မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံ၏ website များအလားအလာ

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဖွံဖြိုးတိုးတက်ဆဲနိုင်ငံ ဖြစ်တာနဲ့အညီ နိုင်ငံစီးပွားရေး အခန်းကဏ္ဌဟာဆိုရင်လည်း အရမ်းမနိမ့်လွန်း အမြင့်လွန်းသော နေရာတစ်ခုမှာရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ယနေ့ခေတ် Digital ခေတ်ကြီးထဲမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအချို့ဟာ IT နည်းပညာတွေကိုကောင်းစွာ အသုံးချပြီး ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်နေကြတာလည်းဖြစ်ပါတယ်။Digital ခေတ်ကြီးထဲမှာ website ရဲ အခန်းကဏ္ဌကလည်း အလွန်အရေးပါ အရာရောက်လာခဲ့ပြီး နိုင်ငံစီးပွားရေးကို ခေတ်မီအောင် ဆွဲခေါ်မြင့်တင် လာနိုင်တာကိုလည်းတွေ့ရပါတယ်။ဒီတစ်ခါမှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် website ရှိဖို့ဟာ ဘယ်လောက်အရေးကြီးတယ်၊ website တွေနဲ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေတွေကိုဘယ်လိုမြင့်မားလာအောင်စွမ်းဆောင်နိုင်တယ်ဆ်ုိတာလေး တွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက် Website နဲ့ပက်သတ်တဲ့ အခြေခံ ဗဟုသုတအချက်အလက်လေးများကိုလည်း ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

Image Source : http://www.it-serabutan.com

Website အကြောင်းပြောတော့မယ်ဆိုရင် Website တွေဟာ ဘာလုပ်လို့ရလဲ? ဘာလုပ်ပေးနိုင်လို့လဲ ဆိုတဲ့ မေးခွန်းတွေအရင် ပေါ်လာမယ်ထင်ပါတယ်။
Website ကို definition ဖွင့်မယ်ဆိုရင်တော့ “a set of related web pages located under a single domain name” လို့ ဆိုပါတယ်။
နည်းပညာစကားလုံးအသုံးအနူှန်းတွေပါနေတဲ့အတွက် သာမာန်လူနားလည်လွယ်အောင် အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု နဲ့ပက်သက်တဲ့ စာတွေ၊ ဗွီဒီယိုတွေ စတဲ့သတင်းအချက်အလက် အကြောင်းအရာတွေကိုထည့်သွင်းနိုင်ပြီး မိမိဆီကို ဘယ်နေရာ ပဲ ရှိနေ၊ ရှိနေ Internet ရှိတဲ့ သူတိုင်းက ချက်ခြင်း အလွယ်ကူဆုံး၊အမြန်ဆုံး တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေ ထည့်သွင်းထားနိုင်တဲ့ အရာကြီးတစ်ခုပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက် website ကမရှိမဖြစ်ဘာလို့အရေးကြီး နေရသလဲဆိုတာလေးလည်း တစ်ချက်ပြန်သုံးသပ်ကြည့်ရအောင်ပါ။ ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းကြီးတွေမှ အစ သာမန်ဝင်ငွေအဆက်အပြတ်ပေးနေနိုင်သောအသေးစားစီးပွားရေးလုပ်ငန်းလေးတွေထိ ကိုယ်ပိုင်website တွေရှိကြပါတယ်။ပြောချင်တာကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတိုင်း website ရှိကိုရှိကြပါတယ်။
ဒါဆိုဘာလို့ website ကအဲ့သလောက်တောင်အရေးပါနေရတာလဲ? ဘာတွေများအဲ့သလောက်တောင်စွမ်းဆောင်ပေးနေနိုင်လို့လဲ ဆ်ိုတာသိချင် ကြမှာအမှန်ပါ။
ကျွန်တော်ပြောပြပါ့မယ်။

Website ဟာ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်ပြီး ရှိ ရှိသမျှ သမာရိုးကျ Traditional ကြေညာစာရွက်တွေ၊ လက်ကမ်းစာစောင်တွေ၊ ပန်းဖလက် တွေ အားလုံးထက် စုံလင် အောင် ပြသနိုင်ပါတယ်။လူတွေဆီလည်း ပိုများများရောက်စေ၊သိစေနိုင်ပါတယ်။ ပုံတွေ စာတွေ၊ ဗွီဒီယိုတွေနဲ ့ အကြောင်းအရာအချက်အလက်စုံစုံလင်လင်နဲ့ လူတကာစိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးပြီး ကြေညာပြသနိုင်ပါတယ်။ အဲဒီအပြင် ကိုမှ Website မှာ မိမိဆီကိုကို အမြန်ဆုံး တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေ ထည့်သွင်းထားနိုင်တဲ့အတွက် Internet အသုံးပြုတတ်တဲ့ ကိုယ့်ရဲ့ customer အားလုံးဟာ ချက်ခြင်း အလွယ်ကူဆုံး ကြည့်ရူှနိုင် လေ့လာနိုင် ဝယ်ယူဖို့ဆက်သွယ်နိုင်ပါတယ်။ ဒါတွေကြောင့်စီးပွားရေး လုပ်ငန်းတိုင်း အတွက် Website ဟာမရှိမဖြစ်နီးပါးကိုလိုအပ်တာပါ။

Image Source : http://gailberryquilts.ca

ယနေ့ကဲ့သို့သော ပြိုင်ဆိုင်မူှပြင်းထန်တဲ့ စီးပွားရေးလောကထဲမှာ မိမိရဲ့ brand တစ်ခု၊ သို့မဟုတ် Product ကုန်ပစ္စည်းတစ်ခု ၊သို့မဟုတ် မိမိလုပ်ငန်းတစ်ခု ရေရှည်တည်တံခိုင်မြဲ ပြီး အောင်မြင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးရပါမလဲလို့ စဉ်းစားကြတဲ့နေရာမှာ website ရှိခြင်းရဲ့အခန်း ကဏ္ဌဟာ အဓိကအရေးကြီးဆုံးနေရာကနေပါဝင်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ စီးပွားရေးတစ်ခုဟာ ကိုယ်ပိုင် Website တစ်ခုမဖြစ်မနေကိုရှိရပါမယ်။

IT နည်းပညာတွေထွန်းကားလာတဲ့ခေတ်ကြီးထဲမှာ စီးပွားရေးလုပ်ငန်းတွေဟာ Traditional Marketing ကနေ Digital Marketing ကို အသွင်ပြောင်း ပြီး Market ရှာဖွေလာကြတာကိုတွေ့မြင်ရပါတယ်။ Website ဆိုတာဟာလည်း ယနေ့ခေတ် ခေတ်စားနေတဲ့ Digital Marketing ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒါဖြင့် အချို့ အချို့သော စီးပွားရေးလုပ်ငန်းရှင်အချို့က မိမိလုပ်ငန်းမှာWebsite မထားရှိဘူး၊ အသုံးမပြုဘူးဆိုရင် ဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းမျိုးကို အရမ်းသိလိုကြတာတွေ့ရပါတယ်။
အဲ့ဒီအတွက်လည်း အဖြစ်နိုင်ဆုံးအဖြေကို ပေးချင်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုအတွက် Website မရှိရင်ဘာဖြစ်မလဲဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ပြိုင်ဘက် စီးပွားရေး လုပ်ငန်းတွေက website ကို ကောင်းကောင်းသုံးနေကြပြီ ဆိုရင်တော့ မိမိစီးပွားရေးလုပ်ငန်းရေရှည်အောင်မြင်မူှအတွက် ပြသာနာရှိလာမှာအမှန်ပါ။ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ပြိုင်ဖက် စီးပွားရေးလုပ်ငန်းတွေဟာ မိမိထက် သက်သာ မြန်ဆန်တဲ့ နည်းနဲ့ အသုံးပြုရငွေနည်းနည်းနဲ့ မိမိထက်များပြားတဲ့ ဖောက်သည်တွေ ရရှိနေမှာ မို့ပဲပါတယ်။ ဒါပေမယ့် website အသုံးမပြုတဲ့ စီးပွားရေးလုပ်ငန်းတစ်တစ်အနေနဲ့  ခေတ်နောက်ကျကျန် ခဲ့မှာဖြစ်ပြီး သိသာမြင်သာတဲ့ နောက်ထပ်အကျိုးယုတ်မူှတစ်ခုလည်းရှိလာနိုင်ပါတယ်။ဒါကတော့ ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာစွာ ပြောင်းလဲတိုးတက်လာခေတ်ကြီးထဲမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်း တွေ အတွက်နိုုင်ငံတကာကလုပ်ငန်းရှင်တွေ၊ရင်းနှီးမြုပ်နှံလိုသူတွေဟာ  မြန်မာနိုင်ငံက မိမိလိုစီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်ချင်လာတဲ့အခါ လုပ်ငန်းချင်းတူရင်တောင် Website မရှိတဲ့လုပ်ငန်းထက် Website ရှိတဲ့ မိမိရဲ့ စီးပွားရေးပြိုင်ဘက်တွေ ဆီကို သွားရောက် ရင်းနှီးမြုပ်နှံသွားနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအနေနဲ့ သူတို့နိုင်ငံတွေမှာ Business Website အသုံးပြုခြင်းဓလေ့ ထွန်းကားပြီး ၎င်းတို့ကိုယ်တိုင်လည်း Website ရှိတဲ့ စီးပွားရေးလုပ်ငန်းဟာ ပိုမိုယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ ယုံကြည်မူှကိုပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါအပြင့် ခေတ်မီတဲ့ ဝယ်ယူသူ၊ ဖောက်သည် customer တွေအနေနဲ့လည်း ဝယ်သူရလွယ်ကူဖို့၊ သိချင်တာတွေစုံစမ်းဖို့၊ အလွယ်တကူ ဝင်ရောက်ကြည့်ရူှလို့ရတဲ့ website ပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဆီကပဲ အသားပေးရွေးချယ်သွားလိမ့်မှာအမှန်ပဲဖြစ်ပါတယ်။

Website မရှိခြင်းအားဖြင့်ကြုံတွေ့ရမယ့်ဆိုးကျိုးတွေ၊ ပြသာနာတွေကိုတင်ပြခဲ့ပြီးတဲ့နောက်မှာ Website ရှိခြင်းအားဖြင့် ရရှိလာနိုင်တဲ့ သိသာမြင်သာ ထင်ရှားတဲ့အကျိုးတရားများကိုလည်း စီစစ်တင်ပြချင်ပါသေးတယ်။
ဒါတွေကတော့……..

(၁) အပိုကုန်ကျငွေတွေ ကိုလျော့ချပေးနိုင်ခြင်း။

– ဆိုလိုချင်တာကတော့ မိမိသုံးလိုက်တဲ့ ငွေပမာဏနဲ့ ထိုက်တန်တဲ့ ရလာဒ်မျိုး ကိုပေးစွမ်းပြီး အပိုကုန်ကျစရိတ်တွေကိုလျော့ချနိုင်တာမို့၊ လုပ်ငန်းရဲ့တခြားလိုအပ်တဲ့နေရာတွေမှာ ငွေပိုသုံးလာနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့ သင့်လုပ်ငန်းကြေညာကို ပုံနှိပ်စာရွက်တွေနဲ့ကြေညာမယ်၊ ရေဒီယို၊ တယ်လီဗေးရှင်း တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ကြေညာထည့်မယ်ဆို ငွေအတော်များများသုံးရပါလိမ့်မယ်။

(၂) ကြေညာမူှထိရောက်ခြင်း။

– ခုခေတ်က IT ခေတ်ဖြသ်နေသည့်အလျှောက် လူအတော်များများဟာ online internet အသုံးများလာကြတာမို့ မိမိရဲ့online website မှာကြေညာမယ်ဆိုရင် ပိုလူသိများ ထိရောက်ပါလိမ့်မယ်။

(၃) ကျေနပ်မူှကိုပေးစွမ်းနိုင်ခြင်း။

– ကိုယ်ပိုင် Website တစ်ခုရှိတဲ့ လုပ်ငန်းတစ်ခု ဟာ customer တွေကိုယုံကြည်စိတ်ချရမူှပေးစွမ်းနိုင်ပါတယ်။ Customer တွေဟာ လူကိုယ်တိုင် သင့်လုပ်ငန်းကို လာရောက်လေ့လာ မေးမြန်းမယ့်အစား သူတို့သိချင်တာ တွေကို အချိန်ကုန်၊လူပင်ပန်းမဖြစ်စေဘဲ သင့် Website ကတဆင့်ကြည့်ရူှလေ့လာနိုင်တဲ့အတွက် ပိုစိတ်ကျေနပ်မူှရရှိစေပါတယ်။

(၄) ကိုယ့်အကြောင်းတွေပြည့်ုပြည့်စုံစုံဖော်ပြပေးနိုင်ခြင်း။

– မိမိ လုပ်ငန်းရဲ့ နာမည်၊ လိုဂို ၊ ဆောင်ပုဒ်မှသည် မိမိရဲ့ service or product တွေထိစုံစုံလင်လင်ဖော်ပြထားနိုင်တဲ့အတွက် အချိန်မရွေး ကိုယ့် လုပ်ငန်းကို ဝင်ရောက်ကြည့်ရူှလေ့လာစေနိုင်ပါတယ်။

(၅) ရောင်းအားတက်လာခြင်း။

– Website ကောင်းတစ်ခုမှာ ပါဝင်ရမယ့် features တွေကိုကောင်းကောင်းအသုံးချပြီး သင့်လုပ်ငန်းကို ကြေညာနိုင်ပါတယ်။ လုပ်ငန်းကိုကောင်းကောင်းလည်ပတ်စေနိုင်ပါတယ်။ အဲ့အတွက် customer တွေတိုးသထက်တိုးလာပြီးရောင်းအားလည်း မြင့်တက်လာပါလိမ့်မယ်။

(၆) သတင်းအချက်အလက်တွေ ပြန်လည်ရယူနိုင်ခြင်း။

– Website ကတဆင့် ကိုယ့်လုပ်ငန်းကို လူဘယ်နှစ်ယောက်ဝင်ကြည့်တယ်၊ Email တွေ၊ message တွေ၊ ဖုန်းcall တွေဘယ်လောက် ရောက်လာတယ်ဆိုတာတွေကို သိရှိနိုင်ပြီး မိမိလုပ်ငန်းကို customer တွေဘယ်လောက်စိတ်ဝင်စားမူှရှိတယ်ဆိုတဲ့အချက်အလက်တွေကိုပြန်လည်ရယူနိုင်ပါတယ်။

(၇)နားလည်လွယ်ပြီး ဆက်သွယ်ရလွယ်ကူခြင်း။

– Website တစ်ခု internet အသုံးပြုလေ့ရှိတဲ့လူတစ်ယောက်အနေနဲ့ အလွယ်တကူနားလည်စေပြီး အသုံးပြုရလွယ်ကူစေပါတယ်။Website ထဲမှာ မိမိ လုပ်ငန်းနဲ့ပက်သက်တဲ့အချက်အလက်တွေကို link များနဲ့တကွ  တစ်စုတစ်စည်းတည်းဖော်ပြပေးနိုင်တဲ့အတွက် မိမိထဲဆက်သွယ်ရလည်းလွယ်ကူစေပါတယ်။

(၈) ဝယ်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခြင်း။

– customer တွေဆီကနေ လိုအပ်တွေ သတင်းအချက်အလက်တွေ၊ အကြံညဏ်တွေကို လက်ခံရယူနို်င်ပြီး ဝယ်သူတွေနဲ့ ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။

(၉) သင့်အားသက်သာစေခြင်း။ဝန်ထမ်းအင်အားချွေတာနိုင်ခြင်း။

– သင့်လုပ်ငန်းနဲ့ပက်သက်တဲ့အချက်အလကိတွေကိုလည်း အချိန်နဲ့တပြေးညီ ပြောင်းလဲနေနိုင်တဲ့အတွက်သင့်ကို အချိန်ကုန်လူပင်ပန်းဖြစ်မူှကနေ သက်သာစေပါလိမ့်မယ်။

(၁၀) စမတ် ကျ တဲ့လုပ်ငန်းတစ်ခုအဖြစ်မြင်စေခြင်း။

– ဆိုလိုချင်တာက သင့် ကုမ္ပဏီ ရဲ့ကောင်းတဲ့အချက်မှန်သမျှကို လူတွေသိအောင် အထောက်အထားခိုင်လုံစွာနဲ့ကြေညာနိုင်ပါတယ်။
သင်ပေးလိုက်တဲ့ သင့်လိပ်စာကဒ်မှာ Website လိပ်စာလေးပါနေတာကိုက customer တွေရဲ့ ယုံကြည်စိတ်ချမူှ၊ အထင်ကြီးလေးစားမူှတွေကို ရယူနိုင်မယ့် ဝှက်ဖဲတစ်ခုပဲ ဖြစ်ပါတယ်။

ခုလို website ရှိထားခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး တွေကိုသင်သိပြီဆိုရင် ဘယ်အရာဟာ မိမိလုပ်ငန်းကို အောင်မြင်တိုးတက်ဖို့အထောက်အကူပြုနိုင်မယ်ဆိုတာကိုသိရှိပြီးဖြစ်မှာပါ။

Website ရှိခြင်းအားဖြင့်ဒီလိုအကျိုးကျေးဇူးတွေရရှိခံစားရမယ်ဆိုတာကို သိရှိနားလည်ပြီး website ထားရှိဖို့ဆုံးဖြတ်လိုက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း website တစ်ခုမှာ ဘာတွေပါလဲ၊ website ကောင်းတစ်ခု ဖြစ်မဖြစ် ဘယ်လို စံနူှန်းတွေနဲ့ရွေးချယ်တိုင်းတာလို့ရတယ်ဆိုတာလေးလည်း ဗဟုသုတအနေနဲ့တင်ပြချင်ပါသေးတယ်။

-Search Engine & Browser
ပထမဆုံးသိသင့်တဲ့ အရာကတော့ Search Engine ပဲ ဖြစ်ပါတယ်။
Search Engine ဆိုတာကတော့ website တွေ၊ Web page တွေကိုရှာဖွေနိုင်ဖို့ အထူးစပယ်ရှယ်ပြုလုပ်ဖန်တီးထားတဲ့ Website တစ်ခုပဲ ဖြစ်ပါတယ်။ဥပမာ Google, Bing, Yandex, DuckDuckGo စတာတွေက search engine တွေဖြစ်ကြပါတယ်။ တော်တော်များများ ဟာ search engine နဲ့ browser ကိုလည်း ရောထွေးတတ်ကြပါတယ်။ တကယ်တော့ဒီနှစ်ခုဟာ မတူညီပါဘူး။Browser ဆိုတာဟာ တကယ်တော့ Webpage တွေကို display ပြသပေးနိုင်တဲ့ software အစိတ်အပိုင်း သာဖြစ်ပါတယ်။

-Webpage & Website
Webpage ဆိုတာ အင်တာနက်စာမျက်နှာတစ်ခု ဖြစ်ပြီး Website ဆိုတာကတော့ Webpage ဆိုတဲ့ အင်တာနက်စာမျက်နှာတွေ စုစည်းပြီး ချိတ်ဆက်ပေးထားတာကိုပြောတာပဲ ဖြစ်ပါတယ်။

-Domain
ဒိုမိန်းဆိုတာ Website သတ်မှတ်ထားတဲ့ Internet address လိပ်စာ ပဲဖြစ်ပါတယ်။
Hosting ဆိုတာကတော့ သိုလှောင်ထားတဲ့နေရာ၊ သိုလှောင်ခန်းပဲ ဖြစ်ပါတယ်။

-Web server
Web server ဆိုတာတော့ Domain နဲ့ Hosting တွေနဲ့ Webpage တွေ သူ့ဟာနဲ့သူ အလုပ်လုပ်ဖို့ စီမံခန့်ခွဲပေးတဲ့ Server computer ကြီးပဲ ဖြစ်ပါတယ်။

-Email & Web Mail
Email ဆိုတာ ကိုအင်တာနက်စာပို့စနစ်လို့ မှတ်သားနိုင်ပြီးတော့
Web Mail ဆိုသည်မှာ မိမိကိုယ်ပိုင် Domain အမည်ပါသော Email အီးမေးလ်အကောင့်ဖြစ်ပါတယ်။ ဥပမာ info@myanmartechpress.com ဟုဆိုပါက ဤအရာသည် ကိုယ်ပိုင် web mail တစ်ခုဖြစ်သည်။

ဆက်လက်ပြီး Website package တွေမှာ ပါဝင်တဲ့ အချက်အလက်တွေ၊ Website ကောင်းတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေကိုပြောပြချင်ပါတယ်။

Domain – Domain ဆိုတာကတော ့အထက်မှာပြောခဲ့သလိုကိုယ်ပိုင်အင်တာနက် လိပ်စာဖြစ်ပါတယ်။ (ဥပမာ- https://mm.myanmartechpress.com)

SEO – SEO ရဲ့အရှည်ကောက်ကတော့ Search Engine Optimizationဖြစ်ပြီး သူရဲ့ functionကတော့ မိမိwebsite ကို Google တွင် ရှာသောအခါ ပထမဆုံးစာမျက်နှာတွင် ပေါ်လာစေဖို့ ပြုလုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။

Disk Space – Website ပေါ်တွင် ပုံနှင့်စာများတင်နိုင်မည့် ပမာဏဖြစ်ပါတယ်။

Bandwidth – တစ်လလျှင် ဝင်ကြည့်နိုင်သောပမာဏအကန့်အသတ် ဖြစ်ပါတယ်။ Bandwidth ကို 1GB အဖြစ်သတ်မှတ်ကန့်သတ်ထားတယ်ဆိုလျှင်တစ်လအတွင်းဝင်ကြည့်တဲ့ပမာဏ 1GB ကျော်တဲ့အခါ website ကို ဖွင့်လို့ရတော့မှာမဟုတ်ဘဲနောက်တစ်လမှသာဖွင့်လို့ရနိုင်မှာဖြစ်ပါတယ်။ Unlimited Bandwidth ဆိုလျှင်တော့ အကန့်အသတ်မရှိဝင်ကြည့်နိုင်ပြီး website ဖွင့်မရခြင်း၊ မတက်ခြင်းများလုံးဝဖြစ်ပေါ်မှာမဟုတ်ပါ။

Google Location Map –ဒါကတော့  မိမိလုပ်ငန်းတည်နေရာကို Google Map ဖြင့် website ပေါ်တွင်ဖော်ပြခြင်းဖြစ်ပါတယ်။

Visitor Statistics Account – အချိန်နှင့် တပြေးညီ မိမ website ကို ဝင်ကြည့်သူအရေအတွက်နှင့် ၎င်းတို့ လာကြည့်သောအချိန်၊ နိုင်ငံ၊ တစ်ဆင့်လာကြည့်သော website ၊ Google မှတစ်ဆင့် လာပါက ရှာဖွေတွေ့ရှိသော စကားလုံး၊ စတဲ့ အချက်အလက်များကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Social Integration (Any) – မိမိရဲ့လုပ်ငန်း Social စာမျက်နှာများအား Websiteနှင့် ချိတ််ဆက်နိုင်ခြင်းဖြစ်ပါတယ်။။ Like, share စတဲ့ button များ ထည့်လို့ရပြီးWebsite ပေါ်မှာ Facebook အကောင့်နဲ့comment ဝင်ရောက်ရေးသားနိုင်အောင် ပြုလုပ်လို့ရနိုင်ပါတယ်။

Number of Pages – ဒါကတော့မိမိ website မှာပါရှိတဲ့ စုစုပေါင်းစာမျက်နှာ အရေအတွက်ပဲဖြစ်တယ်။

Web Mail – Web Mail ဆိုတာကတော့အထက်မှာပြောခဲ့သလိုပဲ မိမ Domain အမည်ပါသော အီးမေးလ်အကောင့်ဖြစ်ပါတယ်။

CMS Integration – CMS ဆိုတာ Content Management System ရဲ့ အတိုကောက်ဖြစ်ပြီး  မိမိဝဘ်ဆိုက်ပေါ်ရှိပုံများ၊ စာများကိုမိမိကိုယ်တိုင်ပြင်နိုင်သည့် စနစ် တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ထည့်သွင်းပေးခြင်းကို CMS Integration ဟု ခေါ်တာပဲ ဖြစ်ပါတယ်။

Website Training – မိမိWebsite ကို မိမိကိုယ်တိုင် အလွယ်တကူ ပြင်ဆင်နိုင်အောင် သင်ကြားပေးခြင်းဖြစ်ပါတယ်။

Responsive Design – မိမိWebsite ကို Computer များအပြင် mobile, tablet စတဲ့ စက်ပစ္စည်းမျိုးစုံတို့မှာ  ကြည့်လို့အဆင်ပြေတဲ့  layout ပုံစံကို  အလိုလျှောက် ပြောင်းလဲပေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။  ဝဘ်ဆိုက်အားဝင်ကြည့်သည့် စက်ပစ္စည်း၏ screen အကျယ်ကိုမူတည်၍ ၎င်းအကျယ်နှင့်သင့်တော်သောအထားအသို ပုံစံအနေအထားနဲ့ ပြသပေးတာလို့ မှတ်ယူနိုင်ပါတယ်။

Web Design Customization – Customer စိတ်တိုင်းကျ လိုအပ်ချက်များကို အခြေခံ၍ ပြင်ဆင်ရေးဆွဲပေးခြင်း ဖြစ်ပါတယ်။

Website Optimization – မိမိWebsite ကိုပုံမှန်ထက် လျှင်မြန်ပေါ့ပါးစေရန် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

ဒီလို အချက်အလက် တွေကိုအကြမ်းဖျင်းသိရှိပြီဆိုရင် website ရေးပေးတဲ့ company တွေနဲ့ချိတ်ဆက်ပြီး မိမိ စီးပွားရေးလုပ်ငန်းအတွက် Web developers တွေဆီကို website အပ်နှံလို့ရပြီပဲ ဖြစ်ပါတယ် ။ များသေားအားဖြင့် website ရေးတဲ့ company တွေဟာ website ကို အမျိုးအစားအလိုက် စျေးနူှန်းများသတ်မှတ်ပြီး package များခွဲကာ ရောင်းချလေ့ရှိကြပါတယ်။စျေးနူှန်းအားဖြင့် မြန်မာငွေ ၃ သိန်းလောက်ကနေပြီး ၁၀ သိန်းဝန်းကျင်လောက်ထိ အမျိုးမျိုးရှိတတ်ကြပါတယ်။ website အပ်မယ့်စီးပွားရေးလုပ်ငန့းရှင်များအနေနဲ့ မိမိရဲ့စီပွားရေးလုပ်ငန်းအကြောင်းသေချာရှင်းပြပြီး လိုအပ်ချက်တွေပြောပြရမှာဖြစ်ပါတယ်။ မိမိစီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ data အချက်အလက်များကိုလည်း မှန်မှန်ကန်ကန်စိစစ်ပေးသင့်ပါတယ်။
များသောအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များဟာ မိမိလုပ်ငန်းရဲ့ website တစ်ခုအတွက်ငွေးကြေးများများစားစားအသုံးမပြုလိုကြတာကိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် အဲ့အတွက်ကုန်ကျသွားသောငွေသည် အကောင်းဆုံး ရင်းနှီး မြှပ်နှံမူှတစ်ခုပဲ ဖြစ်ပါတယ်။ Website ကိုအကျိုးရှိရှိအသုံးချပြီး ဆပေါင်းမြောက်မြားစွာသောဝင်ငွေတွေကိုပြန်လည်ရှာဖွေနိုင်တယ်ဆိုတာကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းသိကြပြီးဖြစ်မှာပါ။ ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအားလုံး မိမိ လုပ်ငန်းအတွက်အမှန်တကယ်လိုအပ်တဲ့ website များကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ E-commerce စီးပွားရေးအခန်းကဏ္ဌကြီးကို တစ်ထောင့်တစ်နေရာက ကူညီစွမ်းဆောင်ပေးနိုင်ရန်မျှော်လင့်ရင်းဖြင့် ယခုဆောင်းပါးကို ရေးသားလိုက်ရပါတယ်။