အရောင်းဆိုင်များအတွက် အချိန်ကုန်သက်သာ၊ လွယ်ကူပြီးလျင်မြန်တဲ့ အရောင်းSoftware FusionPOS

အသေးစားလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် စာရင်းဇယားပိုင်းဆိုင်ရာတွေ၊ အရှုံးအမြတ်တွက်ချက်မှုတွေ၊ ပစ္စည်းအဝင် အထွက်စာရင်းတွေကိုလုပ်ဆောင်ရတာကလည်း အင်မတန်ရှုပ်ထွေးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ အရောင်းဆိုင်အသေး စားနဲ့ အလတ်စားဖွင့်လှစ်ရောင်းချနေသူတွေအဖို့ မြန်ဆန်လွယ်ကူတဲ့နည်းလမ်းကောင်းတစ်ခုကို သိရှိထားတဲ့အတွက် အချိန် ကုန်အလုပ်ရှုပ်စရာလည်းမလိုတော့ပါဘူး။
စာရင်းဇယားများ၊ ဝင်ငွေထွက်ငွေများ၊ ကုန်ပစ္စည်းစာရင်း စတဲ့အကြောင်းအရာတွေကို အရောင်းဆိုင်တိုင်းနေ့စဉ်ပြုလုပ်နေ ရတဲ့အတွက် စိတ်ရှုပ်ထွေးမှုတွေဖြစ်စေပါတယ်။ နည်းပညာအကူအညီတစ်ခုအနေနဲ့ လွယ်ကူလျင်မြန်ပြီးအသုံးတည့်လွန်းတဲ့ Software တစ်ခုအစားထိုးအသုံးပြုတာက လူပင်ပန်း၊ စိတ်ပင်ပန်းမှုတွေက များစွာသက်သာစေမှာတော့ သေချာပါတယ်။

Photo Source – https://www.facebook.com/digitalfusionmyanmar/

အခုဖော်ပြပေးမယ့် FusionPOS ကတော့ မြန်မာနိုင်ငံက လက်လီ၊လက်ကား SME လုပ်ငန်းရှင်များအတွက် ရောင်းဝယ်မှုအ ချက်အလက်တွေကို စနစ်တကျသုတေသနပြုလုပ်ထားပြီး သမာရိုးကျရောင်းဝယ်မှုပုံစံကို ခေတ်မှီဆန်းသစ်တဲ့ရောင်းဝယ်မှုပုံ စံအဖြစ် ပြောင်းလဲပေးမယ့် Software တစ်ခုလည်းဖြစ်ပါတယ်။
FusionPOS ရဲ့ လုပ်ဆောင်ချက်တွေကတော့ မိမိဆိုင်၏ အရှုံး/ အမြတ်အခြေအနေ ၊ ရောင်းအားအခြေအနေ ၊ ကုန်ပစ္စည်း ဝယ်ယူထားမှုအခြေအနေ ၊ ဝင်ငွေပမာဏနှင့်ထွက်ငွေပမာဏအခြေအနေအားလုံးကို အချိန်ကာလအပိုင်းအခြားအလိုက် နှိုင်းယှဉ်ဖော်ပြချက်များပါဝင်ပါတယ်။
အရောင်းကဏ္ဍအနေဖြင့် မိမိဆိုင်၏ အရောင်းစာရင်းအားလုံးကို အလွယ်တကူ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊အရောင်း စာရင်းမှတ်တမ်းကို အချိန်မရွေးအသေးစိတ်ကြည့်နိုင်ခြင်း ၊ အရောင်းစာရင်းများကို အလွယ်တကူပြင်နိုင်/ဖျက်နိုင်ခြင်း၊ အ ရောင်းစာရင်း History ကို ကြည့်ရှုနိုင်ခြင်း ၊ အရောင်းပြေစာကို လျှင်မြန်စွာ Print ထုတ်နိုင်ခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

Photo Source – https://www.facebook.com/digitalfusionmyanmar/

အဝယ်ကဏ္ဍအနေဖြင့်လည်း မိမိတို့အရောင်းဆိုင်အတွက် ကုန်ပစ္စည်းများဝယ်ယူထားသော အဝယ်မှတ်တမ်းများကို မိမိတို့ သိလိုသော အချိန်အပိုင်းအခြားအလိုက် စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ အလွယ်တကူပြန်လည်ရှာဖွေနိုင်ခြင်း၊ အဝယ်စာရင်းများကို မိမိတို့စိတ်တိုင်းကျပြင်နိုင်/ဖျက်နိုင်ခြင်း ၊ အဝယ်ပြေစာပါအချက်အလက် အသေးစိတ်ကိုအချိန်မရွေး ကြည့်နိုင်ခြင်း၊ဝယ်ယူခဲ့သောအချိန်နှင့်ငွေပေးချေထားမှုတို့ကိုပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ခြင်းများပါဝင်ပါသည်။

ကုန်ပစ္စည်းကဏ္ဍအနေဖြင့် မိမိတို့အရောင်းဆိုင်ရှိ ကုန်ပစ္စည်းများကို ကုန်ပစ္စည်းအမျိုးအစားအလိုက် လွယ်ကူရိုးရှင်းစွာ ကြည့်ရှုနိုင်ခြင်း၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၏အချက်အလက်များကို အသေးစိတ်ကြည့်နိုင်ခြင်း၊ ပြင်နိုင်/ဖျက်နိုင်ခြင်းတို့အပြင် လက်ကျန်နည်းနေသော ကုန်ပစ္စည်းများကို အချက်ပြပေးခြင်း၊ ပြန်လည်မှာယူရမည့်ကုန်ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြားကြည့်ရှုနိုင်ခြင်း၊ အကြောင်းအမျိုးကြောင့်ပျက်စီးသွားသော ကုန်ပစ္စည်းများကို မှတ်တမ်းတင်ထားနိုင်ခြင်း၊ ပျောက်ဆုံး သွားသောကုန်ပစ္စည်းများကိုပြန်လည်ကြည့်ရှုနိုင်ခြင်းတို့လုပ်ဆောင်နိုင်ပါတယ်။

Photo Source – https://www.facebook.com/digitalfusionmyanmar/

အကြွေးစာရင်းကဏ္ဍအနေဖြင့် မိမိဆိုင်မှရရန်ရှိသော အကြွေးစာရင်းများနှင့်မိမိဆိုင်မှ ပေးရန်ရှိသော အကြွေးစာရင်း များကိုမှတ်တမ်းတင်ထားခြင်း၊ ထိုအကြွေးစာရင်းများကို အလွယ်တကူပြန်လည် ရှာဖွေနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်း၊ ပေးချေ မှုများကိုရက်စွဲအလိုက်တိကျမှန်ကန်စွာပြန်လညိစိစစ်နိုင်ခြင်းတို့ကိုလုပ်ဆောင်နိုင်ပါတယ်။
အဆက်အသွယ်များကဏ္ဍအနေဖြင့် မိမိတို့ဆိုင်နဲ့ပတ်သက်သော Customer များနှင့် Supplier များ၏ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကိုစနစ်တကျမှတ်သားထားနိုင်ပြီးလွယ်ကူလျှင်မြန်စွာဆက်သွယ်နိုင်ပါတယ်။

Photo Source – https://www.facebook.com/digitalfusionmyanmar/

ဝင်ငွေထွက်ငွေစာရင်းကဏ္ဍမှာတော့ မိမိတို့ဆိုင်မှရရှိသော ဝင်ငွေများနှင့် မိမိတို့ဆိုင်အတွက် သုံးစွဲထားသော ထွက်ငွေ များကို စနစ်တကျခွဲခြား မှတ်တမ်းတင်ထားနိုင်သလို မှတ်သားထားသော ဝင်ငွေထွက်ငွေများကို အချိန်ကာလခွဲခြားပြီး ပြန်လည်စိစစ်နိုင်ပါတယ်။
အစီရင်ခံစာများကဏ္ဍမှာတော့တွင် အရောင်းဆိုင်တစ်ခုအတွက် ရှုထောင့်စုံမှအစီရင်ခံတင် ပြပေးထားသော အစီရင်ခံစာ ပေါင်း (၃၀)ကျော်ဖြင့် မျိုးဖြင့် အစီရင်ခံတင်ပြထားပါတယ်။ အရောင်းအစီရင်ခံစာများ၊ အဝယ်အစီရင်ခံစာများ၊ ကုန်ပစ္စည်းအစီရင်ခံစာများ၊အကြွေးအစီရင်ခံစာများနှင့်ငွေစာရင်းအစီရင်ခံစာများပါဝင်ပါတယ်။

Photo Source – https://www.facebook.com/digitalfusionmyanmar/

စနစ်ထိန်းသိမ်းခြင်းကဏ္ဍမှာလည်း လုပ်ငန်းထိန်းချုပ်ခြင်း၊ပြေစာနံပါတ်သတ်မှတ်ခြင်း၊ ပြေစာပုံစံသတ်မှတ်ခြင်း၊ မြန်မာစာ စနစ်သတ်မှတ်ခြင်း၊ လျှော့ငွေသတ်မှတ်ခြင်းငွေကြေးသတ်မှတ်ခြင်း၊အခွန်သတ်မှတ်ခြင်း၊ ယူနစ်သတ်မှတ်ခြင်း၊ ကုန်အုပ်စု သတ်မှတ်ခြင်း၊ အချက်အလက်များစီမံခြင်း ၊အမြင်ပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။ အရေးကြီးတဲ့ Report တွေကို E-mail ပို့ခြင်း၊ Excel Export ထုတ်ခြင်း၊ Printer ထုတ်ခြင်းများ ကိုလည်း ပြုလုပ်နိုင်ပါတယ်။ မြန်မာဘာသာဖြင့်အသုံးပြုနိုင်ပြီး အခမဲ့ ၁၄ ရက်စမ်းသပ်အသုံးပြုနိုင်ပါတယ်။
အသုံးပြုအသေးစိတ်ကိုလည်း FusionPOS Facebook Page မှာထပ်မံကြည့်ရှုနိုင်ပါတယ်။
အောက်ပါ Link မှ ဝင်ရောက်လေ့လာအသုံးပြုနိုင်ပါတယ်။
https://www.facebook.com/digitalfusionmyanmar/