Facebook Page များအတွက် မြန်ဆန်တဲ့ဖြေကြားမှု Chatbot တွေကိုအခမဲ့တည်ဆောက်ပေးတဲ့ EXPA.AI

မြန်မာနိုင်ငံမှာ Social Media ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာ Facebook Page တွေပြုလုပ်ပြီး Online Shopping လုပ်ငန်း တွေလည်းများစွာခေတ်စားလာခဲ့သလို အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းအားလုံးအနေနဲ့လည်း Facebook Page တွေ၊ Website တွေပြုလုပ်ကာ မိမိတို့လုပ်ငန်းလူသိများစေဖို့နဲ့ လုပ်ငန်းပိုင်းဆိုင်ရာဆက်သွယ်မှုကွန်ယက်တစ်ခုအဖြစ်ပြုလုပ်လာခဲ့ပါတယ်။ အဲ့ဒီလိုပြုလုပ်ခြင်းဟာလည်း လုပ်ငန်းအတွက်များစွာအကျိုးရှိသလို customer များရဲ့လိုအပ်ချက်ကိုလည်း ထိထိရောက် ရောက်ဖြည့်ဆည်း ပေးနိုင်ခြင်းတစ်ခုပါပဲ။

Photo Source – https://www.facebook.com/getexpa/?epa=SEARCH_BOX

Facebook Page တစ်ခုပြုလုပ်ပြီး customer နဲ့တိုက်ရိုက်ထိတွေ့ပြောဆိုရတဲ့လုပ်ငန်းမျိုးတွေအတွက် အလိုအလျောက်ပြန် လည်ဖြေကြားတဲ့လုပ်ဆောင်ချက်ဟာ ပိုမိုထိရောက်သလို အချိန်ကုန်ကျမှုသက်သာစေပါတယ်။ လုပ်ငန်းပိုမိုကျယ်ပြန့်စေဖို့ အတွက်လည်း နည်းလမ်းကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ တချို့လုပ်ငန်းငယ်လေးတွေကတော့ customer တွေမေးမြန်းလာတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ဖြေကြားခြင်းစနစ်ကို အသုံးပြုနေကြပေမယ့် လုပ်ငန်းပိုမိုကျယ်ပြန့်တဲ့ သူတွေအတွက်တော့ အလိုအလျှောက်ပြန်လည်ဖြေကြားပေးတဲ့ Chatbot တွေကိုထည့်သွင်းအသုံးပြုနေကြပါပြီ။

Photo Source – https://www.facebook.com/getexpa/?epa=SEARCH_BOX

နည်းပညာအဆင့်မြင့် Software တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မိမိတို့ရဲ့လုပ်ငန်းပိုမိုမြန်လည်ပတ်ဖို့အတွက် နည်းပညာအကူအညီတွေကလည်း များစွာလိုအပ်နေဆဲပါပဲ။ ခုဖော်ပြမယ့် EXPA.AI ကတော့ Facebbook Page ပြုလုပ်ပြီး စီး ပွားရေးလုပ်ငန်းလုပ်ကိုင်နေသူနေတဲ့ သူတွေအတွက် အထူးသင့်လျှော်တဲ့ နည်းပညာမြင့် Software တစ်ခုလည်းဖြစ်ပါတယ်။
EXPA.AI ဆိုတာကတော့ Messenger၊ Viber အစရှိတဲ့ Messaging App တွေမှာ ကုမ္ပဏီ၊ အမှတ်တံဆိပ်၊ ထုတ်ကုန်တွေ အကြောင်းကို စားသုံးသူတွေက လာမေးတဲ့အခါမှာ၊ အလိုအလျောက်ပြန်လည်ဖြေကြားပေးမယ့် Smart ဖြစ်တဲ့ Chatbot တစ်ခုကို မိနစ်အနည်းငယ်အတွင်းမှာပဲ ကိုယ်တိုင်ပြုလုပ်နိုင်မယ့်နည်းပညာမြင့် software တစ်ခုဖြစ်ပါတယ်။ အဆင်မြင့် Artificial Intelligence (AI) နည်းပညာကို၊ အချိန်ကုန်ငွေကုန်သက်သာစွာနဲ့၊ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးတည်ဆောက် နိုင်အောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/getexpa/?epa=SEARCH_BOX

EXPA.AI ကို ၂၀၁၆-၂၀၁၇ ခုနှစ်ကတည်းက Samsung၊ OPPO၊ The Pizza Company အစရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးများကအသုံးပြုခဲ့ကြပြီး၊ ယခုအခါမှာတော့ လုပ်ငန်းရှင်တိုင်း အသုံးပြုနိုင်အောင်ရန် လုပ်ဆောင်ချက်အသစ်များထည့် သွင်းပြီးပြန်လည်စတင်မိတ်ဆက်လိုက်ခြင်းလည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ Page ကို www.expa.ai တွင် “အခမဲ့” ချိတ်ဆက်ပြီး တော့လည်းChatbotတစ်ခုကိုရယူနိုင်ပါတယ်။

Photo Source – https://www.facebook.com/getexpa/?epa=SEARCH_BOX

Chatbot တစ်ခုကို ကိုယ်တိုင်တည်ဆောက်ဖို့ခက်ခဲနေတဲ့သူတွေအတွက်လည်း ဖုန်းဆက်အကြောင်းကြားရုံနဲ့ EXOA.AI ရဲ့ ကျွမ်းကျင်တဲ့ Chatbot တည်ဆောက်သူတွေက ကူညီဆောင်ရွက်ပေးပါတယ်။ Facebook page ကို ဝင်လာတဲ့ message တွေကို မြန်မြန်ဆန်ဆန်ဖြေကြားပြီး customer service ၂၄ နာရီ ပေးနိုင်ဖို့ပိုမိုလွယ်ကူစေပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာ သာနှစ်မျိုးနဲ့အသုံးပြုလို့ရအောင် ပြလုပ်ပေးတဲ့အတွက် အဆင်ပြေစေပါတယ်။
facebook page မှာ နေ့တိုင်း customer တွေရဲ့မေးခွန်းတွေပဲ ဖြေနေရလို့ အခြားအလုပ်တွေလုပ်ဖို့ အခက်အခဲရှိနေတဲ့သူတွေ၊ မတူညီတဲ့မေးခွန်းတွေကို မတူညီတဲ့ customer တွေဆီ ထပ်ခါထပ်ခါဖြေနေရလို့ ပင်ပန်းနေတဲ့သူတွေ၊ message တွေကို reply လုပ်ဖို့အတွက် အချိန်တွေအများကြီးပေးနေရတဲ့သူတွေအတွက် EXPA.AI ကများစွာအထောက်အကူဖြစ်စေပါတယ်။

Photo Source – https://www.facebook.com/getexpa/?epa=SEARCH_BOX

Expa.AI chatbot အနေနဲ့ Facebook page ကနေတဆင့် မေးမြန်းစုံစမ်းလာတဲ့ customer message တွေကို စက္ကန့်မခြားပဲ အလိုအလျောက်ဖြေကြားပေးနိုင်တာကြောင့် မိမိအတွက်လုပ်ငန်းတွေလည်း ပိုမိုတွယ်ကျယ်စေပါတယ်။ customer တွေကို reply လုပ်ဖို့ သီးသန့်အချိန်ပေးနေစရာမလိုတော့တဲ့အတွက်ကြောင့်လည်း အခြားအလုပ်တွေကို ပိုမိုဆောင်ရွက်လာနိုင်ကြ မှာပါ။ ဒါ့အပြင်customer ရဲ့ စိတ်ကျေနပ်မှုကိုလဲ အပြည့်အ၀ ရရှိစေနိုင်ပြီးတော့ customer တွေအတွက် ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံအသစ်ကိုပါ ပေးစွမ်းနိုင်ပြန်ပါတယ်။
အသေးစိတ်ထပ်မံသိချင်ရင်တော့ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/getexpa/?epa=SEARCH_BOX