဟာ iPhone အသုံးပြုသူတစ်ဦးဆိုရင်တော့ iCloud ဟာ သင့် Data တွေကို Backup လုပ်ဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ဒါပေမယ့် Apple က အခမဲ့ပေးထားတဲ့ 5GB Storage ဟာ Office ပိုင်းအတွက်သာ လုံလောက်ပါတယ်။ သို့သော်လည်း အလွန်တန်တဲ့စျေးနှုန်းနဲ့ ထပ်မံတိုးချဲ့ ဝယ်ယူနိုင်ပါတယ်။ iWork နဲ့ ပြုလုပ်ထားတဲ့ File တွေကို iCloud ပေါ် အလွယ်တကူ Sync လုပ်နိုင်ပါတယ်။ Windows User တွေအတွက်လည်း iCloud ကို အသုံးပြုနိုင်ပါတယ်။ Account တစ်ခုကို အခမဲ့အသုံးပြုနိုင်ဖို့ 5GB Free ပေးထားပြီး 50GB ကို တစ်လ $0.99 နဲ့ 200GB ကို တစ်လ $3.99 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။

Image Source : https://www.pcloud.com

6.     pCloud

Media File အကြီးစားတွေအတွက် Upload လုပ်ရအဆင်ပြေတဲ့ pCloud ဟာ Desktop ရော Mobile တွေမှာပါအသုံးပြုနိုင်ပါတယ်။ Website ပေါ်ကနေပါ Log in ဝင်ပြီး အသုံးပြုနိုင်ပါသေးတယ်။ Switzerland နိုင်ငံမှာ Register လုပ်ထားတဲ့ ဒီကုမ္ပဏီရဲ့ Service ကို တစ်လကို $3.99 နဲ့ Premium Account ဝယ်ယူသုံးစွဲပါက File တွေကို Password တွေနဲ့ပါ Lock ချထားနိုင်တဲ့ pCloud Crypto Service ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Account တစ်ခုကို အခမဲ့အသုံးပြုနိုင်ဖို့ 20GB Free ပေးထားပြီး 500GB ကို တစ်လ $3.99 နဲ့ 2TB ကို တစ်လ $7.99 ဖြင့်ဝယ်ယူပြီးသုံးစွဲနိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းများအတွက် များစွာ အသုံးဝင်တဲ့ Cloud Storage ကို အသုံးပြုပြီး Data များပျက်စီးဆုံးရှုံးခြင်း မှကာကွယ်နိုင်ပါတယ်။ မြန်မာ့နည်းပညာလောကကို တစ်ဖက်တစ်လမ်းမှကူညီ ထောက်ပံ့ပေးလိုသော ရည်ရွယ်ချက်ဖြင့် ယခုဆောင်းပါးကို ရေးသားတင်ဆက်လိုက်ရပါတယ်။

Sai Moon