ဦးနှောက်ထိန်းချုပ်ခံဒရုန်းတွေဟာမြန်မာပြည်ကိုရောက်ရှိနေခဲ့ပါပြီ၊နောင်ငါးနှစ်မှာဘာတွေထပ်ရောက်လာနိုင်မလဲ

ဒီနေ့ရဲ့နည်းပညာခေတ်မှာဒရုန်းလို့ခေါ်တဲ့လေကြောင်းသုံးယာဉ်ငယ်လေးတွေဟာတော်တော်လေးခေတ်စားလာခဲ့ပါပြီ။ဒီတော့ဒရုန်းရဲ့အဓိပ္ပါယ်ကဘာလဲ။ ၎င်းတို့ဟာအင်္ဂလိပ်လို Unmanned Ariel Vehicle တွေဖြစ်ပြီး လူမဲ့လေကြောင်းသုံး လေယာဉ်လို့ခေါ်ပါတယ်။ လူအများစုကတော့ ဒရုန်းလို့ပဲအသိများကြပါတယ်။ ဒရုန်းတွေဟာ နယ်ပယ်တော်တော်များများ မှာအသုံးဝင်လှပါတယ်။ ဒရုန်းတွေရဲ့ အသုံးဝင်ပုံ ကိုမကြည့်ခင် ၎င်းတို့ရဲ့တည်ဆောက်ပုံနဲ့ ဒရုန်းအမျိုးအစားတွေကို အနည်းငယ်ဖော်ပြသွားပါမယ်။
ဒရုန်းတွေရဲ့တည်ဆောက်ပုံမှာ ကိုယ်ထည်၊ ဘက်ထရီစနစ်၊ လျှပ်စီးပတ်လမ်း၊ တွက်ချက်မှုစနစ်၊ အာရုံခံစနစ်၊ ရွေ့လျားမှုထိန်းချုပ်စနစ်နဲ့ ဆော့ဝဲလ်တို့ပါဝင်ပါတယ်။ ဒရုန်းအမျိုးအစားတွေကတော့ အဓိကအားဖြင့် (၆) ပိုင်းလောက်ရှိပါတယ်။ နယ်ပယ်အများစုသုံးယာဉ်၊ ပစ္စည်းပို့ယာဉ်၊ တည်နေရာနဲ့မြေပုံပြယာဉ်၊ ဒရုန်းစမ်းသပ်သည့်ယာဉ်၊ တိုက်ခိုက်ရေးသုံးယာဉ်နဲ့ တိုက်ခိုက်ရေးသုံး အထူးယာဉ်တို့ပဲဖြစ်ပါတယ်။

 

 

Image Source : https://www.pinterest.com
Image Source : http://www.bazarcom.cz

မြန်မာနိုင်ငံမှာ ဒရုန်းတွေဟာယနေ့ခေတ်ရဲ့ ခေတ်စားတဲ့နေရာတစ်ခုကို အသေအချာ ပိုင်ဆိုင်ထားနေပါပြီ။ အခြေခံကနေအဆင့်မြင့် အထိဒရုန်းတွေကို မြန်မာနိုင်ငံမှာလည်း ရရှိနေပြီဖြစ်ပါတယ်။ မြန်မာပြည်ရဲ့အဓိကနယ်ပယ်ဖြစ်တဲ့ စိုက်ပျိုးရေးမှာဒရုန်းတွေကို အသုံးပြုလို့ရ နေပါပြီ။

Image Source : https://www.uavsystemsinternational.com

စျေးနှုန်းအရအသုံး မတွင်ကျယ်သေးပေမယ့် ဒရုန်းတွေရဲ့စိုက်ပျိုးရေး ကဏ္ဍမှာဒရုန်းတွေရဲ့အရေးပါမှုကတော့အံ့မခန်းပါပဲ။ ဒရုန်းတွေဟာ လူကိုယ်တိုင်တိုင်းတာလျှင် တိကျမှုလျော့နည်းစေပြီး အချိန်ကြာနိုင်စေတဲ့စိုက်ပျိုး မြေဧကတိုင်းတာမှုတွေကို တိတိကျကျနဲ့လျင်လျင်မြန်မြန် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင်သီးနှံတွေပိုးကျတာ၊ မြေဆီလွှာမကောင်းတာ၊ ရေသွင်းမှုအခြေအနေနဲ့ပေါင်းမြက်တွေရဲ့နှောင့်ယှက်မှုတွေကို ပါဒရုန်းတွေကမှတ်တမ်းတင်ပေးပြီး လယ်သမားတွေကို ကူညီပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဒရုန်းတွေဟာသီးနှံတွေအတွက် မြေသြဇာဖျန်းခြင်းကိုလည်းလုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။ ဒါကတော့ ဒရုန်းရဲ့စိုက်ပျိုးရေးဆိုင်ရာအသုံးဝင်မှုတွေဖြစ်ပါတယ်။

Image Source : http://www.avalow.com
Image Source : https://www.openpr.com

စိုက်ပျိုးရေးတွင်ပဲလား၊မဟုတ်ပါဘူး။ ဆောက်လုပ်ရေးတွေမှာလည်း ဒရုန်းတွေဟာ အရေးပါလွန်းလှပါတယ်။ အဆောက်အဦးတွေ တည်ဆောက်ရာမှာ မပြီးပြတ်သေးတဲ့အပိုင်းတွေနဲ့ တည်ဆောက်မှုဆိုင်ရာအခြေအနေတွေကို ဒရုန်းကမှတ်တမ်းတင်ပေးမှာဖြစ်ပါတယ်။ ဒရုန်းတွေဟာအလုပ်သမားတွေရဲ့အလုပ်လုပ်မှု အခြေအနေတွေကိုလည်း စပိုင်လုပ်ပေးနိုင်တာကြောင့် စီမံကိန်းမန်နေဂျာတွေအတွက်တော့ တွက်ချေကိုက်မှာအမှန်ပါပဲ။ လုပ်သားတွေ သတင်းအချက်အလက်ယူရာမှာ ဖြစ်တတ်တဲ့အချိန် ကြန့်ကြာမှုတွေကိုလည်း ဒရုန်းကလျင်မြန်မှုနဲ့လျှော့ချပေးမှာပါ။ ရေဒီယိုလှိုင်းဆက်သွယ်ရေးလမ်းကြောင်းအတွက် တာဝါတိုင်တွေဆောက်လုပ်ရာမှာလည်း ဒရုန်းတွေဟာ လူတွေသွားလာဖို့ခက်ခဲတဲ့နေရာတွေအတွက် သတင်းအချက်အလက် ရယူပေးနိုင်ပါတယ်။ ဒါကတော့ဒရုန်းတွေရဲ့ ဆောက်လုပ်ရေးနယ်ပယ်မှာ အသုံးဝင်ပုံပါ။

Image Source : https://www.buildcomconstructionwa.com.au
Image Source : https://www.certifiedtraininginstitute.com

တိုင်းပြည်ကာကွယ်ရေးဖြစ်တဲ့ စစ်ရေးမှာလည်း ဒရုန်းတွေဟာ လူစပိုင်ထက်ပိုမိုကျွမ်းကျင် တိကျမှုရှိမှာပါ။ တစ်ဖက်ရန်သူရဲ့ စစ်နည်းဗျူဟာတွေကို စုံစမ်းရာမှာ တပ်သားတွေကို မတော်တဆဆုံးရှုံးလိုက်ရရင် ဝမ်းနည်းမှုတွေ တစ်သီတစ်တန်းကြီး ကျန်ခဲ့နိုင်ပေမယ့် ဒရုန်းတွေကတော့ သက်မဲ့တွေရဲ့အကျိုးကိုအပြည့်အဝ ခံစားရစေမှာပါ။ ဒါ့အပြင် စစ်တိုက်တဲ့နေရာမှာလည်း အသေခံတပ်သားမလိုဘဲ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်လို့ရပါတယ်။ နယ်မြေရှင်းလင်းရေးတွေမှာ လည်းဒရုန်းတွေဟာအရေးပါပါတယ်။

Image Source : https://tronsystems.com.au

ဖော်ပြခဲ့တာတွေဟာ မြန်မာနိုင်ငံမှာလည်း လူပြောများနေတဲ့ ယနေ့ခေတ်ဒရုန်းတွေရဲ့ စိုက်ပျိုးရေး၊ဆောက်လုပ်ရေးနဲ့ စစ်ရေးနယ်ပယ်တွေမှာ အသုံးဝင်မှုဖြစ်ပါတယ်။ ဒရုန်းတွေဟာ အဓိကနယ်ပယ်တွေမှာ သာမကလူတွေရဲ့ အပန်းဖြေမှုအတွက်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ မြန်မာပြည်မှာတော့ ဒရုန်းချစ်သူတွေတဖြည်းဖြည်းနဲ့ ပေါများလာနေပါတယ်။ ဒရုန်းတွေကို ဝယ်ယူချင်တဲ့သူတွေအတွက် ညွှန်းချင်တဲ့နေရာ နှစ်ခုရှိပါတယ်။ Drone Lab- Myanmar နဲ့ BB Drone Myanmarတို့ပါ။
ကဲ..ဒါဆိုရင် နောင်ငါးနှစ်အကြာမှာလဲ ဘယ်လိုဒရုန်းတွေကိုမြင်တွေ့ရမှာပါလဲ။ ကောလာဟလအနေနဲ့ ကတော့အနာဂတ်မှာ လူကိုယ်တိုင်မောင်းနှင်လို့ရတဲ့ ဒရုန်းတွေထွက်ပေါ်လာဦးမယ် လို့တော့ခန့်မှန်း နေကြပါတယ်။ ထိန်းချုပ်ခံဒရုန်း တွေဟာလည်း remote control မလိုတော့ဘဲ အသိဉာဏ်ရှိတဲ့ဒရုန်းတွေ အဖြစ်ဖွံ့ဖြိုးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ နည်းပညာတွေကတော့ အဆက်မပြတ် စီးဆင်းနေဦးမှာပါ။ ဒီလိုပါပဲ၊ ဒရုန်းတွေရဲ့အသုံးဝင်မှာကလည်း ကြီးထွားလာမှာဖြစ်လို့ နောင်ငါးနှစ်မှာ ထွက်ပေါ်လာမယ့် ဒရုန်းအမိုက်စားတွေ ဟာလည်းမြန်မာပြည်ရဲ့ ခေတ်တစ်ခေတ်ကိုတော့ ပိုင်ဆိုင်ဦးမှာပါပဲ။

Khin Nyein Chan