အိမ်၊ တိုက်ခန်းများ မွမ်းမံပြင်ဆင်ဖို့ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အခမဲ့ချိတ်ဆက်ပေးတဲ့ Hive Phing

ရန်ကုန်မြို့ပေါ်မှာနေထိုင်တဲ့သူတွေအဖို့တော့ နေ့စဉ်နဲ့အမျှဆိုသလို မီးပြဿနာ၊ ရေပြဿနာ၊ အဲကွန်းပြဿနာတွေရင်ဆိုင် ဖြေရှင်းနေရတာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုပါပဲ။ တိုက်ခန်းတွေမှာနေရသူတွေအဖို့လည်း ရေပိုက်ပိတ်ဆို့မှုပြ ဿနာမကြာခဏဆိုသလို ကြုံတွေ့တတ်ကြပါတယ်။ အဲ့ဒီလိုပြဿနာတွေနဲ့ ကြုံတွေ့လာရပြီဆိုရင်လည်း ပြန်လည်ပြုပြင် ပေးနိုင်မယ့်သူ၊ အချိန်တိုအတွင်းအမြန်ဆုံးဖြေရှင်းပေးနိုင်မယ့်သူကို လိုက်လံရှာဖွေရတာလည်း အဆင်မပြေတဲ့အခါမျိုးတွေ ရှိတတ်ကြပါတယ်။ ပြန်လည်ပြုပြင်ပေးမယ့်သူတွေ့ပြန်ရင်လည်း စိတ်တိုင်းမကျတာ ခဏခဏပြန်ခေါ်ပြီး ပြုပြင်နေရတာမျိုး ကလည်း စိတ်မောလူမောဖြစ်စေတာအမှန်ပါပဲ။

Photo Source – https://www.facebook.com/hivephing.projectinfo/

ဒါ့အပြင် အဆောက်အဦးပိုင်းဆိုင်ရာ ဆေးအရောင်မှိုင်လာလို့ပြုပြင်ချင်သူတွေ၊ အခန်းတွင်းအလှဆင်လိုသူတွေရှိကြမှာပါပဲ။ အဲ့ဒီအတွက်လည်း လက်ရာကောင်းမွန်သေသပ်တဲ့ လုပ်ငန်းကျွမ်းကျင်သူကို မဖြစ်မနေရှာဖွေလုပ်ကိုင်ကြရမှာလည်းဖြစ်ပါ တယ်။ အထူးသဖြင့် အိမ်ခေါင်မိုး ရေယိုစိမ့်မှုပြဿနာတွေဖြစ်ပေါ်လာပြီဆိုရင်လည်း ဖြေရှင်းရခက်တဲ့အခါမျိုးတွေ ပေါ်လာတတ်ကြပြန်ပါတယ်။ အဲ့ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ပြဿနာတွေဖြစ်တဲ့အတွက် အလွယ်တကူဖုန်းဆက် ခေါ်ယူ ပြုပြင်လို့ရနိုင်မယ့်နေရာသိထားရင်တော့အဆင် ပြေသွားနိုင်သလို မသိထားရင်တော့ အချိန်တော်တော်ကြာအထိ သောကများရတတ်ပါတယ်။

Photo Source – https://www.facebook.com/hivephing.projectinfo/

အိမ်တွေ၊ တိုက်ခန်းတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးအမွှားပြဿနာအားလုံးကို အလွယ်တကူဖြေရှင်းနိုင်တဲ့ Hive Phing ဝန်ဆောင်မှုတစ်ရပ်နဲ့အလွယ်တကူဖြေရှင်းပေးနိုင်သလို အလွယ်ကူဆုံးနည်းလမ်း ၊ မြန်ဆန်တဲ့ဆက်သွယ်မှုများနဲ့ တိကျခိုင် မာသောဈေးနှုန်းတွေနဲ့အတူ ကျွမ်းကျင်ပိုင်နိုင်သောဝန်ဆောင်မှုများဆီသို့ ဆက်သွယ်ပေးနိုင်သည့် တစ်ခုတည်းသောလမ်း ကြောင်းသစ်တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hivephing.projectinfo/

Hive Phing ကတော့ နေအိမ်၊ တိုက်ခန်း ပြင်ဆင်မွမ်းမံဖို့၊ ကျွမ်းကျင်လုပ်သားများဖြစ်တဲ့ပန်းရံသမား၊ လက်သမား၊ မီးသမား၊ ရေပိုက်သမား၊အဲကွန်းသမား၊ ကြမ်းခင်းသမား၊ ဆေးသုတ်သမား၊အလူမီနီယံသမား အစရှိတဲ့အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်တဲ့သူများနဲ့ အခမဲ့လွယ်ကူလျင်မြန်စွာဆက်သွယ်ချိတ်ဆက်ပေးနေတဲ့အတွက် အချိန်ကုန်ကျမှုသက်သာစေတာတော့ အမှန်ပါပဲ။

Photo Source – https://www.facebook.com/hivephing.projectinfo/

တိုက်ခန်းများအားပြန်လည်ပြင်ဆင်လိုသူတွေ၊ အဆောက်အအုံများအတွက် လိုအပ်သောပစ္စည်းများကိုတပ်ဆင်ချင်သူတွေ၊ အတွက် လိုအပ်ချက်များကို မှန်ကန်သော suppliers များနဲ့ချိတ်ဆက်ပေးရုံသာမကပစ္စည်းမှန်၊ ဈေးနှုန်းမှန်သော ဝန်ဆောင် မှုများကို Hive Phing မှကူညီဆောင်ရွက်ပေးလျက်ပေးပါတယ်။ Hive Phing ရဲ့အဓိကရည်ရွယ်ချက်ကလည်း ဝန်ဆောင်မှု ရယူလိုသူနဲ့ Supplier ကြားမှာခိုင်မာတဲ့ကွန်ယက်တစ်ခုကို တည်ဆောက်ပေးခြင်းဖြစ်ပြီး အိမ်၊ တိုက်ခန်းများနဲ့ပတ်သက်တဲ့ အခက်ခဲများကို မှန်ကန်သောရွေးချယ်မှုနဲ့ အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/hivephing.projectinfo/

အဆောက်အဦးသစ်တွေ ဆာက်လုပ်ပေးခြင်းအပြင် အဆောက်ဦးဟောင်းတွေကိုလည်း စိတ်တိုင်းကျတဲ့ထိ ပြုပြင်မွမ်းမံပေး သလို အိမ်တွင်းလှပသေသပ်အောင် အိမ်တွင်းအလှဆင်ခြင်း(Interior Design) အတွက်လည်း ကျေနပ်နှစ်သက်မှုရှိစေမှာ လည်းဖြစ်ပါတယ်။ ရေလိုင်း၊ မီးလိုင်း သွယ်တန်းတပ်ဆင်ခြင်းတွေမှာလည်း စနစ်ကျလုံခြုံစိတ်ချမှု အပြည့်အဝပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်များကိုသာ ချိတ်ဆက်ပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
သိထားလိုသည်ပဲဖြစ်ဖြစ်၊ ဆက်သွယ်စုံစမ်းချင်ရင်ဖြစ်ဖြစ် အောက်ဖော်ပြပါ ဖုန်းနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်။
09773777445၊ 09456114442
အောက်ပါ Link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/hivephing.projectinfo/
https://hivephing.com/