MPT ၏ Digital ပညာရေးဝန်ဆောင်မှုများအနက် ရွှေနားဆင်အသံထွက်ဝတ္တုစာအုပ်ဝန်ဆောင်မှုထပ်မံထည့်သွင်းမိတ်ဆက်

MPT ၏ ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများတွင် Smart Kids ဝန်ဆောင်မှု၊ M-Learning ဝန်ဆောင်မှုနှင့်တက်လမ်းပညာ ရေးဝန်ဆောင်မှုများမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပြီး ယခုအခါ ရွှေနားဆင်အသံထွက်ဝတ္တုစာအုပ်ဝန်ဆောင်မှုကိုထပ်မံထည့်သွင်း လိုက်ပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျင်းပပြုလုပ်သော ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများမိတ်ဆက်ပွဲအ ခမ်းအနားမှသိရသည်။

Photo Source by Myanmar Tech Press

ရွှေနားဆင်အသံစာအုပ်ဝန်ဆောင်မှုသည် MPTနှင့်ပြည်တွင်းမှ တီထွင်ဖန်တီးမှုရှိသည့် ရှေ့ဆောင်သတင်းနည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Bagan Innovation Technology ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအတွက် သီးသန့်ဖန်တီးထားသည့် အသံစာအုပ် များအား Mobile App မှသော်လည်းကောင်း၊ http://www.shwenarsin.com မှာသော်လည်းကောင်း ဝင်ရောက်နားဆင် နိုင်မည်ဖြစ်ပြီး ဝတ္တုတိုပေါင်း (၆၅၀) ကျော်နှင့် ဝတ္တုရှည်ပေါင်း (၃၀) ကျော်ကို အသံထွက်ကျွမ်းကျင်တင်ဆက်သူများမှ ဖတ် ပြထားသည်များကို နားဆင်နိုင်မည်လည်းဖြစ်သည်။
အဆိုပါ ဝန်ဆာင်မှုတွင်ထည့်သွင်းဖော်ပြထားသောစာအုပ်များမှာလည်း ခရီးသွားစာပေ၊ ဘာသာပြန်၊ စီးပွားရေး၊ တိုးတက် ရေး၊ အချစ်၊ ဆောင်းပါး၊ သဲထိတ်ရင်ဖို စသည့်အကြောင်းအရာများစွာပါဝင်မည်ဖြစ်ပြီး စာဖတ်ဝါသနာပါသူများအနေဖြင့် အ ခြားအလုပ်များလုပ်နေရင်းမှာပင် မိမိနှစ်သက်ရာစာအုပ်များကို အသံဖြင့်နားဆင်နိုင်ကြောင်းလည်းသိရသည်။

Photo Source by Myanmar Tech Press

အဆိုပါ အသံစာအုပ်များကို နားဆင်လိုတဲ့သူများအနေဖြင့်လည်း 8536 ကို ON ဟု SMS ပေးပို့ပြီးအသံစာအုပ်အားလုံးကို ဈေးနှုန်းသက်သာသည့်နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်ဖြင့်နားဆင်နိုင်မည်လည်ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို ရွှေနားဆင်အသံစာအုပ် Mobile Application တွင်နားဆင်နိုင်ပြီး http://www.shwenarsin.com တွင်လည်းနားဆင်နိုင် ကြောင်းသိရသည်။
“MPT အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မိုဘိုင်းဝန်ဆောင်မှုတွေသုံးစွဲတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းရာမှာ သူတို့ဘဝတွေအတွက် ပိုမိုတိုးတက်ကောင်းမွန်စေတဲ့ ဝန်ဆောင်မှုတွေ၊အချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိအသုံးပြု နိုင်စေဖို့အတွက် နည်းလမ်းတွေ အမြဲတမ်း ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး၊ ဒီကုမ္ပဏီတွေရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသလို၊ တစ်ချိန်တည်းမှာပဲ တမူထူးခြားတဲ့ ပြည် တွင်းက အသုံးပြုသူတွေရဲ့ အကြိုက်နဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အရည်အသွေးရှိတဲ့ အချက်အလက်နဲ့ဝန်ဆောင်မှု တွေကို ဖန်တီးနိုင်မယ့် အရည်အချင်းကိုလည်း ဖော်ထုတ်ပေးနိုင်ဖို့ အတွက် MPT ကဆောင်ရွက်ပေးနေပါတယ်။ ပညာရေးဟာ လူမှုဘဝဖွံ့ဖြိုးမှုမှာ အင်မတန်မှအရေးပါလှပါတယ်။ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ် ပညာရေး ဝန်ဆောင်မှုဟာဆိုရင် မြန်မာနိုင်ငံက လူငယ်တွေ အတွက် အခွင့်အလမ်းတွေကို အပြည့်အဝ ရရှိလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ ကျွန်တော်တို့ရဲ့ 3G/4G LTE ကွန်ရက်ကနေတစ်ဆင့် ပြည်သူတွေရဲ့ ဘဝတွေကို အကျိုးသက်ရောက်မှုရှိပြီး၊ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဖြန့်ချိပေးနိုင်လိမ့် မယ်လို့မျှော်လင့် ထားပါတယ်”ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှပြောကြားသည်။

Photo Source by Myanmar Tech Press

MPT မှဝန်ဆောင်မှုများဖြစ်သည့် Smart Kids ဝန်ဆောင်မှုကိုလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်စတင်မိတ်ဆက် ခဲ့ပြီး အဆိုပါဝန်ဆောင်မှုတွင် ကလေးများကြိုက်နှစ်သက်စေသည့် ပျော်ရွှင်စရာသီချင်းများ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင် သောရုပ်ပြများ၊ ရာသီခွင်အကြောင်းအရာများ၊ ဉာဏ်ရည်စွမ်းအားကောင်းစေသည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင် ရာအကြံပြုချက်များ၊ အထွေထွေဗဟုသုသများပါရှိပြီး ဝန်ဆောင်မှုရယူလိုပါက 8733 သို့ ON ဟုစာသားပေးပို့နိုင်ကြောင်း သိရသည်။ ဝန်ဆောင်မှုအသုံးပြုခအနေဖြင့် တစ်ရက်လျှင် ၁၅၀ ကျပ်ကျသင့်မည်ဖြစ်ပြီး https://www.my-smartkids.com တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source by Myanmar Tech Press

M-Learning ဝန်ဆောင်မှုကိုလည်း ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်တွင်စတင်မိတ်ဆက်ခဲ့ပြီး အင်္ဂလိပ်စာလေ့လာနိုင်သည့် ကဏ္ဍ (၆) မျိုးပါဝင်ပြီး ဝန်ဆောင်မှုရယူလိုပါက 8282 သို့ ON ဟုပေးပို့နိုင်ကြောင်းလည်းသိရသည်။ တစ်ရက်လျှင် ၁၅၈ ကျပ် ကျသင့်မည်ဖြစ်ပြီး http://engclass.up.st တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကိုလည်း ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်တွင်စတင်မိတ်ဆက်ခဲ့ပြီး ဝန်ဆောင်မှုများအ နေဖြင့် အထွေထွေအင်္ဂလိပ်၊ စီးပွားရေးအင်္ဂလိပ်၊ ဈေးကွက်စီမံခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျုတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် အကြောင်းအရာများပါဝင်ကြောင်းလည်းသိရသည်။ အဆိုပါ ဝန်ဆောင်မှုကိုရယူလိုသူများအနေဖြင့်လည်း 8228 သို့ ON ဟု စာသားပေးပို့ရယူနိုင်ပြီး တစ်ရက်လျှင် ၁၀၅ ကျပ် ကျသင့်မည်လည်းဖြစ်သည်။ https://tatlanapp.com or http://tl.lotayamm.com တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။